Mobile Platform ပေါ်ကို မကြာမီရောက်ရှိလာတော့မယ့် နာမည်ကြီး ဂိမ်းများ
အရင်က PC နဲ့ Console တွေပေါ်မှာပဲ ကစားခဲ့ရတဲ့ဂိမ်းတွေက အခုဆိုရင်တော့ Mobile Platform တွေပေါ်မှာ လည်း ကစားနိုင်နေပြီဖြစ်ပေမယ့် တစ်ချို့ဂိမ်းတွေက Mobile Version အဖြစ်ထွက်လာပြီဆိုရင် ထင်ထားသလောက်မဟုတ်တော့ပဲ Fail သွားတဲ့ဂိမ်းတွေကလည်း မနည်းမနောပါ။ ဒါပေမယ့်လာမယ့်နှစ် အတွင်းမှာတော့ ပရိသတ်တွေအတော်အများကြိုက်နှစ်သက်ခဲ့ရတဲ့ Assassin Creed နဲ့ Call Of Duty ဂိမ်းတွေရဲ့ Mobile Game (၂)ခု က ထွက်ရှိလာမှာတော့ ဖြစ်ပါတယ်။ဒါ့ကြောင့် အခုတစ်ခေါက် Game Scoop အစီအစဉ် ကနေ ဒီ Mobile Game (၂)ခုအကြောင်းကို တင်ဆက်ပေးသွားမှာပါ။   Assassin Creed Code Name Jade Assassin Creed Game တွေကို တောက်လျှောက် Develop လုပ်လာခဲ့တဲ့ Ubisoft ကနေ ပြီးခဲ့တဲ့စက်တင်ဘာလ (၁၁)ရက်နေ့ကကျင်းပခဲ့တဲ့ Ubisoft Forward 2022 ပွဲကြီးမှာ Assassin Creed Code Name Jade လို့အမည်ပေး ထားတဲ့ အသစ်စက်စက် Mobile Game တစ်ခုကိုမိတ်ဆက်ပေးသွားခဲ့ပါတယ်။ဒီဂိမ်းကို Ubisoft နဲ့ Tencent ကနေပူးပေါင်းဖန်တီးထားပြီး AAA Type Open World Action-adventure Mobile RPG ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဂိမ်းရဲ့ Timeline ကိုတော့ BC (3)ရာစု Qin မင်းဆက်လက်ထက် ရှေးခေတ်တရုတ်ပြည်အတွင်းမှာ တည်ထားပြီး တရုတ်နိုင်ငံရဲ့နာမည်ကျော် မဟာတံတိုင်းကြီးကိုပါ ဂိမ်းထဲမှာထည့်သွင်းထားကာ Player အနေနဲ့ Character ကိုလည်းကိုယ်တိုင်စိတ်ကြိုက်ပြင်ဆင်နိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။ ဒီဂိမ်းက Assassin Creed ရဲ့ပထမဆုံး Open World Mobile ဂိမ်းတစ်ခုဖြစ်လာမယ်လို့ Ubisoft ကနေကြေညာထားပြီး ဂိမ်းတရားဝင်ထွက်ရှိလာမယ့် ရက်ကိုတော့ အတိအကျမသိရသေးပဲ လာမယ့်(၂၀၂၃)ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ်လို့တော့ ခန့်မှန်း ထားကြပါတယ်။ထွက်ရှိလာတဲ့ Trailer အရတော့ ဒီဂိမ်းရဲ့ Gameplay ပုံစံတွေနဲ့အခြားအသေးစိတ်အချက် အလက်တွေကို မသိရသေးပေမယ့် Assassin Creed လိုဂိမ်းရဲ့ Unique Style တစ်ခုဖြစ်တဲ့ Parkour Running တွေ၊ Jumping တွေကို မဟာတံတိုင်းကြီးပေါ်မှာ လုပ်နိုင်မယ့် အချက်ကတော့ Mobile Game ပရိသတ်တွေနဲ့ AC Game Fan တွေအတွက် စိတ်ဝင်စားစရာတစ်ချက်ပါပဲ။   Call Of Duty : Warzone Mobile PC နဲ့ Console တွေမှာသာ ကစားနိုင်တဲ့ နာမည်ကျော် Call of Duty ရဲ့ Battle Royale ဂိမ်းတစ်ခုဖြစ်တဲ့ Call of Duty : Warzone ကလည်း Mobile Version အဖြစ် မကြာမီမှာထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ September (15)ရက်နေ့က ကျင်းပခဲ့တဲ့ #CODNext Showcase Event မှာ Call of Duty : Warzone Mobile ရဲ့ အသေးစိတ်အချက်အလက်တွေကို Showcase လုပ်သွားခဲ့တာပါ။ Call of Duty : Warzone Mobile က Mobile Battel Royale Game Fan တွေကို Gaming Experienced အသစ်အဆန်းတွေ ပေးနိုင်မယ့် Battel Royale Game အသစ်တစ်ခုဖြစ်ပြီး PC နဲ့ Console Version တွေထဲက Operators တွေ, Weapon တွေ, Locations တွေလို Authentic Content တွေ ပါဝင်မှာဖြစ်ပါတယ်။ Call of Duty : Warzone Mobile ရဲ့ ပွဲတစ်ပွဲထဲမှာတကယ့် Real Player အယောက်(၁၂၀)အထိပါဝင်နိုင်မှာဖြစ်ပြီး တခြား Mobile Battle Royale Game တွေလို Bot Player တွေ လုံးဝပါဝင်မှာမဟုတ်ဘူးလို့ Call Of Duty ကနေ ကြေညာထားပါတယ်။ ဒီဂိမ်းထဲမှာ PC နဲ့ Console Version တွေထဲက Player တွေအကြိုက် Verdansk ဆိုတဲ့ Map တစ်ခုလည်း ပါဝင်မှာဖြစ်ပြီး Warzone update 2.0 ထဲက Al Mazrah ဆိုတဲ့ Map အသစ်ကိုလည်း Update Version ထဲမှာထည့်သွင်းပေးသွားမယ်လို့သိရပါတယ်။ဒါ့အပြင် ပွဲထဲကရရှိတဲ့ ပိုက်ဆံတွေနဲ့ဝယ်ယူအသုံးပြုလို့ရမယ့် Buy Stations တွေမှာလည်း တခြား Version တွေမှာလို Field Upgrades၊ Killstreaks၊ Revive Tokens၊ Loadouts တွေကို ဝယ်ယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာအချက်တစ်ခုကတော့ ဂိမ်းထဲမှာ Player စောစောစီးစီးသေသွားတဲ့အခါမှာ  The Gulag ဆိုတဲ့ Room မှာ 1 v 1 ထပ်ပြိုင်ပြီး နိုင်တဲ့သူက နောက်တစ်ခါပြန် ရှင်နိုင်တဲ့ Match တစ်ခုလည်းပါဝင်သွားမှာဖြစ်ပါတယ်။ဒါ့ကြောင့် ဒီ Call of Duty : Warzone Mobile ကို လာမယ့် (၂၀၂၃)ခုနှစ်အတွင်းမှာ Android နဲ့ iOS ဖုန်းတွေအတွက် တရားဝင်ထွက်ရှိလာတော့မှာဖြစ်ပြီး စိတ်ဝင်စားတဲ့ Android ညိုကီတို့ကတော့ Google Play Store မှာ Pre-Registered ပြုလုပ်ထားနိုင်ပြီဖြစ် ပါတယ်။

Leave a Reply