လက်ရှိ Sport , Racing Game တွေထဲက Underrated အဖြစ်ဆုံး ဂိမ်းတစ်ခုအကြောင်း

Crew , Froza Horizon တို့လို နာမည်ကြီး Sport, Racing Game တွေကို လူကြိုက်များနေချိန်မှာ အဲ့ဒီဂိမ်းတွေလိုပဲ Sport Open World Game ကောင်းတစ်ခုကတော့ Underrated ဂိမ်းဖြစ်နေရပါတယ်။ YouTube Video တွေထဲမှာ Graphic လန်းလန်းနဲ့အမိုက်စား Extreme Sport Racing Game ဂိမ်းတစ်ခုကို တွေ့ခဲ့ရပေမယ့် ဒီဂိမ်းအကြောင်းက အပေါ်ကပြောခဲ့တဲ့ဂိမ်းတွေလောက်တော့ ပရိသတ်တွေကြားမှာသိပ်ရေပန်းစားမနေပါဘူး။ ဒါကြောင့် “Rider Republic” လို့ခေါ်တဲ့ Sport Open World Game တစ်ခုအကြောင်းကို တင်ဆက်ပေးမှာပါ။ “Rider Republic” ဂိမ်းဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက ထွက်လာခဲ့ပြီး PC နဲ့ PlayStation , Xbox Console တွေမှာဆော့နိုင်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။…