“ Black Myth : Wukong ” ဂိမ်းရဲ့ သင် မသိသေးတဲ့အချက်များ…….
ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ “အနောက်အရပ်သို့ ခရီးသွားခြင်း”/ “Journey To The West” ဆိုတဲ့ ဇာတ်လမ်းတွဲထဲက လူကြီး/လူငယ်မရွေး ကြိုက်ခဲ့ရတဲ့ မျောက်မင်းစွန်းဝူခုန်းကို ဂိမ်းတွေအတော်အများမှာ မြင်တွေ့ခဲ့ရပြီးပြီဆိုပေမယ့် သူ့ရဲ့ Story နဲ့သီးသန့်ထွက်ရှိလာမယ့် ဂိမ်းကို မကြာမီ တွေ့ရတော့မှာဖြစ်ပါတယ်။ ဒီတစ်ခေါက် Games Scoop အစီအစဉ်ကနေ ဝူခုန်းဂိမ်း လို့ လူသိများတဲ့ “ Black Myth : Wukong” ဂိမ်းထဲက ပရိသတ်တွေ မသိသေးတဲ့ စိတ်ဝင်စားစရာအချက်တွေကို  တင်ဆက်ပေးမှာဖြစ်ပါတယ်။ Development အရင်ဆုံး ဒီဂိမ်းကို ဖန်တီးထားတဲ့ Developer အကြောင်းကိုပြောပြချင်ပါတယ်။ဒီ “ Black Myth : Wukong ” ဂိမ်း က AAA Type Action – Adventure, RPG ဂိမ်းတစ်ခုဆိုပေမယ့် ဒီဂိမ်းကို Game Science ဆိုတဲ့ တရုတ်နိုင်ငံရဲ့ Indie Game Developer ကနေ ဖန်တီးထားတာဖြစ်ပါတယ်။(၂၀၁၉)ခုနှစ်လောက်ထဲက စဖန်တီးခဲ့တာကြောင့် အခုအချိန်အထိဆို (၃)နှစ်ကျော်ကြာနေပြီဖြစ်ပြီး  အဲ့ဒီအတောအတွင်းထဲမှာ Unreal Engine 4 ကနေ Unreal Engine 5 ကို ပြောင်းလဲအသုံးပြုကာ ဖန်တီးခဲ့ပါတယ်။ထွက်ခဲ့ပြီးတဲ့ Game Trailer တွေအရတော့ Game ရဲ့ Graphic ပိုင်း၊ In-game Detail ပိုင်း၊ Character Development ပိုင်းတွေမှာ Impressive ဖြစ်လောက်စရာ အနေအထားတွေကို တွေ့ခဲ့ရပြီး ဒီဂိမ်းထဲမှာ ပါဝင်မယ့် Character တွေ၊ Boss တွေရဲ့ Movement တွေကိုလည်း နောက်ဆုံးပေါ် Motion Capture နည်းပညာကို အသုံးပြုဖန်တီးထားတယ်လို့ Game Science က ဖော်ပြထားပါတယ်။ ဒီ “ Black Myth : Wukong ”ရဲ့ Gameplay ပိုင်းကို Souls Like Game လိုဆိုတဲ့ Gameplay ပုံစံမျိုး ဖန်တီးထားပြီး အဲ့ဒီပုံစံက Elden Ring , Sekiro တို့လို Souls Game တွေလောက် တော့ ခက်မှာမဟုတ်ပါဘူး။ “ Black Myth : Wukong ” ရဲ့ Official Released Date ကိုတော့ အတိအကျ မသိရသေးပေမယ့် Developer Game Science ကတော့ လာမယ့်(၂၀၂၃)မှာ ထွက်လာမယ်လို့ ပရိသတ်တွေကို ချွေးသိပ်ထားပါတယ်။ Character & Abilities ဒီဂိမ်းရဲ့ Main Character “မျောက်” က ပရိသတ်တွေထင်ထားသလို မျောက်မင်းစွန်းဝူခုန်း မဟုတ်ပဲ စွန်းဝူခုန်းလို Power တွေရရှိထားတဲ့ မျောက်တစ်ကောင်ပါ။ဘာကြောင့်လဲဆိုတော့ ထွက်ခဲ့ပြီးတဲ့ ဂိမ်းရဲ့ Official Trailer တွေထဲမှာ Main Character “မျောက်”နဲ့ စွန်းဝူခုန်းတို့တွေ့ဆုံတဲ့ Scene တစ်ခုအပြင် နောက်ထပ်မျောက်(၂) ကောင်ကိုလည်း ပြသွားခဲ့လို့ပါ။ ဂိမ်းရဲ့ Story အသေးစိတ်ကိုတော့ လက်ရှိအချိန်အထိ မသိရသေးပေမယ့် ဂိမ်းရဲ့ဇာတ်ကောင်မျောက်ဟာ နောက်ပိုင်းမှာ မျောက်မင်းစွန်းဝူခုန်း ဖြစ်လာမလား??? ဘယ်လိုတွေ အဆုံးသတ်သွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာ အချက်တစ်ခုဖြစ်ပါတယ်။ တရုတ်ဒဏ္ဍာရီတွေထဲမှာတော့ စွန်းဝူခုန်းက Form (72)မျိုးအထိ ပြောင်းနိုင်တဲ့အစွမ်းရှိတယ်လို့ဆိုထားပြီး ဒီဂိမ်းထဲက ဇာတ်ကောင်မှာလည်း ဝူခုန်းလို Form ပြောင်းနိုင်တဲ့ Abilities ရှိနေပေမယ့် ဘယ်နှစ်မျိုးအထိ ပြောင်းလို့ရနိုင်မလဲဆိုတာကလည်း မသိရသေးပါဘူး။ ဒါ့အပြင် Attack system ကိုလည်းသေသေချာချာ မသိရသေးပေမယ့် Light, Heavy Attack တွေအပြင် Special Attack (၄)(၅)မျိုးလောက်ကို အသုံးပြုနိုင်မှာဖြစ်ပြီး ကိုယ်သွေးနည်နေချိန်မှာ ပြန် Heal ပေးတာ၊ အနိုင်ယူပြီးတဲ့ Boss တွေရဲ့ Form ပြောင်းပြီး တိုက်ခိုက်နိုင်တာ နဲ့ ဝူခုန်းရဲ့ကိုယ်ပွားတွေထုတ်ပြီးတိုက်ခိုက်တာ စတဲ့ Abilities တွေကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဝူခုန်းရဲ့လက်စွဲတော် မှော်တုတ် (Magic Staff) ကလည်း ဂိမ်းထဲမှာ Player သုံးရမယ့် အဓိကလက်နက်ဖြစ်ပြီး Enemy တွေရဲ့ Attack တွေကို Block လုပ်တာတွေ၊ Magic Staff ရဲ့ Size ကိုပြောင်းလဲတိုက်ခိုက်တာတွေ လုပ်နိုင်မှာဖြစ်ပါတယ်။နောက်ထပ်အချက်တွေအနေနဲ့ကတော့ “ Black Myth : Wukong ” ဂိမ်းရဲ့ Play Time (15) နာရီ ကနေ နာရီ(20) အထိ ရှိနိုင်မယ်လို့ Game Science ကနေပြောထားပြီး ဂိမ်းထဲမှာ Enenmy  Boss  (100) ကျော် နဲ့ Challenges (81) ခု အထိပါဝင်မှာ ဖြစ်ပါတယ်။ ဒီဂိမ်းက Game Science ကနေ ဖန်တီးထားတဲ့ Black Myth Series Game တွေရဲ့ ပထမဆုံးဂိမ်းတစ်ခုဖြစ်တယ်လို့သိရပြီး သူ့အနောက်မှာ နောက်ထပ် Black Myth Series Game(၂)ခု ထွက်လာဖို့ရှိပါသေးတယ်။ဒီ “ Black Myth : Wukong ” ကို PC , Next Gen Main Stream Console တွေဖြစ်တဲ့ PS5, Xbox Series X/S တွေနဲ့ Cloud Gaming Platform တွေ အတွက်ထွက်ရှိ လာမှာဖြစ်ပြီး Online Co-op Mode တစ်ခုကိုလည်း နောက်ပိုင်းမှာ ထည့်သွင်းပေးသွားဖို့ရှိတယ်လို့သိရပါတယ်။ အခုတင်ဆက်ပေးခဲ့တာကတော့ “ Black Myth : Wukong” ဂိမ်းရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေဖြစ်ပြီး ဒီဂိမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးချင်တာတွေရှိရင်လည်း Comment Box မှာရေးခဲ့လို့ရပါတယ်။

Leave a Reply