FIFA (23) မှာ ဘာတွေပြောင်းလဲသွားသလဲ ??????
Sport Game တွေထဲမှာ မသိသူမရှိတဲ့ ဆရာကြီး FIFA ရဲ့ နောက်ဆုံးထွက်လာတဲ့ FIFA(23) ဂိမ်းက အရင်ထွက် ခဲ့တဲ့ FIFA ဂိမ်းတွေနဲ့ ဘာတွေကွာခြားသွားလဲ??? ဒီဂိမ်းမှာရော ဘာတွေပြောင်းလဲလာသလဲ??? ဆိုတာကို တင်ဆက်ပေးသွားပါ့မယ်။ နာမည်ကျော် EA Sports ကနေ နှစ်တိုင်းပုံမှန်ထုတ်လုပ်လာခဲ့တဲ့ FIFA ဂိမ်းရဲ့ နောက်ဆုံးဂိမ်းအသစ် FIFA 23 က ပြီးခဲ့တဲ့ စက်တင်ဘာလ(၃၀)ရက်နေ့မှာ PS4, PS5, Xbox Series X/S, Nintendo Switch နဲ့ PC တို့အတွက် တရားဝင်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။အခုအသစ်ထွက်လာတဲ့ FIFA 23 က EA Sports နဲ့ FIFA တို့ပူးပေါင်း ထုတ်လုပ်ခဲ့တဲ့ franchise Game တွေထဲက နောက်ဆုံးဂိမ်းတစ်ခုဖြစ်ပြီး နောက်နှစ်တွေမှာတော့ EA Sports ကနေ FIFA နာမည်နဲ့ဂိမ်းတွေ ထပ်ထွက်လာတော့မှာမဟုတ်ပဲ အခြားနာမည်တစ်ခုနဲ့သာ ထွက်လာတော့ မှာဖြစ်ပါတယ်။ FIFA (23) မှာ အရင်ထွက်ခဲ့တဲ့ FIFA ဂိမ်းတွေနဲ့မတူတဲ့ အချက်တွေအများကြီးရှိပေမယ့် အခု Video ထဲမှာတော့ FIFA (23)ရဲ့ ပြောင်းလဲလာတဲ့ Details တွေ, အသစ်ပါဝင်လာတဲ့အချက်တွေကို အဓိကထားပြောပြသွားမှာပါ။ ကဲ…ဒီတော့ FIFA (23) ထဲမှာအသစ်ပါဝင်လာတဲ့ Details တွေကို ကျွန်တော်တွေ့ထားသလောက် ပြောပြသွားပါ့မယ်………. တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာတဲ့  FIFA ဂိမ်းတွေက ဂိမ်းတစ်ခုနဲ့တစ်ခုယှဉ်ရင် ကြီးကြီးမားမား ကွာခြားတာ မရှိပေမယ့် FIFA (23) မှာတော့ အရင်ဂိမ်းတွေထပ်ပိုပြီး Gameplay တွေ, Graphic တွေ က Realistic ဖြစ်လာ တာကို တွေ့ရပါတယ်။ အရင်ဆုံးပြောရရင် FIFA (23)မှာတော့  ကျွန်တော်တို့တွေ ပွဲမကန်ခင်မှာ ကစားသမားတွေနဲ့ ပရိသတ်တွေ ကွင်းထဲကို ဝင်လာတဲ့ Cinematic Pre-match scene တွေ, flashback moments တွေ, Commentator တွေရဲ့ Voice Line အသစ်တွေ, BG Music အလန်းစားတွေနဲ့ပြုလုပ်ထားတဲ့ Pre-Match Build-up မြင်ကွင်းတွေမှာ အတော်လေးပြောင်းလဲသွားပါတယ်။နှစ်ဘက်အသင်းကွင်းထဲဝင်ချိန်မှာလည်း ကလေး Mascot တွေလည်း အသစ်ပါဝင်လာတာကိုတွေ့ရပြီး Referee တွေမှာဆိုရင်လည်း Female Referee တွေပါ ပါလာတာကို‌ တွေ့ရ ပါတယ်။Team Update တွေအနေနဲ့ အရင် FIFA ဂိမ်းတွေမှာ Licensed Right မရသေးလို့ Logo နဲ့ Jersey မမှန်ခဲ့တဲ့ Juventus အသင်းရဲ့ Logo နဲ့ Jersey တွေကို ပြန်တွေ့ရမှာဖြစ်ပြီး Serie-A Club Napoli အသင်းကတော့ Licensed Right ကုန်သွားတဲ့အတွက် ဒီဂိမ်းထဲမှာ Logo နဲ့ Jersey မမှန်တော့ပါဘူး။ ဒါ့အပြင် Official Women Club အသင်းတွေလည်းပါလာပြီး အင်္ဂလန်နဲ့ပြင်သစ်နိုင်ငံက Women League (2)ခု ကိုလည်း ကစားနိုင်မှာပါ။နာမည်ကျော် Player တွေရဲ့ Signature Run Style တွေ, Reaction တွေ, Face Expression တွေ ကလည်း ပို Realistic ဖြစ်လာပြီး Skill Move အသစ်တွေလည်းအများကြီးထပ်ပါလာပါတယ်။ Crowd Update အနေနဲ့ ကွင်းထဲက ပရိသတ်တွေရဲ့ Face Emotion တွေ, Celebration တွေမှာ ပို Realistic ဖြစ်လာပြီး  Fifa ပရိသတ်တွေနဲ့ နှစ်တိုင်းရင်းနှီးနေကြ ပရိသတ်တွေထဲမှာ ကလေး ပရိသတ်အသစ်တစ်ယောက် တိုးလာခဲ့ပြီဖြစ်ပါတယ်။Stadium အသစ်တွေလည်း အများကြီးပါလာပြီး ဒီဂိမ်းထဲမှာ Stadium (၁၂၀)ကျော် ပါတယ်လို့သိရပါတယ်။Player အချို့ကတော့ FIFA 23 ရဲ့ Gameplay ပိုင်းက အရင်ဂိမ်းတွေထပ်အနည်းငယ် ပိုနှေးသွားတယ်လို့ပြောကြပေမယ့် ကျွန်တော့် Personal အမြင်အရပြောရမယ်ဆိုရင်တော့ ပိုပြီး Realistic ဖြစ်လာတယ်လို့မြင်မိပါတယ်။ ဂိုးသွင်းအပြီး အောင်ပွဲခံတဲ့ Celebration Style တွေကလည်း အရင်ကထက် ပိုမိုက်လာပြီး အချိန်ပိုမိနစ်တွေအတွင်းအနိုင်ဂိုးသွင်းယူလိုက်တာမျိုးလို အချိန်တွေမှာဆိုရင်တော့ တစ်သင်းလုံး ပါဝင်ပြီး အောင်ပွဲခံတဲ့ Celebration Style တွေလည်း ဂိမ်းထဲမှာ ပါဝင်လာပါတယ်။ဒါ့အပြင် ဂိုးသွင်းအပြီး Replay ပြန်ပြတဲ့ Scene တွေမှာ Camera Angle အသစ်တွေနဲ့, Animation အလန်းစားတွေကို ပေါင်းစပ်ပြုလုပ်ထား တာကြောင့် ကိုယ့်ရဲ့သွင်းဂိုးတွေကို Replay ခဏခဏပြန်ကြည့်တတ်သူတွေ အကြိုက်ပါပဲ။ ဂိုးသွင်း လိုက်ချိန်မှာလည်း ဂိုးပိုက်ရဲ့ လှုပ်ရှားမှုတွေကို Realistic ဖြစ်စေဖို့ ဒီ FIFA 23 ထဲမှာ upgrade ထားတဲ့အပြင် ဂိုးတိုင်ထိသွားချိန်တွေမှာလည်း တိုင်ထိသံနဲ့အတူ ဂိုးပိုက်ရဲ့လှုပ်ရှားမှုအသေးစိတ်တွေကိုပါ မြင်တွေ့နိုင်အောင် ဖန်တီးထားပါသေးတယ်။ အခြား Upgrade ဖြစ်လာတဲ့ Details တွေကို ဆက်ပြောရမယ်ဆိုရင်တော့ အချိန်တော်တော်ကြာသွားမှာ ဖြစ်တာ ကြောင့် အခုတစ်ခေါက်ကိုတော့ ဒီလောက်နဲ့ပဲအဆုံးသတ်ချင်ပါတယ်။ နောက်တစ်ခေါက်မှာတော့ FIFA 23 ရဲ့ အသစ်ပြောင်းလဲထားတဲ့ Playing Style တွေနဲ့ Carrer Mode မှာအသစ်ပါဝင်လာတဲ့ အကြောင်းအရာတွေ ကို ဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါဦးနော်……

Leave a Reply