Razer ကနေ အသစ်ထုတ်လိုက်တဲ့ Razer Edge က Steam Deck ရဲ့ ပြိုင်ဘက် တကယ်ကြီး ဖြစ်လာနိုင်မလား??

 နာမည်ကျော် Razer ကုမ္ပဏီကနေ အသစ်ထုတ်လိုက်တဲ့ Razer Edge ဆိုတဲ့ Android Gaming Handheld Console (လက်ကိုင်ဂိမ်းစက်) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထွက်လာခဲ့တဲ့ Steam Deck နဲ့ အခြား Gaming Phone တွေရဲ့ ပြိုင်ဘက် Gaming Console တစ်ခု တကယ်ကြီးဖြစ်လာနိုင်ပါ့မလား ????

Razer Edge ဆိုတဲ့ Android Gaming Handheld Console ကို Razer Edge Wi-Fi, Razer Edge Founders Edition, Razer Edge 5G ဆိုပြီး အမျိုးအစား (၃)မျိုး ခွဲခြားထုတ်လုပ်ထားပြီး Razer Edge Wi-Fi နဲ့ Razer Edge Founders Edition တို့ကို 399$, 499$ စတဲ့ ဈေးနှုန်းတွေနဲ့ဝယ်နိုင်မှာဖြစ်ပါတယ်။ Mobile 5G Network နဲ့ အသုံးပြုနိုင်မယ့် Razer Edge 5G ကိုတော့ လက်ရှိအချိန်အထိ ဈေးနှုန်းမသတ်မှတ်ထားသေးပဲ မကြာမီမှာ ကြေညာသွားမယ်လို့သိရပါတယ်။ Specification တွေအဖြစ်

  • Display: 6.8-inch FHD+ (2400×1080) 144Hz AMOLED
  • Chip: Snapdragon G3X Gen 1
  • RAM: 8GB LPDDR5
  • Battery: 5,000 mAh
  • Storage: 128GB (expandable up to 2TB)
  • Camera: 5 MP front facing
  • Connectivity: Wi-Fi 6E, Bluetooth 5.2

တို့ပဲဖြစ်ပါတယ်။ဒီအမျိုးအစား(၃)မျိုးလုံးမှာ အသုံးပြုထားတဲ့ Specifications တွေကတော့ အတူတူပဲ ဆိုပေမယ့် Razer Edge 5G မှာတော့ Wi-Fi အပြင် eSIM အသုံးပြုပြီး 5G Network နဲ့သုံးနိုင်မှာ ဖြစ်ပါတယ်။ အခုအသစ်ထွက်ရှိလာတဲ့ Razer Edge က အရင်က Razer ကနေ ထုတ်ခဲ့ဖူးတဲ့ Kishi V2 ဆိုတဲ့ Controller ကို Upgrade လုပ်ပြီး အသစ်တီထွင်ထားတဲ့ Gaming Tablet တစ်ခုလို့ ပြောကြပေမယ့် သူ့ရဲ့ Display Size အနေအထားနဲ့ Compact ဖြစ်မှုတွေအရတော့ Gaming Phone လို့ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ဒါ့အပြင် Android Game တွေတင် မဟုတ်ပဲ Xbox Game Pass ကနေ တဆင့် PC နဲ့ Console Game တွေကို ပါ ကစားလို့ရနိုင်မှာဖြစ်တာကြောင့် အခြား Gaming Phone တွေကို ဝယ်ဖို့တွေးနေသူတွေကတော့ Razer Edge ကို ပြောင်းလဲစဉ်းစားဖို့ အကြံပေးချင်ပါတယ်။ Razer Edge ကိုတော့ လက်ရှိအချိန်မှာ Pre-Order ပြုလုပ်နိုင်နေပြီဖြစ်ပြီး လာမယ့်(၂၀၂၃) ဇန်နဝါရီလထဲမှာ တရားဝင်ဖြန့်ချိပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။အခုလို အသစ်ထွက်လာတဲ့ Razer Edge ဆိုတဲ့ Gaming Handheld Console(လက်ကိုင်ဂိမ်းစက်) ကို ပရိသတ်တွေကရော ဘယ်လိုမြင်မိလဲ???? အခြား Steam Deck တို့၊ Logitech G တို့လို အခြား Handheld Console တို့နဲ့ရော ဘာတွေကွာခြားနိုင်မလဲ??? စတဲ့ အမြင်လေးတွေကို Comment မှာ မျှဝေပေးသွား ကြပါဦး……

ဘောလုံးစူပါစတား Neymar JR က MLBB ထဲသို့ရောက်ရှိလာခဲ့ပါပြီ။ ဒီ Collaboration ကနေ Neymar JR Skin နှစ်ခု၊ Emotes တို့ ရရှိနိုင်မယ့် ဘောလုံးနဲ့ပတ်သက်တ့ သီးသန့်အစီအစဥ်တွေလည်း ရှိနေပါတယ်။

Neymar JR Skin ကို အစမ်းသုံးစွဲနိုင်ရန်နှင့် အခြားသီးသန့်လက်ဆောင်များရရှိရန် a46xiocsv ဒီကုဒ်ကို ဖြည့်သွင်းလိုက်ပါ

MLBB ဂိမ်းကို Download ရယူရန် – https://bit.ly/3FGI9cR

Leave a Reply