ဖားခုန်လို့ MMR မကျရအောင်
ညိုကီတို့ အခုတလော Ti မှာရော Pub တွေမှာပါ Slark တွေပြန်ခေတ်စားလာတာကို သိကြမှာပေါ့။ ဖားဆိုတဲ့အမျိုးက လွှတ်ပေးထားရင် လွှတ်ပေးထားသလို တရစပ်ခုတ်ပြီး Agility တွေခိုး Late Game ဆို ဖမ်းလို့ပါမမိတော့ဘဲ ပြဿနာအကြီးကြီးဖြစ်လာတတ်ကြလို့ ဒီတစ်ခေါက်မှာတော့ အဲ့လိုမဖြစ်ရအောင်လို့ ဖားကို ဘယ်လို Counter ရမလဲဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။ (ဒီတစ်ခေါက် Google ခေါက်လာပါတယ်လို့ 😀 ….. ) Bloodseeker Slark အတွက် အကြီးမားဆုံး Counter ကတော့ တော်တော်များများ ရွေးချယ်လေ့ရှိတဲ့ Bloodseeker ပါပဲ။ Rupture တစ်ပေါက်နဲ့တင် ဟိုခုန် ဒီလွှားလုပ်တတ်တဲ့ Slark ကို ထိန်းထားလို့ရတာကြောင့် အကောင်းမွန်ဆုံး Counter Hero တစ်ကောင်အဖြစ်ရပ်တည်နေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Bloodseeker ရဲ့ Skill 3 ဖြစ်တဲ့ Thirst ဟာ Slark သွေးနည်းနေရင် မြင်နေရတာကြောင့် Slark ရဲ့ Ultimate Shadow Dance ကနေရတဲ့ Passive သွေးပြန်ပြည့်နေတာကိုလည်း Counter ပါသေးတယ်။ Basic Spell 2 ကွက်တည်းနဲ့တင် Early Game မှာ Counter နိုင်ရုံသာမက Late Game မှာလည်း Itemization ကောင်းရင်ကောင်းသလို Counter နိုင်ပါသေးတယ်။ အရင်ကတော့ Aghanim’s Scepter ထည့်လိုက်ရင် Rupture 2 ခုရပေမယ့် အခု Rework လိုက်တဲ့ Scepter ကြောင့် Slark က Linken တစ်ကွက်တည်းနဲ့ Bloodseeker ကို ကြောက်စရာမလိုတော့ပေမယ့် အခန့်မသင့်ရင် မသင့်သလို Battle ထဲမှာ Linken ပျက်ပြီး Rupture ထည့်ခံရရင်တော့ ငြိမ်နေရမှာပဲဖြစ်ပါတယ်။ ပြီးတော့ Bloodseeker ဟာ Safe Lane Core အပြင် Offlane Core အနေနဲ့ပါ ကစားလို့ရတာကြောင့် Slark အတွက်တော့ Flexible ဖြစ်နေတဲ့ Counter တစ်ကောင်မို့ ပထမဆုံးဖော်ပြလိုက်ရပါတယ်။ Doom Bloodseeker နည်းတူ Doom ရဲ့ Ultimate ဟာလည်း Slark ကို Shut Down ချထားနိုင်ပါတယ်။ Dark Pact နဲ့ Pounce ကိုသုံးပြီး Mobility မြင့်မြင့် ကစားရမယ့် Slark လို Hero ကိုသာမက အခြား Mobility မြင့်တဲ့ Hero တွေတိုင်းအတွက် Doom က Great Counter တစ်ကောင်ဖြစ်နေတာဟာ မဆန်းတော့မဆန်းပါဘူး။ ဒါ့အပြင် Level 25 မှာပေးထားတဲ့ Doom Break Effect ကြောင့် Doom မိနေတုန်း Slark အနေနဲ့ ပြန်ယှဉ်ခုတ်ရင်တောင် Essence Shift လည်းမခိုးသလို ထွက်ပြေးရင်လည်း Shadow Dance ရဲ့ Auto သွေးပြန်ပြည့်တာလည်း မရှိတာကြောင့် အကြောက်ရဆုံး Counter တစ်ကောင်ဖြစ်နေရတာပဲဖြစ်ပါတယ်။ Doom ဟာလည်း Rupture လို Linken တစ်ကွက်နဲ့ Counter လို့ရတယ်ဆိုပေမယ့် Doom သာ Itemization ကောင်းရင်တော့ Mid Game ကစပြီး Late Game အထိ ကြောက်ကို ကြောက်ရမယ့် Counter တစ်ကောင်ဖြစ်နေပါတယ်။ Phantom Lancer နောက်ထပ် Slark ကြောက်ရတဲ့ Core Heroes တွေကတော့ Illusion ကောင်တွေပဲဖြစ်ပါတယ်။ အဲ့ထဲမှာမှ Illusions အထွက်များဆုံး Phantom Lancer ကတော့ Slark ကို သူတင်ကိုယ်တင် ယှဉ်ချနိုင်တဲ့ Hero တစ်ကောင်ဖြစ်နေပါတယ်။ PL ရဲ့ Skill 2 ဖြစ်တဲ့ Doppelganger ရဲ့ Cooldown ဟာ Slark ရဲ့ Pounce Cooldown နဲ့ မတိမ်းမယိမ်းမို့ Slark ထက်ကို ပိုပြီး Mobility မြင့်မြင့်ကစားနိုင်တဲ့ Hero ဖြစ်တဲ့အပြင် Diffusal Blade ကနေ Burn တဲ့ Mana တွေကြောင့် Mana လိုအပ်ချက်များတဲ့ Slark အတွက် Mid Game နဲ့ Late Game မှာ ယှဉ်ချဖို့ အတော်ပဲခဲယဉ်းပါတယ်။ Single Target မှာသာ ကြမ်းတဲ့ Slark လို Hero အတွက် Illusions တွေအများကြီးနဲ့ အာရုံနောက်တဲ့ Phantom Lancer ကတော့ Safe Lane ကစားတဲ့ Player တွေအတွက် ရွေးချယ်သင့်တဲ့ Hero တစ်ကောင်ဖြစ်နေပါသေးတယ်။ (Meta ထဲက ပျောက်နေပေမယ့်လည်းပေါ့) ထပ်ဆောင်းအနေနဲ့ဆိုရင်တော့ Support Hero တွေထဲမှာ Disruptor လိုကောင်မျိုး၊ Disable များများပေးနိုင်တဲ့ Lion လို Shaman လိုကောင်တွေဟာ လက်မြန်ရင်မြန်သလောက် Slark ကိုဖမ်းနိုင်ပါသေးတယ်။ Aoe Disable များများ Pick နိုင်ရင်လည်း Slark ကိုအရမ်းကြောက်စရာမလိုကြောင်းပြောရင်း နှစ်သက်ရာသည်သာ Counter ပါပဲလို့…..

Leave a Reply