2022 Golden Joystick Awards ဆုပေးပွဲမှာ အောင်ပွဲခံနိုင်ခဲ့တဲ့ “Elden Ring”

နိုဝင်ဘာလ(၂၂)ရက်နေ့က ကျင်းပခဲ့တဲ့ (2022 Golden Joystick Awards) ဆုပေးပွဲမှာ ယခုနှစ်ဖေဖော်ဝါရီလ အတွင်းက ထွက်ရှိလာခဲ့တဲ့ Open World Action RPG ဂိမ်း “Elden Ring” က ဆု(၄)ခုအထိ ဆွတ်ခူးနိုင်ခဲ့ပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။
ဒီနှစ်ရဲ့ Golden Joystick Awards ဆုပေးပွဲမှာ ယခုနှစ်အတွင်း ထွက်ခဲ့တဲ့ PC နဲ့ Console Game တွေထဲက ပရိသတ်တွေကြိုက်နှစ်သက်ဆုံးဂိမ်းတွေကို Voting စနစ်နဲ့ရွေးချယ်ပေးခဲ့တာဖြစ်ပြီး ဆုအမျိုးအစားပေါင်း(၂၁)ခုကို ပေးအပ်ခဲ့တာပါ။အဲ့ဒီလိုဆုတွေထဲမှာ Best Multiplayer Game, Ultimate Game of the Year, Critics’ Choice Award, Best Visual Design စတဲ့ဆုတွေကို “Elden Ring” ကရရှိခဲ့သလို Studio of the Year ဆုကိုလည်း “Elden Ring” ကိုဖန်တီးခဲ့တဲ့ FromSoftware ကနေရရှိခဲ့ပါတယ်။
ဒါ့အပြင် PlayStation Game of the Year ဆုကိုတော့ “Stray”, Best Indie Game ဆုကို Cult of the Lamb စတဲ့ ဂိမ်း တွေက ရရှိခဲ့သလို အခြားဆုအမျိုးအစား အများကြီးကိုလည်း ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။ Golden Joystick Awards ဆုပေးပွဲဟာ Gaming Community ထဲမှာ သက်တမ်းအရင့်ဆုံးဆုပေးပွဲတစ်ခုဖြစ်ပြီး (၁၉၈၃)ခုနှစ်ထဲက စတင်ပြီး နှစ်တစ်နှစ်ရဲ့နိုဝင်ဘာလအတွင်းမှာ ကျင်းပလေ့ရှိတဲ့ ဆုပေးပွဲတစ်ခုပါ။
ယခုနှစ်မှာတော့ Golden Joystick Awards ဆုပေးပွဲကြီးဟာ နှစ်ပေါင်း(၄၀)ပြည့်သွားခဲ့ပြီဖြစ်ပြီး ဒီလိုအခမ်းအနားမှာ “Elden Ring” ဂိမ်းက ဆုတွေအများဆုံးသိမ်းပိုက်ခဲ့ပြီး အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။
ယခုနှစ်မှာ Golden Joystick Awards ဆုပေးပွဲကြီးမှာ ချီးမြှင့်သွားတဲ့ဆုတွေကတော့…….
Best Storytelling – Horizon Forbidden West
Still Playing Award – Genshin Impact
Best Visual Design – Elden Ring
Studio of the Year – FromSoftware
Best Game Expansion – Cuphead: The Delicious Last Course
Best Early Access Launch – Slime Rancher 2
Best Indie Game – Cult of the Lamb
Best Multiplayer Game – Elden Ring
Best Audio – Metal: Hellsinger
Best Game Trailer – Goat Simulator 3 Announcement Trailer
Best Game Community – Final Fantasy 14
Best Gaming Hardware – Steam Deck
Breakthrough Award – Vampire Survivors
Critics’ Choice Award – Elden Ring
Best Performer – Manon Gage (Marissa Marcel, Immortality)
Nintendo Game of the Year – Pokemon Legends Arceus
PC Game of the Year- Return to Monkey Island
PlayStation Game of the Year – Stray
Xbox Game of the Year – Grounded
Most Wanted Game – Legend of Zelda: Tears of the Kingdom
Ultimate Game of the Year – Elden Ring

Leave a Reply