Stumble Guys Mahar Weekly Challenge

မင်္ဂလာပါ ဘော်ဒါတို့ရေ။ ဒီအပတ်ထဲမှာ ပေါ့ပေါ့ပါးပါးနှင့် ပျော်ပျော်ပါးပါး ဆော့ကစားချင်သူတွေအတွက် Weekly Challenge လေးတစ်ခု ရှိ‌သေးတာသိကြပြီးပြီလား? ဒါနဲ့ Stumble Guys ဆော့တဲ့ ဘော်ဒါတွေရောရှိကြလား?

ဒီအပတ်ကြာသပတေးနေ့မှာ Mahar Esports ကကြီးမှူးကျင်းပပေးသွားမယ့် “Xtreme Rush” ဆိုတဲ့ Stumble Guys Challenge တစ်ခုရှိပါတယ်။ “Xtreme Rush” ဆိုတဲ့ နာမည်လေးအတိုင်း Stumble Guys ထဲက အခက်အခဲတွေကြား အလုအယက်ပြေးလွှားကြရမှာဖြစ်ပြီးတော့ Crown တွေ၊ Trophy တွေ ကိုအပြိုင်အဆိုင်သိမ်းပိုက်ရမှာနော်။

ဘော်ဒါတို့အနေနဲ့ ဒီလို Casual ဂိမ်းမျိုးမှာ လက်စွမ်းပြချင်တာပဲဖြစ်ဖြစ်၊ အပျော်ဆော့ချင်တာပဲဖြစ်ဖြစ်၊ နိုင်မယ်လို့ ယုံကြည်နေပြီဆိုရင်တော့ စတင် Ready လုပ်ထားလိုက်ကြတော့နော်။ Casual Gamer တွေအတွက် သီးသန့် Challenge လေးတစ်ခုဖြစ်တာမလို့ မည်သူမဆိုလာရောက် ယှဉ်ပြိုင်လို့လည်းရပါတယ်။ Registration မှာ လူမပြည့်ခဲ့ရင်လည်း Comment Box ကနေ Player တွေထပ်ခေါ်သွားဦးမှာမလို့ Live Stream လေးကို Like & Share လုပ်ပေးဖို့တော့လိုပါမယ်။ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အောက်က Link လေးကိုဝင်ပြီး Register လုပ်နိုင်ပြီနော်။

Register ပြုလုပ်ရန် Link: https://docs.google.com/forms/d/19anmrFmrGkOYeBiQffW4jdDEQsD1TktH3pwEsmrAepY

စည်းမျဉ်းစည်းကမ်းများဖတ်ရန် Link: https://docs.google.com/document/d/1oJ9Uxvwcid5DowANWUsaTQeASzYO8RrF5LtFgVTeruQ

Total Prize Pool ကတော့ 50000 ကျပ် ချီးမြှင့်မှာဖြစ်ပြီး တစ်ပွဲနိုင်ရင် 5000 ကျပ်ရရှိမှာပါ။

Registration Form ပိတ်ပြီး နှစ်ရက်အတွင်းပါ၀င်တဲ့ Player တွေကို ဆက်သွယ်ပေးမှာဖြစ်ပြီးတော့ ပါဝင်တဲ့ Player တွေကတော့ Host နှင့်အတူ Live လွှင့် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

Leave a Reply