ဆယ်စုနှစ် တစ်ခုအထိ မ Dead သွားသေးတဲ့ Minecraft
Sand Box Video game တစ်ခုဖြစ်တဲ့ Minecraft ဟာ 2009 May လ မှာစတင်မိတ်ဆက်ခဲ့ပြီး November 18 2011 မှာ တရားဝင် ဖြန့်ချီခဲ့တာ ဒီနှစ် 2022 အထိ ဆို ၁၀ စုနှစ် တစ်ခုစာရှိသွားပြီဖြစ်ပါတယ်။ ဒီ ၁၀နှစ် အတွင်းမှာ Minecraft ဟာ 238 သန်းကျော် Copies တွေရောင်းရလို့ အရောင်းရဆုံး Video Game အဖြစ် သတ်မှတ်ခဲ့တဲ့အပြင် ဆုပေါင်းများစွာရရှိခဲ့ပြီး အကောင်းဆုံး Game များထဲမှ ၁ခု အဖြစ်လဲ မှတ်တမ်းတင်ခဲ့ပါတယ်။ 2022 မှာ 1လအတွင်း active player ပေါင်း 141 သန်းကျော်ဆော့ကစားနေတဲ့ အပြင် 1ရက်ကို 2သန်းကျော် 3သန်းနီးပါး Minecraft ကိုဆော့ကစားနေဆဲလို့ သိရပါတယ်။ ဒါ့အပြင် 2022 July 22 မှာ Minecraft က Twitch ရဲ့ top 10 game တွေထဲမှာ နံပါတ် 10 ပါချိတ်ခဲ့ပါသေးတယ်။ တရုတ်ကြီးတို့ရပ်ကွက်မှာလဲ Minecraft ကို စတင်ဖြန့်ချီပြီး 1နှစ်ကျော်မှာ သန်း 100 ကျော် Download ဆွဲ ခဲ့တာဖြစ်တဲ့ အပြင် Summer camp တွေမှာပါ Minecraft ကို Education edition အဖြစ်ထည့်သွင်း ခဲ့တာပဲ ဖြစ်ပါတယ်။ ယခုလက်ရှိ 2022 အထိ Minecraft ဟာ 415 သန်းကျော် ထိ အကျိုးအမြတ်ရရှိခဲ့တဲ့ အပြင် မိသားစုတွေ ကလေးတွေ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါးဆော့လို့ ရအောင် NFT ကိုလဲ ခွင့်မပြုခဲ့ဖူးလို့ သိရပါတယ်။ Update တွေ အမြဲထွက်ရှိနေရုံသာမက server တွေ map တွေလဲ အများအပြားရှိတာကြောင့် ဒီလိုအောင်မြင်နေတဲ့ Minecraft ဟာ နောက်ဆယ်စုနှစ်တွေအထိဆော့တဲ့ player တွေ မရှိတော့ပဲ Dead သွားမှာ မဟုတ်တာတော့ သေချာပါတယ်။ မြန်မာမှာကော ခုထိ Minecraft hardcore fan လေးတွေ ရှိသေးရင် Comment မှာဆွေးနွေးသွားကြပါဦးနော် #Minecraft #NFT #Mahar_Esports #esports

Leave a Reply