မဟာဖိတ်ခေါ်ဖလားသည် နာမည်ကြီး MOBA Game ဖြစ်သော Mobile Legends: Bang Bang ကို အခြေပြုယှဉ်ပြိုင်ရမည့် အီလက်ထရောနစ်အားကစားပြိုင်ပွဲတစ်ခုဖြစ်သည်။ ဆုကြေးငွေစုစုပေါင်း မြန်မာငွေကျပ်သိန်း ၄၀ တိတိ ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး စုစုပေါင်းအသင်း ၇၂ သင်းသည် သက်ဆိုင်ရာစနစ်ဖြင့် ဆော့ကစားရမည်ဖြစ်သည်။ ယခုပြိုင်ပွဲသည် မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားလောကကို မြှင့်တင်ပေးလိုသည့် ဆန္ဒဖြင့် ပြည်တွင်းကစားသမားများကို စိန်ခေါ်မှုများအတွက် အခွင့်အလမ်းများဖန်တီးပံ့ပိုးခြင်း ဖြစ်ပါသည်။

Group A Qualifier Stage

Group B Qualifier Stage

Group C Qualifier Stage

Group D Qualifier Stage

စည်းမျဉ်းစည်းကမ်းများ

  1. အသင်းတစ်သင်းတွင် ယှဉ်ပြိုင်ဆော့ကစားမည့် အဓိက ကစားသမား (၅) ဦး နှင့် အရန်ကစားသမား (၂) ဦးအများဆုံး စာရင်းတင်သွင်းနိုင်ပါသည်။ အသင်းမှတ်ပုံတင်ခြင်း (Registration) ပြုလုပ်ချိန်တွင် အရန်ကစားသမားကိုပါ တစ်ပါတည်း ပူးတွဲစာရင်းသွင်းရန် လိုအပ်ပါသည်။
  2. ကစားသမားတစ်ဦးတည်း (သို့မဟုတ်) Account တစ်ခုတည်းဖြင့် အခြားအသင်းမှ ဝင်ရောက်ယှဥ်ပြိုင်ခြင်းကို ခွင့်မပြုပါ။
  3. စာရင်းသွင်းပြီးသည်နှင့် ကစားသမားများကို အတည်ပြုသွားမည်ဖြစ်သည်။ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်ကာလအတွင်း မိမိတို့သဘောဆန္ဒအလျောက် လူစားထိုးခြင်း၊ စာရင်းသွင်းကစားသမားများ ပြောင်းလဲဆော့ကစားခြင်းများကို လုံး၀ (လုံးဝ) ခွင့်ပြုမည် မဟုတ်ပါ။
  4. အခက်အခဲတစ်စုံတစ်ရာကြောင့် ကစားသမား ‌ပြောင်းလဲလိုပါက Admin Team ကို တစ်ရက် (24 Hours) အတွင်း ကြိုတင်အကြောင်းကြားရမည်။
  5. ပါဝင်ယှဥ်ပြိုင်မည့်အသင်းများအနေဖြင့် Squad တခုဖွဲ့စည်းပြီး ထို Squad ဖြင့်သာ ပါဝင်ယှဥ်ပြိုင် ခွင့်ပြုမည်ဖြစ်သည်။ Squad အတွင်း မပါရှိသော ကစားသမားများကို ယှဥ်ပြိုင်ခွင့်ပြုမည်မဟုတ်ပါ။
  6. ပြိုင်ပွဲများကို Live လွှင့်၍ Cast မှာဖြစ်သည့်အတွက် ဆဲဆိုသောနာမည်များကို ကြိုတင်ချိန်းထားပေးရပါမည်။
  1. အသင်း (၆၄)သင်းတိတိ Registration Form ဖြင့် ခေါ်ယူမည်ဖြစ်ပြီး ထို အသင်း (၆၄) သင်းထဲမှ Group stage ပြိုင်ပွဲဝင်ရန်အတွက် (၁၆) သင်းအား BO1 (ရှုံးထွက်) ပုံစံဖြင့် Qualifiers ကျင်းပကာ ရွေးချယ်မည်ဖြစ်သည်။
  2. Group Stage သို့ တက်ရောက်လာသော 16 သင်းကို တစ်အုပ်စုလျှင် 4 သင်းပါဝင်သော အုပ်စု 4 ခုခွဲ၍ Round Robin Format ဖြင့် BO3 ကစားရမည်ဖြစ်သည်။ Group တစ်ခုချင်းစီ၏ အမှတ်အများဆုံးတစ်သင်းသာ Pre Playoffs အဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။
  3. Pre Playoffs အဆင့်တွင် Group Stage မှ တက်ရောက်လာသော 4 သင်းနှင့် Semi Pro 4 သင်းတွေ့ဆုံမည်ဖြစ်ပြီး BO3 ကစား၍ အနိုင်ရရှိသော 4 သင်းသည် Playoffs Main Stage သို့တက်ရောက်နိုင်မည်ဖြစ်သည်။
  4. Playoffs Main Stage တွင် Double Elimination Format ဖြင့် ကစားရမည်ဖြစ်သည်။
  1. ပြိုင်ပွဲဝင်စဥ်ပေးထားသော Game ID များဖြင့်သာ ပွဲကို ယှဥ်ပြိုင်ရမည်ဖြစ်ပြီး မည်သည့်အကြောင်း အမျိုးမျိုး ကြောင့်မှ အခြားအကောင့်တခုဖြင့် ပြိုင်ခွင့်မပြုပါ။
  2. မိမိပွဲစဥ်မစတင်မီ (၁၀) မိနစ်အလိုတွင် Game အတွင်းမှ အဆင်သင့်စောင့်ဆိုင်းနေရမည်ဖြစ်သည်။ လူမစုံသေးပါက ထက်ဆောင်း (၅)မိနစ်စောင့်ဆိုင်းပေးမည်ဖြစ်ပြီး အချိန်မီလာရောက်ကစားနိုင်ခြင်းမရှိပါက ရှိသည့်ကစားသမားအရေအတွက်ဖြင့်သာ ပွဲကို ကစားရမည်ဖြစ်သည်။ (ဥပမာ – 4vs5, 3vs5, 3vs4, 3vs3) လာရောက်ကစားသည့် ကစားသမားအရေအတွက်မှာ ၃ ဦးထက် နည်းနေပါက အလိုအလျောက် အရှုံးပေးရမည်ဖြစ်ပါသည်။ နှစ်သင်းလုံးမှ လာရောက်ခြင်းမရှိပါက နှစ်သင်းလုံး ပြိုင်ပွဲမှထွက်ခွါရမည်ဖြစ်ပါသည်။
  1. Developer Moonton မှ တရားဝင်ဖြန့်ချီထုတ်လုပ်ထားသော Mobile Legends: Bang Bang Application ကိုသာသုံး၍ ယှဉ်ပြိုင်ဆော့ကစားရမည်ဖြစ်သည်။
  2. ယှဉ်ပြိုင်ရမည့် Game ပုံစံများမှာ:
    1. Qualifier Stage : Custom Draft Pick
    2. Group Stage : Custom Draft Pick
    3. Main Stage : Custom Draft Pick
    4. ယှဉ်ပြိုင်ဆော့ကစားနေစဉ်အတွင်း အခြားအကြောင်းတစ်စုံတစ်ရာပေါ်ပေါက်လာပါက Admin Team ၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။
  3. ပွဲကစားနေစဥ်တွင် နည်းပညာအခက်အခဲ တစ်ခုခုဖြစ်ပေါ်လာပါက တစ်သင်းလျှင် (၂) မိနစ်ခန့် ရပ်တန့်ခြင်း (၃)ကြိမ်ခွင့်ပြုပေးမည်ဖြစ်ပါသည်။ (၃) ကြိမ်ကျော်လွန်ခဲ့ပါက ဂိမ်းကို ရပ်တန့်ခွင့်ပြုတော့မည်မဟုတ်ဘဲ ပွဲပြီးသည်အထိ ဆက်လက်ယှဥ်ပြိုင်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက Surrender ခေါ်၍ အရှုံးပေးနိုင်ပါသည်။ ဂိမ်းကို ပြန်လည်စတင်ပေးခြင်းကို လုံးဝပြုလုပ်ပေးမည်မဟုတ်ပါ။
  4. Battle ဆိုင်တော့မည့်အနေအထားများ၊ Battle ဆိုင်နေစဥ်အချိန်များတွင် Pause ပေးမည်မဟုတ်ဘဲ ထိုအခြေအနေကို ဆုံးဖြတ်မည့် Spectator ၏ဆုံးဖြတ်ချက်ကိုသာ လက်ခံရမည်ဖြစ်ပါသည်။ ထိုကဲ့သို့ရပ်တံ့လိုပါက [All] မှတဆင့် P (သို့မဟုတ်) Pause ဟုသာပြောဆိုရပါမည်။
  5. Tournament Organizers နှင့် နာမည်တူသော အသင်းများ ပါဝင်ယှဉ်ပြိုင်ခွင့်မပြုပါ။ အကယ်၍ ပါဝင်ယှဉ်ပြိုင်ချင်ပါက အသင်း၏ နာမည်ကို ပြောင်းလဲယှဉ်ပြိုင်ရမည်ဖြစ်သည်။
  6. ဂိမ်းကစားနေစဥ်အချိန်အတွင်း ကြမ်းကြုပ်ရိုင်းစိုင်းသောစကားလုံးများ [All] Chat မှတဆင့် ပြောဆိုခြင်းကို လုံးဝ (လုံးဝ)ခွင့်ပြုပေးမည်မဟုတ်ဘဲ ထိုသို့ပြောဆိုပါက ပြောဆိုသည့်အသင်းကို ပြိုင်ပွဲတွင် ဆက်လက်ပါဝင်ယှဥ်ပြိုင်ခွင့် ပြုမည်မဟုတ်ပါ။ Battle Emote များပြသခွင့်ရှိသည်။
  7. In-game အတွင်းအပြန်အလှန် ပြောဆိုရန်ဖြစ်နေပါက ပွဲကိုရပ်တန့်ပြီး နှစ်သင်းလုံးကို ပြိုင်ပွဲမှထုတ်ပယ်ပါမည်။
  8. ဂိမ်းအတွင်း Cheat လုပ်ခြင်းကို လုံးဝ(လုံးဝ) တားမြစ်ထားပြီး ထိုသို့ပြုလုပ်ခြင်းတွေ့ရှိပါက ထိုအသင်းကို ပြိုင်ပွဲမှ ထုတ်ပယ်မည်ဖြစ်သည်။
  9. Group Stage ပွဲစဥ်တွေက Bo1 ဖြစ်တာမို့ ကစားမဲ့ Player (၁၀) ယောက်ကလွဲရင် အခြား Player တွေကို ပွဲစဥ်ထဲလာရောက်ကြည့်ရှုတာကို ခွင့်မပြုပါ။
  1. Network Communications များကို ကြိုညှိထားစေလိုပါသည်။ မိမိအတွက် ဆော့ကစားရန် အဆင်အပြေဆုံး Network ကို ရွေးချယ်ထားစေလိုပါတယ်။ Wi-Fi player များမီးပြတ်တတ်ပါက bill ကြိုဖြည့်ထားကြရန် အကြံပြုအပ်ပါသည်။
  2. Connection ကျခြင်း နှင့် lag issues များအတွက် Pause တောင်းပါက all chat ဖြင့် p တစ်လုံးတည်းသာ ရေး၍ တစ်သင်းကို သုံးကြိမ်တောင်းနိုင်ပါသည်။
  3. Relog ဖြစ်သွားခဲ့ပါက ပွဲစသည်နှင့် pause တောင်းပြီး opponent team နှင့် organizer team ကိုတန်းအကြောင်းကြားပေးပါ။ ပွဲပြန်စလိုသည်ဆိုပါက hero pick ban spell emblem talent များကို change ခွင့်မပြုပါ။ ပွဲပြန်စလိုပါကလည်း နှစ်သင်းလုံးကန့်ကွက်သူမရှိမှသာပြန်စမည်ဖြစ်ပါသည်။
  4. ပွဲကစားနေစဉ်တွင် Main Server မှ Error တစ်စုံတရာပေါ်ပေါက်ခဲ့ပါက သက်ဆိုင်ရာ Admin မှ စိစစ်၍ ၄င်းပွဲအား ပြန်လည်ဆော့ကစားစေမည်ဖြစ်သည်။
  5. အကြောင်းတစ်စုံတရာကြောင့် ပြန်လည်ဆော့ကစားခြင်းများ ဖြစ်ပေါ်လာပါက မူလပွဲ၏ လူစာရင်း၊ In-game နေရာ၊ ရွေးချယ်ခဲ့သော Heroes များနှင့် Battle spell စသည့် Emblem များကို မူလပွဲစဉ်အတိုင်း ပြန်လည်ရွေးချယ်၍ ဆော့ကစားရမည်ဖြစ်သည်။

အကယ်၍ မိမိဖုန်းဝင်လာသည်ဖြစ်စေ၊ Line lag လို့ဖြစ်စေ၊ Battery ကုန်သွားသည်ဖြစ်စေ၊ လျှပ်စစ်မီး သို့မဟုတ် wifi များပျက်တောက်ခဲ့ပါက Battle ဆိုင်နေမှုမှအပ ကျန်သည့်အချိန်တွင်  pause တောင်းနိုင်ပါသည်။ ထိုသိုမဖြစ်စေရန်လဲ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားစေချင်ပါသည်။

  1. Trash talk လုပ်ခြင်းလုံးဝခွင့်မပြုပါ။pause တောင်းသည့်အချိန်မှလွဲ၍ all chat ကိုလုံးဝမသုံးမပြုရပါ။ opponent အသင်းနှင့်သိ၍ဖြစ်စေ လုံးဝ in game တွင် all chat ဖြင့်စကားမပြောရပါ။ Chat wheel ကိုလည်း မိမိ team အတွက်သာသုံးစေလိုပါသည်။
  2. ပြိုင်ပွဲဆော့ကစားနေစဥ်အတွင်း Text message ဖြင့် စာရိုက်စကားပြောခြင်းကို ခွင့်မပြုပါ။ Well Play/ Good Game စသည်တို့အားလည်း မပို့ရပါ။ စာရိုက်စကားပြောတဲ့ အသင်းကို ပြိုင်ပွဲက ထုတ်ပယ်သွားမှာဖြစ်ပါတယ်။ Sticker , Recall အသုံးပြုလို့ရပါတယ်။ Recall, emote စသည်များကို ပြသခွင့်ရှိသည်။
  3. ပွဲစဉ်များတွင် မိမိကိုယ်တိုင်မကစားဘဲ စာရင်းမသွင်းထားသော တခြားသူအား ဝင်ရောက်ဆော့ကစားစေခြင်းကို လုံး၀ ခွင့်လွတ်မည်မဟုတ်ဘဲ ကစားခိုင်းသူနှင့် ကစားသူ ၂ ယောက်လုံးကို ပြိုင်ပွဲမှ ထုတ်ပယ်သွားမည်ဖြစ်သည်။
  1. အသင်း၏ခေါင်းဆောင်များသည် ပြိုင်ပွဲအချိန်ဇယားနှင့် ပြိုင်ပွဲအတွက် ကြေညာချက်များကို သိရှိရန် သတ်မှတ်ထားသောတရားဝင် Facebook နဲ့ Messenger Group အားဝင်ရောက်ထားရမည်။
  2. သတ်မှတ်ထားသော FB / Messenger Group တွင် ပြိုင်ပွဲ Check-in, Report နှင့် Result Post များ၌ သက်ဆိုင်သောအချက်အလက်များကို တင်ပြရမည်။
  3. Winner team တိုင်း အနေနှင့် မိမိ အနိုင်ရရှိသည့် ပွဲတိုင်းကို screenshot ရိုက်ထားပြီး ပွဲအပြီးတွင် Facebook Group မှ Match Post အောက်တွင်ဖြစ်စေ၊ Messenger Group တွင်ဖြစ်စေ ပို့ပေးရမည်။
  1. Mobile Legends game ဆော့နိုင်သည့် Mobile Device နှင့် Internet access ရှိရပါမည်။
  2. Tournament ကစားရန် Mobile Legends Account တစ်ခုရှိရမည်ဖြစ်ပြီး ထို Account ဖြင့်သာ ပွဲစဉ်တစ်လျှောက်လုံး အသုံးပြုဆော့ကစားရမည်ဖြစ်သည်။
  3. Tournament ကစားရန် လုံလောက်သော အသင်းလူစာရင်းပမာဏ ရှိရမည်ဖြစ်သည်။

Direct Invited Teams