“God Of War : Ragnarok”
အားလုံးပဲစောင့်မျှော်နေကြတဲ့ “God Of War : Ragnarok” ဂိမ်းကတော့ မကြာမီမှာထွက်ရှိလာတော့မယ်ဆိုတာ သိပြီးကြမယ်ထင်ပါတယ်။ ဒီလို Gamer တွေတော်တော်များများ လုံးဝ Hype နေကြတဲ့ “God Of War : Ragnarok” ဂိမ်းရဲ့ Story Trailer အသစ်တစ်ခုကို ပြီးခဲ့တဲ့ Week မှာ PlayStation ကနေ ကျင်းပခဲ့တဲ့ State of Play Event မှာ ချပြခဲ့ပါတယ်။ဒါကြောင့် အခုတစ်ခေါက်မှာ “God Of War : Ragnarok” ရဲ့ နောက်ဆုံး ထွက်ရှိလာတဲ့ Trailer ထဲက အကြောင်းအရာတစ်ချို့ကို ပြောပြသွားမှာပါ။ ပရိသတ်တွေသိထားကြတဲ့ “God Of War : Ragnarok” ဟာ (၂၀၁၈)ခုနှစ်က ထွက်ခဲ့တဲ့ “ God of War ”ရဲ့ Sequel Game ဖြစ်ပြီး PlayStation ရဲ့ PS4, PS5 တို့အတွက် လာမယ့် နိုဝင်ဘာလ(၉)ရက်နေ့မှာ အရင်ဦးဆုံး ထွက်ရှိလာမှာဖြစ်ပေမယ့်  PC လို တခြားPlatform တွေအတွက်ကိုတော့ ဘယ်အချိန်မှာထွက်လာမလဲဆို တာ မသိရသေးပါဘူး။ State of Play Event မှာ မိတ်ဆက်ခဲ့တဲ့ “God Of War : Ragnarok” ရဲ့ Story Trailer ထဲမှာတော့ Visual Design အလန်းစားတွေ၊ Enemy Type အသစ်တွေ၊ Playing Mechanic အသစ်တွေ၊ Location အသစ်တွေနဲ့ Beast ကြီးတွေကို ပြသသွားခဲ့ပါတယ်။အဲ့ဒီ Story Trailer အစမှာတော့ Kratos ရဲ့ အရွယ်ရောက်လာတဲ့ သားဖြစ်သူ Atreus ဟာ သူရဲ့လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းဖို့အတွက် တစ်ယောက်ထဲပြောဆိုနေတဲ့ Scene နဲ့စတင်ထားပါတယ်။အဲ့ဒီနောက်မှာတော့ Kratos ကြီးဟာ သူ့ရဲ့ Wepaon တွေဖြစ်တဲ့ Leviathan Axe နဲ့ Blades of Chaos တို့ကိုစိတ်ပျက်လက်ပျက်နဲ့ ပစ်ချလိုက်ပြီး သူ့အနေနဲ့ဘာအကြောင်းကြောင့် စိတ်ပျက်နေရတာလဲဆိုတာကိုတော့ ပြောဖို့ခက်ပါတယ်။ နောက် Scene တစ်ခုမှာတော့ God တစ်ပါးဖြစ်တဲ့ Tyr ကိုဖမ်းချုပ်ထားတဲ့နေရာတစ်ခုကနေ  Kratos ကလွှတ်ပေးခဲ့ပြီး ဒီလို Tyr ကို လွှတ်ပေးခဲ့တာက ဒီဂိမ်းရဲ့အဓိကအကြောင်းအရာတစ်ခုဖြစ်တဲ့ Ragnarok ဖြစ်ရပ်ကိုတားဆီးနိုင်မယ့် နည်းလမ်းကို ရှာဖွေရမယ့် ခရီးမှာ Tyr ကဦးဆောင်သွားရမှာဖြစ်လို့ပါ။ အဲ့ဒီနောက်မှာတော့ Kratos တို့ရဲ့အိမ်လေး ကို Thor နဲ့ Baldur တို့ရဲ့အဖေဖြစ်သူ Odin ကိုယ်တိုင် ရောက်ရှိလာကာ Kratos တို့သားအဖ(၂)ဦးကို ခြိမ်းခြောက် စကားတွေ ပြောဆိုသွားခဲ့ပြီး Ragnarok ဖြစ်ရပ်ရဲ့ နမိတ်ပုံတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။နောက် Scene မှာ တော့ Atreus ဟာ သူသိမ်းဆည်းထားတဲ့ ကျောက်တုံးလေးတစ်ခုကို ကိုင်ထားတာကိုတွေ့ရပြီး အဲ့ဒီကျောက်တုံး ကို သိမ်းထားတဲ့အတွက် သူရဲ့ဖခင်ဖြစ်သူ Kratos နဲ့ ငြင်းခုံနေရတဲ့ အခန်းတွေကိုလည်းပြသသွားခဲ့ပါတယ်။ အဲ့ဒီ ကျောက်တုံးလေးက ဒီ Ragnarok ထဲမှာပါဝင်လာမယ့် Sköll နဲ့ Hati ဆိုတဲ့ Giant Wolf ကြီးတွေကို Control လုပ်နိုင်တဲ့ Power တွေရှိနိုင်မယ်လို့ Blog အချို့မှာ ဖော်ပြထားပါတယ်။ ဆက်လက်ပြီး Trailer ထဲမှာ  Valkyrie (၂)ကောင်နဲ့ Kratos တို့သားအဖနဲ့ တိုက်ခိုက်နေတဲ့ Fight Scene တစ်ခုလည်းပါဝင်လာခဲ့တဲ့အတွက် ဒီ Ragnarok ဂိမ်းထဲမှာလည်း Valkyrie ဘယ်နှစ်ကောင်နဲ့ Fight ရဦးမလဲဆိုတာကတော့စိတ်ဝင်စားစရာပါ။ ဒါ့အပြင် တခြား Giant Monster တွေ၊ Enemy တွေနဲ့ တွေ့ဆုံတဲ့ Combat Scene တွေကိုလည်းပြသသွားခဲ့ပြီး ဒီ Scene တွေကနေ Ragnarok ရဲ့ Gameplay Mechanic ပုံစံအသစ်တွေကိုမြင်ခဲ့ရကာ “ God of War ”(၂၀၁၈) ထဲမှာ မပါဝင်ခဲ့တဲ့ Grappling Hook ကို ပြန်အသုံးပြုနိုင်မယ့် Playing Style ကို ပြသသွားခဲ့ပါတယ်။ အဲ့ဒီ Grappling Hook နဲ့ အမြင့်နေရာတွေကို တက်တာတွေ၊ ကျောက်တုံးတွေကို ချိတ်ပြီး Enemy တွေကို ပစ်ပေါက် တာတွေကို လုပ်နိုင်မှာဖြစ်ပြီး Kratos ရဲ့ Shield ကိုလည်း ဒီဂိမ်းထဲမှာ Upgrade လုပ်ထားပေးတယ်လို့ သိရပါတယ်။ “ God of War ”(၂၀၁၈) တုန်းကတော့ ဂိမ်းထဲမှ Norse Realms (3)ခုကိုသာ သွားနိုင်ခဲ့ပေမယ့် အခု Ragnarok မှာတော့ Norse Realms (9)ခုလုံးကို သွားလာနိုင်မှာဖြစ်ပါတယ်။ “God Of War : Ragnarok” ရဲ့နောက်ဆုံးထွက်ရှိလာတဲ့ Story Trailer နဲ့ အခြားထွက်ရှိခဲ့ပြီးတဲ့ Trailer တွေ အရတော့ ဒီဂိမ်းရဲ့ Story အဆုံးသတ်ဟာ ဘယ်လိုတွေဖြစ်လာနိုင်မလဲဆိုတာ အားလုံးစိတ်ဝင်စားနေကြပြီး Game Developer Santa Monica Studios ရဲ့ပြောထားချက်အရ “God Of War : Ragnarok” ဟာ Norse Era ရဲ့ နောက်ဆုံး ဇာတ်လမ်းတစ်ခုဖြစ်လာမယ်လို့သိရပါတယ်။ အခုတင်ဆက်ပေးခဲ့တဲ့ အကြောင်းအရာနဲ့ပတ်သတ်ပြီး ဆွေးနွေးချင်တာတွေရှိရင်လည်း Comment Box မှာ ရေးပေးသွားလို့ရပါတယ်။ နောက်အခေါက်တွေမှာလည်း Games Scoop အစီအစဉ်ကနေ ပိုကောင်းတဲ့ Game အကြောင်းအရာတွေကို ထပ်မံတင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော်………

Leave a Reply