ရှယ်ကြမ်းတော့မယ့် Badang
Mobile Legends ဟာခုနောက်ပိုင်း Patches မှာ Exp Lane မှာဆော့လို့ကောင်းမယ့် Fighter Hero တွေဖြစ်ကြတဲ့ Martis, Benedetta, Alucard တို့ကိုပြန်လည်ပြီး Buff ပေးထားတာကိုတွေ့ရပါတယ်။ ဒီလို Buff တဲ့အထဲမှာတော့ အတော်လေးကြမ်းပြီး အတော်လေးကို ပြန်ဆော့လို့ကောင်းတဲ့ Hero ကတော့ Badang ဖြစ်ပါတယ်။ အခုနောက်ဆုံးထွက်ထားတဲ့ update 1.7.08 မှာတော့ Badang ရဲ့ Level 1 ဖြစ်တဲ့ Qigong Fist ရဲ့ Cooldown ကို 7-5 Seconds ကနေ 2 seconds ကိုသိသိသာသာ လျှော့ပေးထားတာဖြစ်တဲ့အတွက်အတော်လေး ကြမ်းတယ်လို့ ပြောလို့ရပါတယ်။ Initial Damage ကိုလည်း 250-400+70% ကနေ 210-360+90% ထိ တိုးပေးထားတာ ဖြစ်ပါတယ်။ Skill 2 ဖြစ်တဲ့ Fist Break ကိုတော့ Cooldown 10 Seconds ကနေ 9 Seconds ကိုလျှော့ချထားပြီး Physical 3 ချက်ထိုးတိုင်း Ability Skills တွေ Cooldown ပြန်ပြန်လည်သွားတဲ့ Effects ကိုတော့ဖယ်ရှားလိုက်ပြီး အဲ့အတွက် Physical Attack (350-600) +150% ကိုကာပေးနိုင်တဲ့ Shield တစ်ခုကို 5 seconds ကြာရရှိမှာ ဖြစ်ပါတယ်။ Ultimate ဖြစ်တဲ့ Fist Crack မှာတော့ Shield ကိုဖယ်ရှားလိုက်ပြီး အဲ့ဒီ့အစား Badang Ultimate သုံးနေတဲ့အချိန်မှာတော့ Spell တွေအကုန် Immune ဖြစ်နေမှာပါ။ ဒီလိုကြမ်းလာတဲ့ Badang ကို ကျွန်တော်တို့ အနေနဲ့ S+ Tier Hero အနေနဲ့ မြင်တွေ့ရတော့မှာလားဆိုတာတော့အတော်ကိုစိတ်ဝင်စားဖို့ကောင်းနေပါပြီ။

Leave a Reply