Local Gamer တွေ စောင့်မျှော်နေကြတဲ့ Honor Of Kings (Asia Region) မကြာမီ ထွက်လာတော့မည်

(၂၀၁၅)လောက်ထဲက စတင်ပြီး MOBA ဂိမ်းနယ်ပယ်ကို စတင်ဝင်ရောက်လာပြီး လက်ရှိအချိန်မှာတော့ daily active players ပေါင်း 100M အထိရှိနေတဲ့ HoK လို့ လူသိများတဲ့ Honor Of Kings Mobile Game ရဲ့ Asia Region ကတော့ မကြာမီအချိန်မှာ ထွက်လာဖို့ရှိနေပါပြီ။ ပြီးခဲ့တဲ့ ဧပြီလ(၉)ရက်နေ့က Honor Of Kings ရဲ့ Twitter Community page မှာ HoK ရဲ့နောက်ထပ် Launch လုပ်မယ့် Region တွေကို ပရိသတ်တွေရဲ့ Pool ကောက်ခံရာမှာတော့ Asia Region အတွက် ထုတ်လုပ်ပေးဖို့ မဲပေးခဲ့ကြသူ (၅၀ %) အထိရှိခဲ့ပြီး Europe နဲ့ North America Region တွေအတွက် မဲပေးခဲ့ကြသူ (၁၅ %)ကျော်သာ ရှိခဲ့ပါတယ်။

Honor Of Kings ရဲ့ Publisher ဖြစ်တဲ့ Tencent ကနေလည်း သူတို့ရဲ့ MOBA ဂိမ်းကို တခြားဂိမ်းတွေနဲ့ယှဉ်ပြိုင်နိုင်ဖို့အတွက် Budget အတော်အများသုံးစွဲကာ Tournament တွေပြုလုပ်ပြီး Prize Pool အများကြီးကို ပေးအပ်ချီးမြှင့်နေတာလည်းဖြစ်ပါတယ်။ ဒီအချက်ကလည်း HoK ဂိမ်းကို Player တော်တော်များများစိတ်ဝင်စားနေကြတဲ့ အချက်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံတွင်း မှာလည်း Player Based အများဆုံးဂိမ်းတစ်ခုအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။

ဒီ HoK ဂိမ်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ Brazil Region အတွက် Launch လုပ်ပေးခဲ့ပြီး Total Prize Pool US$ 4 သောင်းကျော် အထိပေးအပ်ခဲ့တဲ့ Tournament တစ်ခုကို ကျင်းပပေးခဲ့ပါတယ်။ လက်ရှိပြည်တွင်းက MOBA Player အများစု စိတ်ဝင်စားနေတဲ့ Honor Of Kings ဂိမ်းကလည်း Asia Region Version ထွက်လာတဲ့အချိန်ရောက်မှသာ Official Tournament တွေ ရောက်ရှိလာနိုင်တာကြောင့် Honor Of Kings Asia Region ကို Tencent ဘက်ကနေ ထုတ်လုပ်ဖို့ သတင်းအတိအကျ မကြေညာထားသေးပေမယ့် မကြာတော့တဲ့အချိန်အတွင်းမှာ Launch လုပ်ဖို့ မျှော်လင့်ရမှာပဲ ဖြစ်ပါတယ်။

#mahar_esports #mahar_esport #esportsnews #esportsupdate #honor_of_kings #hok #moba #asia_region #5v5 #mobile_games

Leave a Reply