7နှစ်ကြာပြီးမှ ပွဲဦးပြန်ထွက်တော့မယ့် Street Fighter 6
          အားလုံးသိကြမယ့် Street Fighter Game ဟာ Multiplayer ဆော့လို့ရတဲ့ Fighting Action Game တစ်ခု ဖြစ်ပါတယ်။ ကလေးဘဝထဲက ညိုကီတွေနဲ့ အကျိတ်အနယ် ဆော့ခဲ့ရတဲ့ Video Game လေးက လာမယ့်နှစ် 2023 မှာ Street Fighter 6 ဆိုပြီးထွက်ရှိမှာပဲဖြစ်ပါတယ်။
            2022 June လတုန်းကကျင်းပခဲ့တဲ့ Summer Game Fest ပွဲမှာ Street Fighter 6 ရဲ့ Gameplay ကို 21 minutes စာပြသသွားခဲ့ပါတယ်။ Capcom Company ကလဲ Street Fighter 6 ထဲက Character ဟာ Street Fighter 2 ထဲက Classic ဝတ်စုံတွေကို ပုံတူကူးထားတဲ့ DLC ဝတ်စုံတွေကို ရရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် DLC ဝတ်စုံတွေက Free လား ဝယ်ရမှာလားဆိုတာအပြင် DLC တွေ Final launch မှာ ပါလား မပါလား ကိုလဲ မပြောကြားခဲ့ပါဘူး။
             Character တွေဖြစ်တဲ့ Ryu, Chun Li, Luke, Jamie နဲ့ Guile တို့ Street Fighter 6 မှာ ပါဝင်မှာ ဖြစ်ကြောင်းကိုတော့ Capcom ကနေ Confirm ခဲ့ပါတယ်။
             ဒီ Street Fighter 6 ကိုတော့ နောက်နှစ် 2023 မှာ PC, Xbox Series X|S, PlayStation 4 နဲ့ PlayStation 5 တို့မှာ ဆော့ကစားနိုင်တော့မှာဖြစ်ပါတယ်။
          ငယ်ငယ်က Street Fighter နဲ့ အချိန်ကုန်ခဲ့တဲ့ ကလေးတွေ ရှိကြသေးလား??

Leave a Reply