TCN ပြန်လာပြီ
          မနေ့ကပဲ မြန်မာနိုင်ငံရဲ့ နာမည်ကြီး Legendary အသင်းတစ်သင်းဖြစ်တဲ့ Team Cyanide ဟာ ၎င်းတို့ရဲ့ ၂ နှစ်ကျော် Inactive ဖြစ်နေတဲ့ Page မှာ Profile Photo တွေ Cover Photo တွေ Change ပြီး Cyanide Esports ဆိုတဲ့ နာမည်နဲ့ ပြန်လာခဲ့ပြီပဲဖြစ်ပါတယ်။ Mobile Legends: Bang Bang မှာ Old Player/ Legendary Player တွေဖြစ်တဲ့ Ardam နဲ့ Blank တို့ ပြန်လည်ပါဝင်လာမယ်လို့လည်း ပရိသတ်တွေအပြင်၊ ဒီလောက က Caster တွေ၊ Streamer တွေအကုန် ထင်ကြေးပေးလျက်ရှိကြပါတယ်။
              လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ လူငယ်ကစားသမားအချို့လည်း ရှိနေတာကြောင့် အသင်းရဲ့ လူစာရင်းဟာ ထင်ထားသလို လူငယ်အချို့ပါဝင်ပြီး Old Player တွေဦးဆောင်တဲ့ လူငယ်အသင်းသစ်တစ်သင်း ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ Ai Esports ရဲ့ Profile Photo ကလည်း Crown ၃ ခုဆိုတော့ Old Player ၃ ယောက်ပြန်လာမှာလား? ဒါမှမဟုတ် Ai Esports ဆီကိုပဲ နောက်ထပ် လက်တက်လူငယ် ၃ ယောက်ထပ်ရောက်မှာမို့လား? ဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါသေးတယ်။
                 ဘာပဲပြောပြော ဒီလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတွေ တစ်ခုပြီး တစ်ခုပေါ်လာတာဟာ မြန်မာနိုင်ငံရဲ့ MLBB ရပ်ဝန်း မသေဆုံးသွားသေးကြောင်း သက်သေပြနေတာပဲဖြစ်ပါတယ်။ အသင်းသစ်တွေ ကစားသမားအသစ်တွေဟာ ဒီလပိုင်းလေးအတွင်းမှာတင် ပိုမိုများပြားလာတာကို မြင်တွေ့ရခြင်းဖြင့် နောက်နှစ်တွေထဲမှာ ဒီထက်ပို ပြိုင်ဆိုင်မှုပြင်းထန်တော့မယ်ဆိုတာ အသေအချာပါပဲ။
                 Mahar Esports ရဲ့ ပရိသတ်ကြီးရော TCN comeback မှာ ဘယ်သူတွေပါဝင်လာမယ်လို့ထင်လဲ? ဘယ်သူတွေ Pro Scene ထဲပြန်ရောက်လာတာကို မြင်တွေ့ချင်လဲဆိုတာကို Comment ရေးပေးသွားကြပါဦးနော်…..

Leave a Reply