Highlights From PlayStation’s State of Play (Sept 2022) EP-2
အားလုံးပဲမင်္ဂလာပါ။ အခုတစ်ခေါက် မှာတော့ PlayStation ရဲ့ State of Play Event ကနေ မိတ်ဆက်ခဲ့တဲ့ Third-Person  Sci-Fi Game အသစ်တစ်ခုနဲ့ Next Gen Console PS5 Exclusive ဂိမ်းအသစ်တွေအကြောင်းကို တင်ဆက်ပေးသွားမှာပါ။ စက်တင်ဘာလ(၁၃)ရက်နေ့ကကျင်းပခဲ့တဲ့ PlayStation ရဲ့ State of Play Event မှာ Anime ဆန်ဆန် Third-Person  Sci-Fi Game အသစ်တစ်ခုကို မိတ်ဆက်သွားခဲ့ပါတယ်။ ဒီနှစ်ရဲ့ State of Play Event မှာတော့ PlayStation နဲ့ အခြား Platform တွေမှာကစားနိုင်မယ့် ဂိမ်းအမျိုးအစားအစုံအလင်ကို မိတ်ဆက်သွားခဲ့တဲ့အပြင် PlayStation ရဲ့ Next Gen Console ဖြစ်တဲ့ PS5 Exclusive ဂိမ်းအသစ်တွေကိုလည်း မိတ်ဆက်သွားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေက Gamer တော်တော်များများ “Project Eve” လို့သိထားကြတဲ့ Korean Sci-Fi Action- RPG ဂိမ်းက အခုဆိုရင် “ Stellar Blade ” ဆိုတဲ့နာမည်နဲ့ လာမယ့်(၂၀၂၃)ခုနှစ်အတွင်းမှာထွက်လာတော့မှာ ဖြစ်ပါတယ်။ဒီဂိမ်းကိုစတင်မိတ်ဆက်ချိန်က PC နဲ့ Xbox Platform တွေအတွက်သာ ထွက်လာမယ်လို့ သတင်းတွေ ထွက်လာခဲ့ပေမယ့် တကယ်မိတ်ဆက်ချိန်မှာတော့ PS5 Exclusive ဂိမ်းတစ်ခုအဖြစ် မိတ်ဆက်ခဲ့တာကြောင့် ပရိသတ်တွေကို အနည်းငယ်အံ့ဩသွားစေခဲ့ရပါတယ်။ဒီဂိမ်းကို ကိုရီးယားနိုင်ငံအခြေစိုက် Game Developer Company ဖြစ်တဲ့ Shift Up Corp. ကနေ ဖန်တီးထားပြီး ဂိမ်းရဲ့ Main Character “Eve” ဆိုတဲ့ စက်ရုပ်မလေးက အတော်လေးမိုက်သလို သူ့ရဲ့ Fighting Skill တွေ, Ability တွေကိုလည်း အကြမ်းကြီး ဖြစ်အောင် ဖန်တီးထားပါတယ်။ “ Stellar Blade ”ရဲ့ Story အကျဉ်းချုံးကိုပြောရမယ်ဆိုရင်တော့ “ Eve ” ဆိုတဲ့စက်ရုပ်မလေးက မျိုးတုန်းပျောက်ကွယ်သွားတဲ့ ကမ္ဘာကြီးကို ပြန်လည်ကယ်တင်ဖို့အတွက် သူမရဲ့အဖွဲ့ဝင်စက်ရုပ်တွေနဲ့အတူ ရောက်ရှိလာပြီး သက်ရှင်ကျန်ရစ် ခဲ့တဲ့ လူသားမျိုးနွယ်တွေနဲ့တွေ့ဆုံခဲ့တယ်…… အဲ့ဒီနောက်မှာ ကမ္ဘာကြီးကိုမျိုးတုန်းပျောက်ကွယ်သွားအောင် ဒုက္ခပေးနေတဲ့ NA:tive ဆိုတဲ့ ဂြိုလ်သားဗိုင်းရပ်စ်ကူးခံထားရတဲ့ Creature တွေ, Monster တွေကို တိုက်ခိုက်ပြီး  ကမ္ဘာကြီးကိုပြန်လည်တည်ဆောက်ဖို့ လုပ်ဆောင်နေရင်း လူသားမျိုးနွယ် Adam ဆိုတဲ့ ကောင်လေးနဲ့ နီးစပ်သွားခဲ့ပါတော့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့ စက်ရုပ်မလေး  “ Eve ” အနေနဲ့ ဘယ်လိုတွေ ကြုံတွေ့ရမလဲဆိုတာကိုတော့ ဂိမ်းတရားဝင်ထွက်ရှိလာချိန်မှ သိရမှာဖြစ်ပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့် ဂိမ်းတစ်ခုကတော့ (၂၀၂၄)ခုနှစ်အတွင်းမှာမှ PS5 Exclusive ဂိမ်းအဖြစ်ထွက်လာမယ့် Open World Samurai Action RPG ဂိမ်း “Rise of The Ronin” ပဲဖြစ်ပါတယ်။ဒီဂိမ်းကို Team Ninja  ဆိုတဲ့ Game Studio ကနေ လွန်ခဲ့တဲ့(၇)နှစ်လောက်ထဲကစတင်ဖန်တီးခဲ့ပြီး အခုနှစ် State of Play Event မှာမှ ပရိသတ်တွေနဲ့ ပထမဆုံးမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။“Rise of The Ronin” ကို (၁၈၆၃)ခုနှစ်၊ ဂျပန်နိုင်ငံရဲ့ပြည် တွင်းစစ်ဖြစ်နေချိန်အတွင်းမှာ တည်ထားပြီး ဂိမ်းရဲ့အဓိကဇာတ်ကောင် Ronin ကိုလည်း သူ့ကိုထိန်းချုပ်မယ့် Master တွေ၊စည်းမျဉ်းတွေမရှိပဲ လွတ်လွတ်လပ်လပ်လုပ်ဆောင်နိုင်မယ့် Warrior တစ်ယောက်အဖြစ်ဖန်တီးထားပါတယ်။ ဒါတင်မကသေးပဲ အဲ့ဒီခေတ်အချိန်ကာလက အသုံးပြုကြတဲ့ Katana ဓါးအပြင် အခြား Firearms တွေကိုလည်း အသုံးပြုနိုင်မှာပါ။Game ရဲ့ Story အသေးစိတ်ကိုတော့ မသိရသေးပေမယ့် Open World ဂိမ်းတစ်ခုဖြစ်တာကြောင့် ဂိမ်းတစ်လျှောက်မှာ ဇာတ်ကောင်အများအပြားက ပါဝင်လာဖို့တော့ရှိနေပါတယ်။ Combat အသားပေးဂိမ်းဖြစ်တဲ့အတွက် ဂိမ်းထဲက Combat Scene တွေကိုလည်း အမိုက်စားပုံစံမျိုးဖြစ်အောင် ဖန်တီးထားတာကိုတွေ့ရပြီး ထွက်ရှိခဲ့ပြီးတဲ့ PlayStation ရဲ့ နာမည်ကျော် ဆာမူရိုင်းဂိမ်း Ghost Of Tsushima ထက် ပိုကောင်းတဲ့ နောက်ထပ်ဆာမူရိုင်းဂိမ်းတစ်ခုကို မြင် တွေ့ရနိုင်မလားဆိုတာကိုတော့ တရားဝင်ထွက်လာမယ့် အချိန်အထိ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Leave a Reply