Esports နှင့် အနာဂတ်
ကမ္ဘာကြီးတိုးတက်ပြောင်းလဲလာတာနဲ့ အမျှ Esports ဟာ အခုလက်ရှိမှာ အများကြီး ကျယ်ပြန့်တိုးတက်နေတဲ့ နယ်ပယ်တစ်ခုလို့ ပြောလို့ရပါတယ်။ အရင်တစ်ခေတ်တစ်ခါက Video Game တွေကို အပျော်သဘော အနေနဲ့သာ ဆော့ကစားခဲ့ကြပြီး ယခုအချိန်မှာ တော့ Esports ဆိုတာခေတ်စားလာတာနဲ့အမျှ Investors တွေ Brand တွေ Media platform တွေက အစ အပြိုင်အဆိုင် အာရုံစိုက်တာခံလာရတာပါ။ Insider Intelligence ရဲ့ ခန့်မှန်းချက်အရ ယခုနှစ်အတွင်း US မှာ လစဉ် Esports media ကြည့်ရှုသူ 29.6 million အထိ ရှိပါတယ်။ Media Marketing Platform တွေ ဖြစ်ကြတဲ့ Twitch / YouTube စတဲ့ Social media platform တွေမှာလည်း Streaming တွေ ကြည်ရှု့သူများပြားလာတဲ့အတွက် Esports နယ်ပယ်တွင် ရင်းနှီးမြုပ်နှံမှု ဟာ နှစ်စဉ် နှစ်ဆ တိုးတက်လာတာ ပဲဖြစ်ပါတယ်။ ကမ္ဘာ့ စာရင်းစစ် Company တစ်ခုဖြစ်တဲ့ Deloitte ရဲ့ စစ်တန်းများအရ Esports နယ်ပယ်ကို Invest လုပ်တာဟာ 2017 မှာ 4.5 million လောက်သာရှိပေမယ့် 2018 မှာတော့ 490 million အထိ သိသိသာသာ တိုးတက်လာတာကို‌လဲ တွေ့ရပါတယ်။ Gaming ပိုင်းမှာဆိုလဲ Official Tournament တွေသာမက Price pool တွေကိုပါ ကြောက်ခမန်းလိလိ ချပေးနေတာပါ။ ဒါဟာ ဝါသနာရှင်လူငယ်တွေအတွက် အခွင့်အလမ်းတွေ အများကြီးပေါ်ပေါက်လာစေတဲ့ အပြင် လူငယ်တွေရဲ့ အခန်းကဏ္ဍ လဲ ကျယ်ပြန့်လာတာပဲဖြစ်ပါတယ်..ဒါကြောင့်လဲ နောက်ပိုင်းမှာ လူငယ် တွေအနေနဲ့ Pro player scene, Streaming, Contents, Tournament စတဲ့ Esports field တွေကနေ ဝင်ငွေ အများကြီးရရှိအောင် ကြိုးစားနိုင်တာပဲဖြစ်ပါတယ်။ ဉပမာ အနေနဲ့ Esports Team ၁ခုဖြစ်တဲ့ TSM ဟာ 2022 အထိ ပိုင်ဆိုင်မှု Total Net Worth ဟာ $540 million ရှိပြီး 1 နှစ်ကို $16 million အထိ ရှာဖွေနိုင်ပါတယ်။ မြန်မာနိင်ငံ အနေနဲ့ကလဲ အရင်ခေတ်တွေ ထက်စာရင် ခုလက်ရှိမှာ Esports ဝါသနာရှင် လူငယ်တွေအနေနဲ့ အခွင့်အလမ်းတွေပေါ်ပေါက်နေတာကိုတွေ့ရပါတယ်။ အနာဂါတ်မှာလဲ တိုးတက်ပွင့်လင်းဖို့အလားအလာ အများအပြားရှိတဲ့ အတွက် မြန်မာလူငယ်များအနေနဲ့ ဝါသနာပါရာလုပ်နိုင်ပြီး Game ဆော့တိုင်း အိမ်အလုပ် ခိုင်းခံရတယ့် အဖြစ်ဆိုးတွေကနေ ကင်းဝေးနိုင်ကြပါစေ…

Leave a Reply