2022 Golden Joystick Awards ဆုပေးပွဲမှာ အောင်ပွဲခံနိုင်ခဲ့တဲ့ “Elden Ring”

နိုဝင်ဘာလ(၂၂)ရက်နေ့က ကျင်းပခဲ့တဲ့ (2022 Golden Joystick Awards) ဆုပေးပွဲမှာ ယခုနှစ်ဖေဖော်ဝါရီလ အတွင်းက ထွက်ရှိလာခဲ့တဲ့ Open World Action RPG ဂိမ်း “Elden Ring” က ဆု(၄)ခုအထိ ဆွတ်ခူးနိုင်ခဲ့ပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီနှစ်ရဲ့ Golden Joystick Awards ဆုပေးပွဲမှာ ယခုနှစ်အတွင်း ထွက်ခဲ့တဲ့ PC နဲ့ Console Game တွေထဲက ပရိသတ်တွေကြိုက်နှစ်သက်ဆုံးဂိမ်းတွေကို Voting စနစ်နဲ့ရွေးချယ်ပေးခဲ့တာဖြစ်ပြီး ဆုအမျိုးအစားပေါင်း(၂၁)ခုကို ပေးအပ်ခဲ့တာပါ။အဲ့ဒီလိုဆုတွေထဲမှာ Best Multiplayer Game, Ultimate Game of the Year, Critics' Choice Award, Best Visual Design စတဲ့ဆုတွေကို “Elden Ring”...