Gaimin Gladiators ရဲ့ အောင်မြင်မှုတွေမှာ Quinn ဘယ်လို အရေးပါနေလဲ
မနေ့ညက Game 5 ထိဆော့ကစားခဲ့ကြတဲ့ Dream League Season 20 ရဲ့ Grand-Final ပွဲကြီးမှာတော့ Gaimin Gladiators အနေနဲ့ Betboom Team ကို 3-2 ဆိုတဲ့ ရလဒ်နဲ့အနိုင်ယူပြီး Champion ဖြစ်သွားခဲ့ပြီပဲဖြစ်ပါတယ်။ Gaimin Gladiators အနေနဲ့ Quinn ရောက်လာပြီးမှပိုပြီး Strong သွားတယ်လို့ပြောရင်လည်းမမှားပါဘူး။ “CCnC” လို့စပြီးသိခဲ့တဲ့ Quinn ဟာ Professional Player Life မှာ ကျင်လည်နေခဲ့တာ အတော်လေးကြာနေပါပြီ။ ဒါပေမယ့်လည်း ထူးထူးခြားခြားပြစရာ အောင်မှုရယ်လို့ မရှိခဲ့ပါဘူး။ ယခုအခါမှာတော့ League Series 4 ခုကို ဆက်တိုက်အနိုင်ရရှိခဲ့တဲ့ Quinn ဟာ NA ရဲ့အကောင်းဆုံး Midlaner ဆိုပြီး ထပ်မံသက်သေပြခဲ့ပြန်ပါပြီ။ Congratulations Quinn & GG ယခုလာမယ့် 29 ရက်နေ့မှာ စတင်မယ့် Bali Major မှာရော Quinn အနေနဲ့ ဘယ်လိုလက်စွမ်းပြသွားဦးမလဲဆိုတာကို အတူတူစောင့်ကြည့်လိုက်ကြရအောင်။ လာမယ့် TI 2023 မှာလဲ GG အနေနဲ့ Direct Invite ရရှိထားတာမလို့ Quinn ရဲ့ Mid ကို TI မှာ မြင်တွေ့ရပါဦးမယ်။ #mahar_esports #esports #dota2 #moba #gaimin_gladiators #quinn #ccnc #dream_league_s20 #champion

Leave a Reply