PUBG Mobile ရဲ့ အသစ်ထွက်လာတဲ့ Game Mode အသစ်တစ်ခုအကြောင်း
စက်တင်ဘာလ(၂၉)ရက်နေ့ကအသစ်ထွက်လာတဲ့ PUBG Mobile ရဲ့ Update အသစ်မှာ “Gear Front” ဆိုတဲ့ Game Mode အသစ်တစ်ခုပါဝင်လာခဲ့ပါတယ်။အခု Video မှာ‌တော့ “Gear Front” ဆိုတဲ့ Game Mode အသစ် နဲ့ ပတ်သက်ပြီး သိထားသမျှတွေကို မျှဝေပေးသွားမှာပါ။ PUBG Mobile ရဲ့အခုတစ်ခေါက် Update အသစ်မှာပါဝင်လာတဲ့ “Gear Front” ဆိုတဲ့ Game Mode ထဲမှာတော့ Gameplay အသစ်အဆန်းတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ Player တွေအတွက် Skill Gameplay အသစ်တွေ, Strange Town , Strange Garden Party ဆိုတဲ့နေရာအသစ်တွေ, Vehicles Scan ဆိုတဲ့ update အသစ်တွေပါဝင်လာပါတယ်။ အရင်ဆုံး ဒီ Game Mode အသစ်ထဲက Player တွေစိတ်ဝင်စားမယ့် Skill Gameplay တွေအကြောင်းကို ရှင်းပြ ပါ့မယ်။ဒီ Skill Gameplay တွေက (၈)မျိုးပါဝင်မှာဖြစ်ပြီး Player တွေအနေနဲ့ Match တစ်ပွဲအတွက် Skill တစ်ခုကိုသာရနိုင်မှာဖြစ်ပြီး Player တစ်ယောက်ချင်းစီက မတူတဲ့ Skill တွေယူပြီး ကိုယ့် Team အတွက် အကောင်းဆုံးလုပ်နိုင်မှာဖြစ်ပါတယ်။အဲ့ဒီ Skill တွေထဲမှာ -Trace ဆိုတဲ့ Skill က ကိုယ်ပစ်လိုက်တဲ့ Enemy ကို Trace လုပ်နိုင်မှာဖြစ်ပြီး Trace လုပ်ခံရတဲ့ Enemy ရဲ့ ခေါင်းပေါ်မှာ Trace Marker ကပေါ်နေမှာပါ။ -Supply Scan ဆိုတဲ့စကေးကတော့ ကိုယ့်အနီးနားမှာရှိတဲ့ Supply တွေကို Scan လုပ်ပေးနိုင်မယ့် Skill ဖြစ်ပြီး အဲ့ဒီ Skill ကိုတစ်ခါသုံးပြီးရင် Cooldown (၁)မိနစ်ကျော်လောက်စောင်ရမှာဖြစ်ပါတယ်။ -Black Market ဆိုတဲ့ Skill တစ်ခုက Items တွေ, Weapon တွေဝယ်လို့ရမယ့် Market Shop တစ်ခုကို ကြိုက်တဲ့နေရာမှာ အမြန်‌ဆောက်နိုင်မယ့် Skill ဖြစ်ပါတယ်။ -Gliding Doll ဆိုတဲ့ Skill ကတော့ ဒီလိုလေထဲမှာအရုပ်ပူဖောင်းလိုဟာတွေနဲ့ Glid လုပ်ပြီးသွားလာနိုင်တဲ့ Skill ဖြစ်ပြီး တိုက်အမြင့်တွေ၊တောင်ပေါ်တွေကနေခုန်ချတဲ့အခါမှာ တော်တော်လေးအသုံးဝင်မယ့် Skill တစ်ခုပါ။ -Play Zone Analysis ဆိုတဲ့ Skill ကတော့ နောက်ထပ် Zone ဖြစ်မယ့်နေရာကို mini map မှာပြထားပေးမယ့် Skill တစ်ခုဖြစ်ပါတယ်။ -Lucky Backpack ဆိုတဲ့ Skill ကလည်း ဒီ Skill ကိုယူထားတဲ့ Player က သူ့ဆီကမလိုအပ်တဲ့ပစ္စည်းတွေကို Luck Slot ဆိုတဲ့ အကွက်ထဲထည့်ပြီး အမျိုးအစားတူ ပစ္စည်းနောက် တစ်မျိုးကိုပြောင်းပေးနိုင်မှာဖြစ်ပါတယ်။ ဥပမာ- Sniper Compensator လို Item ကို Sniper Suspensor လို Item ကိုပြောင်းပေးမယ့်ပုံစံမျိုးပါ။ -နောက်ထပ် Skill တစ်ခုဖြစ်တဲ့ Healing Smoke ဆိုတဲ့ Skill ကိုယူထားတဲ့ Player က ဒီ Skill ကို အသုံးပြုလိုက်ရင် Special Smoke Grande တစ်ခုကိုပစ်လိုက်မှာဖြစ်ပြီး အဲ့ဒီ Smoke တွေက  Player တွေရဲ့  Health, Energy တွေတစ်ပြိုင်တည်း Heal ပြန်လုပ်ပေးမယ့် Skill ဖြစ်ပါတယ်။ -နောက်ဆုံး Skill တစ်ခုကတော့ Vehicle Air Drop လို့ခေါ်ပြီး ကားတွေကို Air Drop ကနေတစ်ဆင့်ပို့ပေးမယ့် Skill ဖြစ်ပါတယ်။ ဒီ Skil တွေကို အခုထွက်လာတဲ့ Update အသစ်မှာ စက်တင်ဘာ(၂၉)ရက်နေ့ကနေ နိုဝင်ဘာ(၁၄)ရက်နေ့အတွင်း Ranked Mode ရဲ့ Erangel, Livik, Nusa စတဲ့ Map တွေမှာ ကစားနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခေါက်မှာတော့ “Gear Front” ဆိုတဲ့ Game Mode အသစ်ထဲက ပါဝင်လာမယ့် နေရာအသစ်တွေနဲ့ တခြား Update အသစ်တွေကို ထပ်ပြီးတင်ဆက် ပေးမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော်။

Leave a Reply