လူပြောများနေတဲ့ “ The Callisto Protocol” က ဘယ်လိုဂိမ်းမျိုးဖြစ်မလဲ????
Game Reviewer တွေ, Game Content Creator တွေအကြားမှာ လူပြောများနေတဲ့ “ The Callisto Protocol” ဆိုတဲ့ ဂိမ်းက ဘယ်လိုဂိမ်းမျိုးဖြစ်မလဲ???? ဒီဂိမ်းနဲ့ပတ်သတ်တဲ့အကြောင်းအရာအသစ်တွေက ဘယ်လိုတွေရှိ သလဲဆိုတာတွေကို ဒီတစ်ခေါက် မှာပြောပြသွားမှာပါ။ Horror Game ပရိသတ်တွေရဲ့ Favorite Game တွေထဲကတစ်ခုဖြစ်တဲ့ Dead Space Series Game တွေရဲ့ Developer Striking Distance Studio ကနေ ဖန်တီးထားတဲ့ Survival Horror Game အသစ်တစ်ခုကို လာမယ့်ဒီဇင်ဘာလအတွင်းမှာ ပရိသတ်တွေမြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဒီ “ The Callisto Protocol” ဆိုတဲ့ ဂိမ်းက ဒီနှစ်အတွင်းထွက်လာမယ့် နောက်ဆုံး Horror ဂိမ်းတစ်ခုဖြစ်ပြီး လာမယ့်နှစ်(၃၀၀)ကျော် လောက်က အနာဂတ်အခြေအနေကို အခြေခံထားတဲ့ Sci-fi Story ပုံစံမျိုး တည်ထားပါတယ်။ Unreal Engine 5 ကို အသုံးပြု ဖန်တီးထားတဲ့ ဒီဂိမ်းရဲ့ Graphic အနေအထားတွေ၊ Sound Quality ပိုင်းတွေက အတော်လေးမိုက်ပြီး Horror Engineering လို့ခေါ်တဲ့ စနစ်တစ်ခုကို အသုံးပြုဖန်တီးထားတာကြောင့် Player တွေ ကစားနေရင်းနဲ့ တစ်စိမ့်စိမ့် ကြောက်လာစေမယ့်ခံစားချက်မျိုးကိုပေးနိုင်မှာဖြစ်တယ်လို့ Developer တွေကပြောထားပါတယ်။ဒီဂိမ်းရဲ့ Trailer တွေ၊Gamepaly Demo တွေကို ပြီးခဲ့တဲ့နှစ်အတွင်းမှာပရိသတ်တွေနဲ့မိတ်ဆက်ပေးပြီးနောက်ပိုင်းမှာ တော်တော် များများရဲ့ Attention ရသွားခဲ့သလို Survival Horror Game ကောင်းတွေကို စောင့်နေသူတွေ အတွက် သတင်းကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဂိမ်းထဲမှာပါဝင်တဲ့ အဓိကဇာတ်ကောင်နဲ့အခြားဇာတ်ကောင်နေရာတွေမှာ လည်း ဟောလိဝုဒ်သရုပ်ဆောင် Josh Duhamel နဲ့အခြားသရုပ်ဆောင်တွေက ပါဝင်သရုပ်ဆောင်ပေးထားတယ် လို့သိရပါတယ်။ “ The Callisto Protocol” ရဲ့ Story ကိုလည်း သိထားသလောက်အနည်းငယ်ပြောပြပါ့မယ်။ ဂိမ်းရဲ့ Story ထဲမှာ တော့ အနာဂတ်(၂၃၂၀)ခုနှစ်မှာ လူသားတွေက ဂျူပီတာဂြိုလ်ပေါ်မှာ နေထိုင်နေကြပြီဖြစ်ပါတယ်။အဲ့ဒီမှာ တကယ့်ဆိုးပါတယ်ဆိုတဲ့ အကျဉ်းသားတွေကို ထားဖို့ Black Iron လို့နာမည်ပေးထားတဲ့ထောင်ကြီးတစ်ခု ဆောက်ပြီး United Jupiter Company ကနေ လုံခြုံရေးတွေ၊စက်ရုပ်တွေအများကြီးနဲ့ ထိန်းချုပ်ထားတယ်။ အဲ့ဒီထောင်မှာ ဂိမ်းရဲ့ Main Character Jacob ဆိုတဲ့အကျဉ်းသားကလည်းပြစ်ဒဏ်ကျခံနေရပါတယ်။အဲ့ဒီလိုနဲ့ တစ်ရက်မှာတော့ ဘယ်ကနေဘယ်လိုဖြစ်မှန်းမသိပဲ Virus Out-Brake ဖြစ်ပွားပြီး ထောင်ထဲက လူသားတွေကို ဗိုင်းရပ်စ်ပိုးတွေကူးစက်သွားကာ Biophage လို့ခေါ်တဲ့အကောင်ကြီးတွေအဖြစ်ပြောင်းသွားပြီး ရောဂါပိုးမကူးပဲ အသက်ရှင်ကျန်တဲ့လူတွေကို လိုက်ကြိတ်ပါတော့တယ်။ဒီအချိန်မှာ ဂိမ်းရဲ့ Main Character Jacob ရဲ့နေရာကနေ Player က ကစားရမှာဖြစ်ပြီး အဲ့ဒီ Biophage ဆိုတဲ့အကောင်ကြီးတွေရဲ့ အန္တရာယ်တွေအပြင် ကြီးမားရှုပ်ထွေး လွန်းတဲ့ Black Iron ဆိုတဲ့ အာကာသထောင်ကြီးထဲကနေပါ လွတ်မြောက်အောင် Survive လုပ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလို Virus Out-Brake အဖြစ်အပျက်တွေရဲ့နောက်ကွယ်က ဖြစ်ရပ်တွေကိုလည်း စုံစမ်းဖော်ထုတ် ရမှာဖြစ်ပြီး ဇာတ်လမ်းအဆုံးအထိ မှန်းရခက်ခဲစေမယ့် Story တစ်ခုကို Player တွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။ Gameplay ပိုင်းမှာတော့ Third Person Perspective View နဲ့ Melee Combat အသားပေး ထားပြီး Weapon တွေအသုံးပြုရတဲ့အခါမှာတော့ Aiming ပိုင်းက အတော်လေးခက်တာကို တွေ့ရမှာဖြစ်ပါတယ်။ဒီအချက် ကလည်း ဂိမ်းကို Realistic ဖြစ်အောင် ပြုလုပ်ထားတဲ့အချက်တစ်ချက်ဖြစ်ပြီး Enemy Creature တွေကို Environmental Object တွေရဲ့ အကူအညီတွေနဲ့လည်း တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ဥပမာ- လည်နေတဲ့ပန်ကာကြီးတွေ, စက်သွားတွေကြားထဲ ကြားထဲကန်ထည့်တာတို့, တွန်းထည့်လိုက်တာတို့ကို လုပ်နိုင် မှာဖြစ်ပါတယ်။ဂိမ်းထဲမှာ Player တွေအတွက် Range Weapon အဖြစ် Enemy တွေ, Object တွေကို အဝေးကနေ တွန်းလို့ ဆွဲလို့ရမယ့် GRP ဆိုတဲ့ ထူးခြားတဲ့ဆွဲငင်အားသုံး လက်နက်တစ်ခုနဲ့ Melee Weapon အဖြစ် လျှပ်စစ်ဒုတ် လိုလို ဓါး လိုလို Weapon တစ်ခုကိုလည်းရရှိမှာဖြစ်ပါတယ်။ “ The Callisto Protocol” ဆိုတဲ့ ဂိမ်းက Player တွေကို ဂိမ်းတစ်လျှောက်လုံးမှာ အကူအညီမဲ့ပြီး တစ်ဦးထဲရှင်သန်ရပ်တည်ရမယ့်ခံစားမှုတွေ၊ အသည်းတစ်ယားယားနဲ့စိတ်လှုပ်ရှားကြောက်ရွံ့မှုတွေကို ပေးနိုင်မယ့် Survival Horror Game ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းက PC, PlayStation နဲ့ Xbox Console Platform တွေအတွက် ဒီဇင်ဘာလ(၂) ရက်နေ့မှာ တရားဝင်ထွက်လာတော့မှာဖြစ်ပြီး အရင် Dead Space Series ဂိမ်းတွေလို Player တွေကြိုက်နှစ် သက်ရတဲ့ Horror Game တစ်ခုဖြစ်လာနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ ဒီဂိမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးချင်တာ တွေရှိရင်လည်း Comment Box မှာ ပြောသွားလို့ရပါတယ်။နောက်ထပ်ဂိမ်း အကြောင်းအရာအသစ်တွေကို Games Scoop ကနေထပ်မံတင်ဆက်ပေးမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး နော်……..

Leave a Reply