Highlights From PlayStation’s State of Play (Sept 2022) 1
အားလုံးပဲမင်္ဂလာပါ။ ဒီတစ်ခေါက် Game Scoop အစီအစဉ်ကနေ ပြီးခဲ့တဲ့ Week အတွင်းမှာ PlayStation ကနေ ကျင်းပခဲ့တဲ့ State of Play Event ထဲမှာ ပါဝင်ခဲ့တဲ့ ဂိမ်းအကြောင်းအရာတွေ နဲ့ ဂိမ်းအသစ် တွေကို တင်ဆက်ပေးသွားမှာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ (၁၃)ရက်နေ့မှာ Sony ရဲ့ PlayStation ကနေ မကြာမီထွက်လာမယ့် ဂိမ်းအသစ်တွေ၊ Next Gen Exclusive Game တွေနဲ့ ဂိမ်းအကြောင်းအရာအသစ်တွေကို မိတ်ဆက်ခဲ့တဲ့ State of Play ဆိုတဲ့ Event တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီ Event ကနေ မိတ်ဆက်သွားတဲ့ အကြောင်းအရာတွေထဲကမှ လာမယ့်နှစ်အတွင်း မှာ ထွက်လာတော့မယ့် အသစ်စက်စက်ဂိမ်းတွေအကြောင်းကို အခု Video ထဲမှာတင်ဆက်ပေးသွားမှာပါ။ PS3, PS4 တွေမှာအရမ်းကြိုက်ခဲ့ရတဲ့ Action-adventure, Fighting, RPG ဂိမ်း “Yakuza” ရဲ့ Spin-Off ဂိမ်းတစ်ခု ကို State of Play Event မှာကြေညာသွားခဲ့ပါတယ်။အဲ့ဒီဂိမ်းကတော့ “ Like A Dragon : Ishin” လို့နာမည်ပေး ထားပါတယ်။“ Like A Dragon : Ishin” က “Yakuza” Series Game တွေထဲကတစ်ခုဆိုပေမယ့် ဒီဂိမ်းရဲ့ Timeline နဲ့ Story တည်ထားပုံက ဂျပန်ဆာမူရိုင်းခေတ်ကုန်ဆုံးခါနီးအချိန် (၁၈၆၀)ကာလတွေကိုအခြေခံထား တာကြောင့် အရင်ထွက်ထားတဲ့ Series Game တွေနဲ့ မတူတဲ့ အတွေ့အကြုံတွေကို ရရှိနိုင်မှာပါ။ဒါ့အပြင် ဂိမ်းရဲ့ Main Character ကိုလည်း အရင် “Yakuza” Series Game တွေရဲ့ ဇာတ်ကောင်ရုပ်အတိုင်း ဖန်တီးထားပါတယ်။ ဒီဂိမ်းကို PC နဲ့ PlayStation, Xbox Console တွေမှာ ကစားနိုင်မှာဖြစ်ပြီး လာမယ့်(၂၀၂၃)၊(၂)လပိုင်းထဲမှာ တရား ဝင်ထွက်ရှိလာမယ်လို့ကြေညာထားပါတယ်။ဒီလို Yakuza တွေရဲ့ခေတ်ဦီးအချိန်ကို အခြေခံပြီးဖန်တီးထားတဲ့ “ Like A Dragon : Ishin” က အရင်ဂိမ်းတွေလိုပဲ Story ခိုင်ခိုင်မာမာနဲ့ မထင်ထားတဲ့ Plot Twists တွေကလည်း ပါဝင်လာမှာကြောင့် “Yakuza” Series Game Fan တွေရဲ့ရွေးချယ်စရာဂိမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါတင်မကသေးပဲ Story ကောင်းကောင်းနဲ့ Fighting ဂိမ်းအသစ်တွေကို စောင့်နေတဲ့ ဘော်ဒါတွေလည်း ဒီဂိမ်းကို Try သင့်ကြောင်း အကြံပေးချင်ပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်ဂိမ်းတစ်ခုကတော့ State of Play Event မှာပရိသတ်တွေကို မိတ်ဆက်ပေးသွားခဲ့ တဲ့ “ Pacific Drive” ဆိုတဲ့ Run-based , Indie Game ပဲဖြစ်ပါတယ်။ဂိမ်းကတော့ ရိုးရိုးရှင်းရှင်းပြောရရင် ကားမောင်းရမယ့်ဂိမ်းပါ။ ဒါပေမယ့် ဒီဂိမ်းရဲ့ Story ကတော့ စိတ်ဝင်စားစရာကောင်းလှပြီး အကျဉ်းချုံးအနေနဲ့ ပြောပြရရင် (၁၉၅၅)ခုနှစ်လောက်တုန်းက အမေရိကန်အစိုးရကနေ ပစိဖိတ်အနောက်မြောက်ဒေသထဲက ကျွန်းဆွယ်တစ်ခုကို သိမ်းယူလိုက်ပြီး ထူးဆန်းတဲ့စမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်။ အဲ့ဒီလိုစမ်းသပ်မှုတွေကနေ အဲ့ဒီကျွန်းပေါ်မှာ သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်ပေါ်နေတယ်လို့ ကောလဟလတွေထွက်လာချိန်မှာတော့ ဂိမ်းရဲ့ Main Character က ခေတ်လွန်နည်းပညာတွေနဲ့ အဆင့်မြှင့်တင်ထားတဲ့ သူ့ရဲ့ကားနဲ့အတူ အဲ့ဒီကျွန်းဆွယ်ပေါ်က အခြေအနေတွေကို သွားရောက်စုံစမ်းရမှာဖြစ်ပါတယ်။ဂိမ်းထဲမှာ Player မောင်းရမယ့် ရဲ့ကားက ဂိမ်းတစ်လျှောက်မှာ Player ရဲ့ အဖော်ဖြစ်ရှိနေမှာဖြစ်သလို အဲ့ဒီကားကို Maintain  လုပ်ဖို့နဲ့ Upgrade လုပ်ဖို့အတွက် လိုအပ်တဲ့ Resources တွေကိုလည်း ဂိမ်းထဲမှာ ရှာဖွေသွားရမှာပါ။“ Pacific Drive” ဆိုတဲ့ဂိမ်းကို (၂၀၁၉)ခုနှစ်လောက်ထဲကနေ Iron Wood Studio ကနေဖန်တီးခဲ့ပြီး လာမယ့်(၂၀၂၃)မှာ PC နဲ့ PS5 Console တွေအတွက် Exclusive ထွက်လာမှာဖြစ်ပါတယ်။ဒါကြောင့်အချိန်(၄)နှစ်လောက်ယူပြီးဖန်တီးထားတဲ့ဒီလိုIndie ဂိမ်းကောင်းတွေကို စောင့်မျှော်နေတဲ့ PS5 Fan တွေအတွက် ဒီ “ Pacific Drive” ဆိုတဲ့ဂိမ်းက စောင့်ကြည့် ချင်စရာကောင်းတဲ့ဂိမ်းတစ်ခုအဖြစ်ရှိနေပါတယ်။

Leave a Reply