လက်ရှိ Sport , Racing Game တွေထဲက Underrated အဖြစ်ဆုံး ဂိမ်းတစ်ခုအကြောင်း
Crew , Froza Horizon တို့လို နာမည်ကြီး Sport, Racing Game တွေကို လူကြိုက်များနေချိန်မှာ အဲ့ဒီဂိမ်းတွေလိုပဲ Sport Open World Game ကောင်းတစ်ခုကတော့ Underrated ဂိမ်းဖြစ်နေရပါတယ်။ YouTube Video တွေထဲမှာ Graphic လန်းလန်းနဲ့အမိုက်စား Extreme Sport Racing Game ဂိမ်းတစ်ခုကို တွေ့ခဲ့ရပေမယ့် ဒီဂိမ်းအကြောင်းက အပေါ်ကပြောခဲ့တဲ့ဂိမ်းတွေလောက်တော့ ပရိသတ်တွေကြားမှာသိပ်ရေပန်းစားမနေပါဘူး။ ဒါကြောင့် “Rider Republic” လို့ခေါ်တဲ့ Sport Open World Game တစ်ခုအကြောင်းကို တင်ဆက်ပေးမှာပါ။ “Rider Republic” ဂိမ်းဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက ထွက်လာခဲ့ပြီး PC နဲ့ PlayStation , Xbox Console တွေမှာဆော့နိုင်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ Developer Ubisoft ကတော့ “Rider Republic” ဟာ Sport ဂိမ်းတွေထဲမှာ Multiplayer အများဆုံးပါဝင်ကစားနိုင်မယ်လို့ဆိုထားပြီး Game Match တစ်ပွဲမှာ Real Player အများဆုံး (၆၄)ဦးအထိပါဝင်နိုင်မှာပါ။“Rider Republic” ဂိမ်းက Extreme Sport, Racing Game တစ်ခုဆိုပေ မယ့် အရင်ကထွက်ခဲ့တဲ့ Extreme Sport ဂိမ်းတွေလို Simulation အသားပေးဂိမ်းတစ်ခုမဟုတ်ပဲ Real Life က Extreme Sport အမျိုးအစားတွေရဲ့ တကယ့်အရသာအစစ်ကို ပေးနိုင်မယ့်ဂိမ်းတစ်ခုပါ။ Game ကိုဖန်တီးချိန်က Gameplay Mechanic တွေကို Accurate ဖြစ်စေဖို့နဲ့ Realistic ဖြစ်စေဖို့အတွက် Extreme Sport Player တွေ၊ Specialist တွေပါဝင်တဲ့ Team တစ်ခုနဲ့ပူးပေါင်းဖန်တီးခဲ့တယ်လို့လည်းသိရပါ တယ်။ “Rider Republic” စထွက်ထွက်ချင်းမှာ Multiplayer Mode အတွက် Mountain Biking, Skiing, Snowboarding, Wingsuit Flying ဆိုတဲ့ Sport အမျိုးအစားတွေပါဝင်ခဲ့ပေမယ့် နောက်ပိုင်း Season Update တွေမှာတော့ Jumbo Bike, BMX စတဲ့ Sport အမျိုးအစားအသစ်တွေထပ်မံပါဝင်လာခဲ့ပါတယ်။ Single Player သမားတွေအတွက်တော့ အခြား Sport Game တွေလိုပဲ Career Mode တစ်ခုပါဝင်ပြီး အဲ့ဒီထဲမှာ Bike Freestyle, Bike Racing, Snowboard/Ski Freestyle, Snowboard/Ski Racing, Wingsuit, Rocket Wingsuit အပြင် အခြား Extreme Sport အမျိုးအစားတွေထဲက Player စိတ်ကြိုက် Sport အမျိုးအစားတွေကို ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် Team တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် Trick တွေ၊ Skill တွေပြပြီး ပြိုင်ရမယ့်Tricks Battle Arena ဆိုတဲ့ 6v6 competitive multiplayer mode , Extreme Sport အမျိုးအစား(၃)(၄)မျိုးလောက်ကိုတစ်ပွဲ ထဲမှာယှဉ်ပြိုင်ရမယ့်”Riders Ridge Invitational” ဆိုတဲ့ Multi Sports Mode တွေလည်းပါဝင်မှာဖြစ်ပါတယ်။ “Rider Republic” ဂိမ်းက Open World Sport ဂိမ်းတစ်ခုဖြစ်တာကြောင့် Game Map Size ကတော်တော်ကျယ် ပြီး ဒီဂိမ်းရဲ့ Map ကို အမေရိကန်နိုင်ငံရဲ့ နာမည်ကျော် National Park (၇)ခုကို ပေါင်းစပ်ပြီးဖန်တီးထားတယ်လို့ လည်းသိရပါတယ်။ဒီဂိမ်းရဲ့ Visual Design တွေ, Graphic ပိုင်းတွေကိုလည်း ပရိသတ်တွေအကြိုက်တွေ့စေမယ့် ပုံစံမျိုးဖြစ်အောင်ဖန်တီးထားပြီး ဂိမ်းထဲမှာ Player အနေနဲ့ Bike အမျိုးအစားတွေ၊ အခြား Gea‌r အမျိုးအစားတွေ မျိုးစုံကိုလည်း အသုံးပြုနိုင်မှာဖြစ်သလို စိတ်ကြိုက် Costume ဒီဇိုင်းတွေကိုလည်း ရွေးချယ်ဝတ်ဆင်နိုင်မှာပါ။ ဒီလို Gameplay ကောင်းကောင်းနဲ့ Extreme Sport အမျိုးအစားအစုံပါဝင်တဲ့ Game ကို Open World Map အကျယ်ကြီးမှာ Collectibles တွေလိုက်စုရင်း ပြိုင်ပွဲအမျိုးအစားတွေအများကြီးကို ယှဉ်ပြိုင်ကစားချင်တဲ့ ပရိသတ်တွေကတော့ “Rider Republic” ဂိမ်းက ရွေးချယ်သင့်တဲ့ဂိမ်းတစ်ခုပါ။ ဒါ့ကြောင့် Game Reviewer တွေရဲ့ Review Score တွေ, Player Rating တွေမှာ Rating ကောင်းတွေရရှိနေ ပေမယ့် ထင်သလောက် ပရိသတ်တွေကြားထဲမှာ နာမည်သိပ်မရနေတဲ့ ဒီ “Rider Republic” ဂိမ်းကို မဆော့ရ သေးတဲ့ ဘော်ဒါတွေအနေနဲ့  Try သင့်ပြီး ဆော့ပြီးတဲ့ ဘော်ဒါတွေကလည်း ဒီဂိမ်းရဲ့ Experience တွေကို Comment Box မှာရေးပေးသွားကြပါဦီးနော်…….

Leave a Reply