September လအတွင်း ထွက်ရှိခဲ့တဲ့ Battle Royale Mobile Game အသစ်များ
အားလုံးပဲ အခုတစ်ခေါက်မှာတော့ Mobile Game ပရိသတ်တွေအတွက် ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာ ထွက်ရှိခဲ့တဲ့ အသစ်စက်စက် Battle Royale Mobile Game တွေအကြောင်းကို ပြောပြပေးသွားမှာပါ။ Wild Arena Survivors အခုလို Battel Royale Game တွေကို လူကြိုက်များနေချိန်မှာ နောက်ထပ် Battel Royale Game အသစ်တွေက တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ထွက်လာနေပေမယ့် တစ်ကယ်ကောင်းတဲ့ဂိမ်းတွေက လက်ချိုးရေလို့ရနိုင်ပါ တယ်။အခု တင်ဆက်ပေးမယ့် ဂိမ်းအသစ်တစ်ခုကတော့ “ Wild Arena Survivors ” ဆိုတဲ့ Battel Royale Survival ဂိမ်းဖြစ်ပါတယ်။Ubisoft ကနေ ဖန်တီးထားတဲ့ ဒီ “ Wild Arena Survivors ” ဆိုတဲ့ဂိမ်းဟာ Free To Play ဂိမ်းတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့လက အသစ်ထွက်ရှိလာတာဖြစ်ပါတယ်။ “ Wild Arena Survivors ” ထဲမှာ Player တွေဟာ Billionaier တစ်ဦးရဲ့ Private ကျွန်းတစ်ခုပေါ်မှာပြုလုပ်တဲ့ Wild Call Festival ဆိုတဲ့ပွဲကြီးတစ်ခုမှာ ပါဝင်ရတဲ့ Survivors တွေအဖြစ်ပါဝင်ရမှာဖြစ်ပြီး အဲ့ဒီပွဲကြီးမှာ နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့ Survivor တစ်ဦးကသာ အနိုင်ရရှိမှာဖြစ်ပါတယ်။  ဒီဂိမ်းကတော့ Battel Royale Game ပရိသတ်တွေအတွက် Gameplay Experienced အသစ်တွေပေးနိုင်မယ့်ဂိမ်းတစ်ခုဖြစ်ပြီး ဂိမ်းရဲ့ Visual Style တွေ၊ Graphic အနေအထား တွေကလည်း PC မှာ နာမည်ကြီးခဲ့တဲ့ Borderlands နဲ့ဆင်တူသလို ရှိပါတယ်။ ဂိမ်းရဲ့ Match တစ်ပွဲမှာ Player အယောက်(၄၀)အထိ ပါဝင်နိုင်မှာဖြစ်ပြီး ဂိမ်းတစ်ပွဲကို အချိန်(၁၀)မိနစ်သာကြာမှာဖြစ်တာကြောင့် တစ်ပွဲတစ်ပွဲကို အချိန်အကြာကြီးမဆော့ချင်တဲ့ ပရိသတ်တွေအကြိုက်တွေ့စေမှာဖြစ်ပါတယ်။ ဒါ့အပြင် Solo Mode, Duo Mode တွေနဲ့လည်းကစားနိုင်မှာပါ။ Player တွေအနေနဲ့ ဒီဂိမ်းထဲမှာ ပါဝင်တဲ့ Unique Survivors (၁၃)ကောင်ထဲကကြိုက်တဲ့ Survivors တစ်ကောင်ကို ရွေးချယ်ကစားနိုင်မှာဖြစ်သလို Survivors တစ်ကောင်ချင်း စီမှာလည်း မတူညီတဲ့ Skills တွေ၊ Abilities တွေ၊ Playstyle တွေပါဝင်ပါတယ်။စဆော့ဆော့ချင်းမှာ Survivors အကုန်လုံးကို ဆော့လို့ရမှာမဟုတ်ပေမယ့် Player Lvl မြင့်လာတာနဲ့အမျှ တခြား Survivors တွေကို ဆော့နိုင်မှာ ဖြစ်ပါတယ်။Game ထဲမှာ Player တွေဟာ တခြား Battel Royale Game တွေလို Loots တွေ, Weapon တွေ လိုက်ကောက်တာ၊ တခြား enemy တွေနဲ့ Fight ရတာတွေအပြင် ကိုယ့်ကို Spell တွေသုံးပြီး တိုက်ခိုက်နိုင်တဲ့ ‌တောရိုင်းတိရိစ္ဆာန်တွေကိုလည်း kill ရမှာဖြစ်သလို အဲ့ဒီအကောင်တွေ သေသွားရင်တော့ Player က Gold တွေ, Health တွေ ပြန်ရမှာဖြစ်ပါတယ်။အခုလို Graphic ရော၊ Gameplay ပိုင်းမှာပါ Player တွေကို အတွေ့အကြုံ အသစ်အဆန်းတွေပေးနိုင်မယ့် “ Wild Arena Survivors ” ဆိုတဲ့ ဂိမ်းကို Android နဲ့ iOS ဖုန်းတွေမှာ ကစားနိုင်ပြီ ဖြစ်ပြီး ဆော့ချင်တဲ့ ဘော်ဒါတွေကတော့ Google Play Store နဲ့ Apple App Store တွေမှာ Free Download ရယူနိုင်မှာဖြစ်ပါတယ်။ Project: Blood Strike ပြီးခဲ့တဲ့လကအသစ်ထွက်လာခဲ့တဲ့ Project: Blood Strike ဆိုတဲ့ Battel Royale Game အသစ်ကတော့ Mobile Gamer တွေကြားထဲမှာ Call Of Duty Warzone Mobile ကို Copy လုပ်ထားတဲ့ဂိမ်းတစ်ခုလို့ လူသိများ နေတဲ့ဂိမ်းတစ်ခုပါ။ First Person Perspective View နဲ့ကစားရမယ့် Project: Blood Strike ဆိုတဲ့ ဂိမ်းက Neteast Games ကနေ ဖန်တီးထားတာဖြစ်ပြီး PUBG Mobile, Call of Duty Mobile တို့လို ဂိမ်းတွေကို ကစားဖူး သူတွေအတွက် သိပ်မစိမ်းတဲ့ Gameplay ပုံစံမျိုးရှိမှာဖြစ်ပါတယ်။Player တွေအနေနဲ့ ဂိမ်းထဲမှာ ရွေးချယ်နိုင်မယ့် Character (8) ကောင်အထိပါဝင်မှာဖြစ်ပြီး အဲ့ဒီ Character တစ်ကောင်ချင်းစီမှာလည်း Battel ထဲမှာ အသုံးပြုလို့ ရမယ့် Skill တစ်ခုချင်းစီပါရှိမှာပါ။ Weapon Loadout တွေကိုလည်း စိတ်ကြိုက် Customize လုပ်လို့ရမှာဖြစ် သလို ရွေးချယ်စရာ Weapon တွေအများကြီးလည်း ဂိမ်းထဲမှာပါဝင်မှာဖြစ်ပါတယ်။ဒါ့အပြင် ကိုယ်သေသွားတဲ့အခါ ကိုယ့် Teammate တွေပွဲထဲမှာ ကျန်နေသေးရင် အကြိမ်အကန့်အသတ်မရှိ ပြန်ရှင်နိုင်မှာဖြစ်ပြီး ဂိမ်းထဲက ရရှိတဲ့ Currency တွေနဲ့ COD War Zone ထဲကလို Item တွေဝယ်နိုင်တာ၊ Vehicle တွေခေါ်တာ၊ VAV ခေါ်ပြီး Enemy တွေကို Bomb ကြဲချနိုင်တာ စတာတွေကိုလုပ်နိုင်မှာပါ။ Game ရဲ့ Graphic ပိုင်းက တခြား နာမည်ကြီးဂိမ်းတွေနဲ့ တော့မယှဉ်နိုင်ပေမယ့် သူ့ဟာနဲ့သူ ဆော့လို့အဆင်ပြေတဲ့ အနေအထားမှာရှိနေပါတယ်။ ဒီဂိမ်းကို Android နဲ့ iOS ဖုန်းတွေမှာကစားနိုင်မှာဖြစ်ပြီးတော့ သက်ဆိုင်ရာ Mobile App Store တွေမှာ Free Download လုပ်ပြီးကစားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် (၂၀၂၃)မှာ ထွက်လာမယ့် Call Of Duty Warzone Mobile ကို မစောင့်နိုင်တဲ့ သူတွေရှိရင်တော့ အဲ့ဒီဂိမ်းနဲ့ပုံစံတူတဲ့  ဒီ Project: Blood Strike ဆိုတဲ့ ဂိမ်းအသစ်ကို စမ်းသပ်ဆော့ကြည့်ဖို့ အကြံပေးချင်ပါတယ်။ အခုတင်ဆက်ပေးလိုက်တဲ့ Game အသစ်တွေကို ဆော့ပြီးသွားရင်လည်း ဘော်ဒါတို့ရဲ့ Experienced တွေကို Comment Box မှာ Share ပေးသွားကြပါဦး။

Leave a Reply