Genshin Impact မှာပါဝင်တဲ့ Weapon တွေအကြောင်း

Genshin Impact ဆိုတာက‌တော့ မတူညီတဲ့ Character တွေ၊ Element တွေနှင့် Abilities တွေ ပါဝင်တဲ့ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီ Character တစ်ကောင်ချင်းစီတိုင်းမှာ Weapon တစ်ခုစီကိုင်ဆောင်ထားလို့ရပါတယ်။ ဂိမ်းထဲမှာတော့ Sword, Claymore, Polearm, Catalyst နှင့် Bow ဆိုပြီး Weapon 5 မျိုးရှိပါတယ်။ အဲ့ Weapon တွေမှာမတူညီတဲ့ Effect တွေ၊ Stats တွေပါဝင်ပြီးတော့ တစ်ခုနှင့်တစ်ခု ကောင်းကျိုးဆိုကျိုးကိုယ်စီရှိကြပါ‌သေးတယ်။

Sword (ဓားသေး)

ဂိမ်းထဲမှာ ပထမဆုံးမြင်တွေ့ရမယ့် Weapon ကတော့ Sword ပဲဖြစ်ပါတယ်။ Sword ဟာ Damage အလုံအလောက်ပေးနိုင်ပြီး Attack Speed လည်းမနည်းတာမလို့ Balance ဖြစ်တဲ့ Weapon တစ်ခုပဲဖြစ်ပါတယ်။ Sword ကိုတော့ Field ပေါ်မှာ အကြာကြီးနေပြီး Damage တွေ တစ်သမတ်တည်းပေးနိုင်တဲ့ Sword Character တွေဖြစ်တဲ့ Keqing, Nilou, Jean စသဖြင့် Character တွေမှာအသုံးပြုပါတယ်။

Claymore (ဓားကြီး)

Claymore တွေဆိုတာကတော့ ဘယ်ဂိမ်းမှာမဆို အရမ်းကိုမှမိုက်တဲ့ Weapon တစ်မျိုးပဲဖြစ်ပါတယ်။ ဂိမ်းထဲမှာ အလေးဆုံးနှင့် အနှေးဆုံး Melee Weapon တစ်မျိုးဆိုလဲ မမှားပါဘူး။ ဒါပေမယ့် ခုတ်လိုက်ရမ်းလိုက်ရင် Damage အကိတ်ကြီး ပေးမှာပါ။ ဆိုလိုတာက Attack Speed အရမ်းနည်းပေမယ့် Damage ကတော့ အများကြီးထွက်မှာပဲဖြစ်ပါတယ်။ Claymore တွေဟာ ဂိမ်းထဲမှာရှိတဲ့ Geo Objects တွေ၊ Shield တွေကို ရိုက်ခွဲနိုင်တဲ့ တစ်ခုတည်းသော Weapon တစ်ခုအဖြစ်ရပ်တည်နေပါတယ်။ ရှေ့ကနေ Damage အနှစ်ကြီးပေးပြီး Enemy Shield တွေကိုရိုက်ခွဲမယ့် Character တွေဖြစ်တဲ့ Diluc, Eula, Itto တို့လို Character တွေနှင့် အရမ်းကိုမှလိုက်ဖက်ပါတယ်။

Polearm (လှံ)

Polearm တွေကတော့ Melee Weapon ထဲမှာ အမြန်ဆုံးနှင့် Range အရှည်ဆုံးဖြစ်ပါတယ်။ Damage ကတော့အလွန်ကိုမှနည်းပြီး Attack Speed ကတော့အမြန်ဆုံးပါပဲ။ သူ့ရဲ့ အားသာချက်ကတော့ ရန်သူတွေကိုတစ်ပြိုင်နက်တည်း Damage ပေးနိုင်တာ ဒါမှမဟုတ် Dodge လုပ်လို့ရတာပဲဖြစ်ပါတယ်။ Raiden Shogun, Hu Tao, Zhongli စသဖြင့် Character တွေဟာ Polearm User တွေပဲ ဖြစ်ပါတယ်။

Catalyst (စာအုပ်)

Catalyst User တွေကို RPG ဂိမ်းထဲက Role တစ်ခုလိုသတ်မှတ်လိုက်မယ်ဆိုရင် Mage တွေလို့ပြောလို့ရတယ်ဗျ။ ဘာလို့ Mage လဲဆိုတော့ Element တွေနှင့်ပစ်ခတ်ပြီး Elemental Damage တွေပေးနိုင်လို့ဖြစ်ပါတယ်။ Element ကတော့ ကိုယ် Character ရဲ့ Vision အရ ပြောင်းလဲမှုရှိမှာပါ။ Elemental Damage တွေနှင့် Elemental Reaction တွေကိုအားကိုးရတဲ့ Character ဖြစ်တဲ့ Klee, Mona, Nahida တို့ရဲ့ Main Weapon ဟာ Catalyst ဖြစ်ပါတယ်။

Bow (လေး)

Bow တွေကတော့ Long-ranged Weapon ဖြစ်ပြီး Physical Damage နှင့် Elemental Damage နှစ်မျိုးစလုံးပေးနိုင်ပါတယ်။ Normal Attack မှာတော့ Physical Damage ပေးမှာဖြစ်ပြီးတော့ Charged Attack ကို အဆုံးထိစုပစ်မယ်ဆိုရင်တော့ Elemental Damage ပေးမှာပဲဖြစ်ပါတယ်။ Charged Attack ရဲ့ Element ကတော့ ကိုယ့် Character ရဲ့ Vision အလိုက် ကွဲပြားသွားမှာပါ။ အဝေးကနေချောင်းပစ်တာ ဒါမှမဟုတ် Team ကို Support ပေးရတဲ့ Character တွေဖြစ်တဲ့ Ganyu, Venti, Yoimiya တို့ဟာ Bow User တွေဖြစ်ပါတယ်။

Weapon တွေမှာ 1-star ကနေ 5-star ထိ မတူညီတဲ့ Rarity တွေရှိကြပါတယ်။ Rarity မြင့်တဲ့ Weapon တွေမှာတော့ Stats တွေတအားမြင့်ပြီး အရမ်းကြမ်းတဲ့ Passive ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် 5-star weapon တွေဟာ ပေါက်ဖို့ခဲယဉ်းပြီး Level up တဲ့အခါမှာလည်း Resource တွေပိုလိုမှာပဲဖြစ်ပါတယ်။ Weapon တွေကို Chest တွေ၊ Quest တွေ၊ Event တွေ၊ Gacha Wish တွေ၊ Crafting နှင့် Shop တွေကနေရရှိနိုင်ပါတယ်။ Weapon တွေကို သူတို့ရဲ့ Level အတွက် Ascend တင်လို့ရပြီး Weapon Passive ပိုကြမ်းလာအောင် Refine လုပ်လို့လဲရပါတယ်။

#mahar_esports #mahar_esport #MaharEsports #RolePlayingGame #RPG #GenshinImpact #GachaGames #Gacha #GameKnowledge #Weapons

Leave a Reply