AAA Game တွေကို 75% Off Discount နဲ့ရရှိနိုင်မယ့် Epic ရဲ့ “ Black Friday Sale 2022 ”
              ယခုလ(၂၂)ရက်နေ့ကနေ (၂၉)ရက်နေ့အထိ ပြုလုပ်ပေးနေတဲ့ Epic Store ရဲ့ “Black Friday Sale 2022” မှာ နောက်ဆုံးထွက်ရှိထားတဲ့ Fifa 23, Gotham Knights, Saint Row, Ghostbusters တို့လို AAA Tyoe ဂိမ်းကောင်းတွေကို Discount လျှော့ဈေးတွေနဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီလို “Black Friday Sale” တွေကို နှစ်သစ်ကူးအားလပ်ရက်တွေမှာ နှစ်စဉ်ပြုလုပ်ပေးလေ့ရှိပြီး Epic ရဲ့ အခုတစ်ခေါက် Sale မှာတော့ Game ပေါင်း (၁၅၀၀) ကျော်ကို Discount ဈေးနှုန်းတွေနဲ့ရရှိနိုင်မှာပါ။ ဒီဂိမ်းတွေထဲမှာ နောက်ဆုံးအသစ်ထွက်ရှိထားတဲ့ ဂိမ်းတွေ၊ နာမည်ကြီး AAA Type ဂိမ်းတွေ၊ Indie ဂိမ်းကောင်းတွေ ပါဝင်နေပြီး တစ်ချို့ဂိမ်းတွေဆိုရင် ပထမဆုံးအကြိမ် Discount ပေးလာတဲ့ ဂိမ်းတွေလည်း ဖြစ်ပါတယ်။ အခု “Black Friday Sale 2022” ထဲမှာ ပြီးခဲ့တဲ့လကမှ အသစ်ထွက်ရှိလာတဲ့ Fifa 23, Gotham Knights တို့ကို 40% Discount နဲ့ရရှိနိုင်မှာဖြစ်သလို A Plague Tale: Requiem ကိုတော့ 20% Discount, Ghostbusters: Spirits Unleashed ကို 25% Discount နဲ့ရရှိနိုင်မှာဖြစ်ပြီး အများဆုံး 75% Discount အထိ ရရှိနိုင်မယ့် ဂိမ်းတွေလည်းပါဝင်နေပါတယ်။
                                  ဒါကြောင့် နှစ်သစ်ကူးပိတ်ရက်တွေမတိုင်ခင်မှာ ဂိမ်းကောင်းတွေကို ဈေးသက်သက်သာသာနဲ့ရနိုင်မယ့် အခွင့်အရေးကို စောင့်နေတဲ့ Gamers တွေအတွက်တော့ သတင်းကောင်း တစ်ခုပါပဲ။ ဒီ Sale က လာမယ့် နိုဝင်ဘာလ(၂၉)ရက်နေ့မှာ ပြီးဆုံးမှာဖြစ်တာကြောင့် PC Game အလန်းစားတွေကို လျှော့ဈေးနဲ့ရရှိနိုင်မယ့် ဒီအခွင့်အရေးကို လက်မလွတ်ရဖို့ Epic Store ထဲဝင်ပြီး လေ့လာကြည့်လိုက်ပါဦး……

Leave a Reply