2022 ရဲ့ အကောင်းဆုံး Free to Play Mobile Games များ……
Free to Play ဂိမ်းတွေဆိုတာ Mobile Apps Store တွေထဲမှာ အမျိုးအစားအများကြီးရှိနေပေမယ့် တကယ်ဆော့လို့ကောင်းတဲ့ ဂိမ်းတွေကတော့ ကောက်ရိုးပုံထဲအပ်ရှာရသလို ရှာဖွေရအတော်ခက်ခဲလွန်းပါတယ်။ ဒါကြောင့် ပိုက်ဆံတစ်ပြားမှမကုန်ပဲ Free To Play ဆော့နိုင်မယ့် ယခုနှစ်ရဲ့အကောင်းဆုံး Mobile ဂိမ်းတွေကို ဒီ Video ထဲမှာရွေးချယ်တင်ဆက်ပေးမှာဖြစ်ပါတယ်။ Typoman Remastered Best Indie Mobile Game တစ်ခုလို့ဆိုရမယ့် Typoman Remastered ဂိမ်းက (၂၀၁၅)ခုနှစ်ကထွက်ရှိခဲ့တဲ့ Typoman ကို Remastered Version အဖြစ် ယခုနှစ်အတွင်းမှာ Android, iOS တွေအတွက်ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံက Brainseed Factory ဆိုတဲ့ Game Developer Studio ကနေ ဖန်တီးထားတဲ့ ဒီဂိမ်းထဲ မှာ Player က စကားလုံးတွေနဲ့ဖန်တီးထားတဲ့ Character တစ်ကောင်ရဲ့နေရာကနေ ဝင်ရောက်ကစားရမှာဖြစ်ပြီး Environmental Puzzles တွေကို စကားလုံးတွေနဲ့ ဖြေရှင်းကစားရမှာဖြစ်သလို Character ရဲ့ ပျောက်ဆုံးနေတဲ့ နောက်ဆုံးစကားလုံး ကို ဂိမ်းတစ်လျှောက်စိတ်ဝင်တစားနဲ့ရှာဖွေသွားရမှာပါ။ ဒီဂိမ်းက စတင်ထွက်ရှိချိန် (၂၀၁၅)ခုနှစ် နောက်ပိုင်းမှာ ဆုတွေများစွာရရှိခဲ့ပြီးတော့ အခုထွက်ရှိလာတဲ့ Remastered Mobile Version မှာလည်း အရင် Version နဲ့ မတူအောင် Visual Quality ပိုင်း၊ Camera Works ပိုင်း၊ Gameplay နဲ့ Audio ပိုင်းတွေမှာ ပိုမို အဆင့်မြှင့်တင်ထားပြီး Hint System ကိုလည်း ထည့်သွင်းထားတယ်လို့သိရပါတယ်။ ဒီလို Story ပိုင်းရော၊ Gameplay ပိုင်းမှာပါ ကောင်းလွန်းနေတဲ့ Typoman Remastered ဂိမ်းက ယခုနှစ်ထွက်ရှိလာတဲ့ Free To Play Mobile Games တွေထဲမှာ try ကြည့်သင့်တဲ့ဂိမ်းတစ်ခုဖြစ်ပြီး စမ်းဆော့ပြီးတဲ့ ဘော်ဒါတွေလည်း ဒီဂိမ်းရဲ့ အတွေ့အကြုံလေးတွေကို Comment Box မှာမျှဝေပေး သွားကြပါဦးနော်။ https://play.google.com/store/apps/details?id=com.BrainseedFactory.Typoman&hl=en&gl=US https://apps.apple.com/us/app/typoman-remastered/id1263413091   Lost Light ဒီဂိမ်းကတော့ ပစ်ရခတ်ရတဲ့ဂိမ်းတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ ညိုကီတို့အတွက် နောက်ဆုံးပေါ် Action RPG , Survival Shooting Mobile Game တစ်ခုပါ။Team တစ်ခုမှာ Player (4)ယောက်အထိပါဝင်နိုင်မယ့် PVP ,PVE Mode အပြင် PC Player တွေနဲ့ပါ Cross-Platform ကစားနိုင်မယ့် ဒီ Lost Light ဆိုတဲ့ဂိမ်းက Battel Royale Mobile Game တွေနဲ့အမြဲလောင်နေရသူတွေအတွက် Try သင့်တဲ့ ဂိမ်းဖြစ်ပါတယ်။ဂိမ်းထဲမှာတော့ ကမ္ဘာပျက်ခါနီးအချိန်မှာ ကိုယ့် Teammate တွေနဲ့အတူ Shelter တွေ ဆောက်.. လိုအပ်တဲ့ရိက္ခာတွေ၊ Resources တွေကိုရှာဖွေစုဆောင်းပြီး အခြား player တွေနဲ့တိုက်ခိုက်ရင်း Survive လုပ်ရမှာဖြစ်ပြီး ဒီဂိမ်းရဲ့ In-game Design တွေ Layout တွေကိုလည်း PUBG Mobile နဲ့ခပ်ဆင်ဆင် ပုံစံမျိုးဖန်တီးထားပါတယ်။ဒီဂိမ်းကို ဟောင်ကောင် အခြေစိုက် Game Developer  NetEase Games ကနေ ဖန်တီးထားပြီး ပြီးခဲ့တဲ့နှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ ဂိမ်းရဲ့ Beta Version ကိုတောင် Test Play ခဲ့သူ  (၂)မီလီယံကျော် အထိရှိခဲ့တယ်ဆိုတော့ သာမန် ပေါ့သေးသေး ဂိမ်းတစ်ခုတော့ မဟုတ်ပါဘူး။ လက်ရှိမှာတော့ ဒီ Lost Light ဂိမ်းကို Android ဖုန်းတွေနဲ့ PC တွေမှာသာ ကစားနိုင်မှာဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းလောက်မှာမှ iOS အတွက် Beta Version ထွက်လာဖို့စီစဉ်ထားတယ် လို့သိရပါတယ်။ https://play.google.com/store/apps/details?id=com.netease.h75na https://www.lostlight.game/   Hurry Scurry PC မှာဆို Fall Guys, Mobile မှာဆို  Stumble Guys တို့လို Platform Battel royale ဂိမ်းတွေမှာ Challenge တွေ, Map ထပ်နေလို့ ရိုးအီနေသူတွေကတော့ ဒီ Hurry Scurry ဆိုတဲ့ Mobile Game အသစ်လေးကို စမ်းကြည့်သင့်ပါတယ်။Hurry Scurry ဆိုတဲ့ဂိမ်းကို SayGames ကနေ Develop လုပ်ထားတာဖြစ်ပြီး Gameplay ကတော့ Fall Guys, Stumble Guys တို့အတိုင်းပဲ ကစားရမှာဖြစ်ပါတယ်။ဒါပေမယ့် ဒီဂိမ်းထဲမှာတော့ Player တွေဟာ Character တွေရဲ့ Speedတွေ, Power တွေကိုအဆင့်မြှင့်ပေးနိုင်တဲ့ Skin အသစ်တွေ, Outfit အသစ် တွေကို Winning Points တွေကနေရရှိမှာဖြစ်သလို Ad တွေကြည့်ရှု့ပြီး unlock လုပ်နိုင်မှာပါ။ဂိမ်းထဲက Challenge တွေ, Visual Style တွေကလည်း Player တွေအတွက် အသစ်အဆန်းဖြစ်စေမယ့် Design ပုံစံမျိုးတွေ  မြင်တွေ့ရမှာဖြစ်ပြီး ဂိမ်းထဲမှာ Map (၃၀)ကျော်ပါဝင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။ ဒါ့အပြင် နာမည်ကျော် Squid Game ဇာတ်ကားထဲကလို Map တစ်ခုလည်း ဂိမ်းထဲမှာပါဝင်ပြီး အဲ့ဒီဇာတ်ကားထဲက ဇာတ်ကောင်တွေ ဝတ်ဆင်ခဲ့တဲ့ Tracksuit Skin ကိုလည်း ဂိမ်းထဲမှာထည့်သွင်းထားပါတယ်။ အခုလိုအသစ်ထွက်ရှိလာတဲ့ Hurry Scurry ဂိမ်းကို လက်ရှိမှာတော့ Android Phone တွေမှာသာ ကစားနိုင်ဦးမှာဖြစ်ပြီး စမ်းသပ်ကစားချင်သူတွေ ကတော့ Google Play Store နဲ့အခြား Mobile Apps Store တွေမှာ Free Download ရယူနိုင်မှာဖြစ်ပါတယ်။   အခုပြောပြခဲ့တဲ့ ဂိမ်းတွေကို ဆော့ကြည့်ပြီး Exp တွေ Share ချင်တာ၊ ဂိမ်းတွေနဲ့ပတ်သက်ပြီး သိချင်တာ၊ ဆွေးနွေးချင်တာတွေရှိရင်လည်း Comment Box မှာ ရေးပေးသွားကြပါဦးနော်။

Leave a Reply