Mobile Battle Royale ဂိမ်းကောင်းတွေထဲက တစ်ခုဖြစ်တဲ့ Free Fire

Free Fire ဟာ Mobile Platforms တွေဖြစ်တဲ့ Android နှင့် iOS အတွက် Garena ကနေ ဖန်တီးထုတ်ဝေထားသော Battle Royale ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းဟာ 2019 ခုနှစ်အတွင်းအအောင်မြင်ဆုံးဖြစ်ပြီး တစ်ကမ္ဘာလုံးမှာဒေါင်းလုဒ်အများဆုံး မိုဘိုင်းဂိမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီဂိမ်းမှာ နေ့စဉ်ကစားသူပေါင်း ၁၈၇ သန်းကျော်ရှိပြီး “Free Fire Max” လို့ခေါ်တဲ့ Free Fire Version အသစ်ကို 28 September 2021 မှာမိတ်ဆက်ပေးခဲ့ပါတယ်။ Free Fire Max ဆိုတာကတော့ Original Free Fire ကိုပဲ Graphic တွေပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားတဲ့ Version အသစ်ပဲဖြစ်ပါတယ်။

Free Fire မှာ ကစားသူတွေအနေနဲ့ ဇာတ်ကောင်တစ်ခုကို Third-person Perspective ကနေ Control လုပ်ဆော့ကစားရမှာဖြစ်ပြီးတော့ ရွေ့လျားသွားလာဖို့အတွက် Screen ပေါ်က Joystick ကို အသုံးနိုင်ပြီး သေနတ်ပစ်ခတ်ဖို့ကိုတော့ Fire Button ကို အသုံးပြုနိုင်ပါတယ်။ In-game Character တွေအနေနဲ့ ခုန်ခြင်း၊ တွားသွားခြင်းနှင့် လဲလျောင်းခြင်းစတဲ့ လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ပါတယ်။

Free Fire မှာ Team Deathmatch၊ Clash Squad၊ Big Head၊ Explosive Jump၊ Cold Steel၊ Rampage နှင့် Pet Mania အပါအဝင် အခြား Game Mode ပေါင်း 15 ကျော်ထိကို ပါဝင်ပါတယ်။ Main Game Mode ဖြစ်တဲ့ Battle Royale ကတော့ Map အကျယ်ကြီးထဲမှာ ယာဉ်အမျိုးမျိုး၊ Item အမျိုးမျိုးကို Loot လုပ်စုဆောင်းကာ အချင်းချင်းတိုက်ခိုက်ကြရမှာဖြစ်ပါတယ်။ ဂိမ်းထဲမှာလည်း Customize လုပ်လို့ရတဲ့ Character တွေ၊ အဝတ်အစားတွေ၊ Gun Skin တွေ၊ Accessories တွေများစွာပါဝင်ပါတယ်။ Player တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ဖို့အတွက် In-game voice chat နှင့် Map မှာ Pin ထောက်တာတွေပြုလုပ်နိုင်ပါတယ်။

တကယ်လို့ ဘော်ဒါတို့အနေနဲ့ ဖုန်းမှာ Battle Royale ဂိမ်းကောင်းတစ်ခုကို ဆော့ကစားချင်တယ်ဆိုရင်တော့ “Free Fire” ဟာ ဘော်ဒါတို့အတွက်ပါပဲ။ အခုပဲ Playstore, Appstore ကနေ Download လုပ်ပြီး စတင်ဆော့ကစားလိုက်ကြရအောင်ဗျာ။

#MaharEsports #FreeFire #FreeFireMax #ThirdPerson #TPS #BattleRoyale #Mobile #Garena

Leave a Reply