Streaming Platform အသစ်တစ်ခုဖြစ်တဲ့ “Kick”
  • – ဘော်ဒါတို့ရဲ့ Streaming Income တွေ ကြီးကြီးမားမားဖြတ်တောက်ခံနေရပြီး Creative Idea တွေ၊ လွတ်လပ်ခွင့်တွေကို ကန့်သတ်ခံထားပါသလား။
  • – နောက်ပြီးတော့ ဒီ Platform ကြီးတစ်ခုပေါ်မှာပဲ Stream နေရတာ ငြီးငွေ့နေကြပြီလား။
  • – ဘော်ဒါတို့ရဲ့ Passion နှင့် စိတ်ဝင်စားမှုတွေကို ဝေမျှပေးတဲ့ Streamer တွေနှင့် ရင်ခုန်စရာကောင်းတဲ့ Community တစ်ခုကို Join လိုပါသလား။

အကယ်လို့ ဘော်ဒါတို့က အပေါ်ကမေးခွန်းတွေနှင့်ပတ်သက်ပြီး တစ်ခုခုခံစားနေရတယ်ဆိုရင်တော့ “Kick” ဆိုတဲ့ Streaming Platform အသစ်ကို စ Try ကြည့်သင့်ပါတယ်။

Kick ဆိုတဲ့ Streaming Platform ကိုတော့ 2022 December မှာ Follower 2.1 million ရှိတဲ့ Twitch Streamer ဟောင်း “Trainwreck” က စတင်မိတ်ဆက်ခဲ့ပါတယ်။ Twitch ရဲ့မူဝါဒတွေနှင့် ကျင့်ထုံးများကို စိတ်ပျက်ပြီးနောက်မှာတော့ Trainwreck ဟာ “Kick” ဆီကိုပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ပါတယ်။ Kick ဟာ ဝါရင့် Streamer ကြီးတွေ နှင့် Newbie Streamer လေးတွေအတွက် ပိုမိုကောင်းမွန်တဲ့မက်လုံးတွေနှင့် အခွင့်အလမ်းပေးနိုင်ပြီးတော့ Streamer ချင်းပိုမိုအဆင်ပြေစေတဲ့ Community တစ်ခုဖြစ်ကြောင်း “Trainwreck” ကပြောကြားခဲ့ပါတယ်။

Kick မှာ Streamer တွေအတွက် အကောင်းဆုံး Feature တွေနှင့် အကျိုးကျေးဇူးအများကြီးရှိတယ်လို့ ပြောကြားထားပါသေးတယ်။ ဘယ်လို Feature တွေလဲ ဆိုတော့…

  • – 95-5 Subscriber အခွန်ခွဲခြမ်းခြင်း၊
  • – 100% Donation ခွဲခြမ်းခြင်း၊
  • – နေ့ချင်းပြန် Payout ထုတ်နိုင်ခြင်း၊
  • – ထိပ်တန်းကြော်ငြာရှင်များနှင့် လက်တွဲနိုင်ခြင်း၊
  • – ပိုမိုလွတ်လပ်ပြီး လိုက်လျောညီထွေရှိခြင်းတို့ပဲဖြစ်ပါတယ်။

95-5 Subscriber အခွန်ခွဲခြမ်းခြင်းဆိုတာကတော့ Subscriber တွေဆီကရရှိမယ့် Income ရဲ့ 95% ကို Streamer တွေကရရှိမှာဖြစ်ပြီး Kick ကတော့ 5% ပဲခွဲယူမှာပါ။ အဲ့တစ်ချက်မှာတင် Twitch ရဲ့ 50-50, YouTube ရဲ့ 70-30 ခွဲယူခြင်းတွေထက် အဆများစွာသာနေပါပြီ။

100% Donation ခွဲခြမ်းခြင်းဆိုတာကတော့ Streamer တွေဟာ Donation ကရတဲ့ Income ကို အခကြေးငွေနုတ်ယူခံရခြင်းမရှိပဲ 100% အပြည့်ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒီအချက်ကတော့ Donation အတွက် ရာခိုင်နှုန်းတစ်ခု ဒါမှမဟုတ် ပုံသေအခကြေးငွေကောက်ခံတဲ့ တခြား Platform တွေနှင့် လုံးဝမတူတော့ပါဘူး။

နေ့ချင်းပြန် Payout ထုတ်နိုင်ခြင်းဆိုတာကတော့ Streamer များဟာ လစဉ် သို့မဟုတ် အပတ်စဉ်ကိုစောင့်စရာမလိုပဲ အချိန်မရွေးငွေထုတ်ယူနိုင်တာပဲဖြစ်ပါတယ်။

အဲ့တစ်ချက်ကတော့ ငွေအမြန်လိုအပ်တဲ့ Streamer တွေ၊ သူတို့ရဲ့ Stream မှာ ပြန်လည်ရင်းနှီးမြုပ်နှံချင်သူတွေအတွက် အရမ်းကောင်းမွန်ပါတယ်။

ထိပ်တန်းကြော်ငြာရှင်များနှင့် လက်တွဲနိုင်ခြင်းဆိုတာကတော့ Streamer တွေဟာ သူတို့ရဲ့ Content တွေ၊ ဂုဏ်သိက္ခာတွေကို မထိခိုက်စေပဲ ကြော်ငြာတွေနှင့် Sponsor တွေဆီကနေ ငွေပိုမိုရရှီနိုင်မှာဖြစ်ပါတယ်။ Creator တွေနှင့် Viewer တွေကို Support လုပ်တဲ့ ကမ္ဘာ့အကောင်းဆုံး ကြော်ငြာရှင်များနှင့် လက်တွဲသွားမယ်လို့ Kick ဘက်က အခိုင်အမာပြောထားပါတယ်။

ပိုမိုလွတ်လပ်ပြီး လိုက်လျောညီထွေရှိခြင်းဆိုတာကတော့ streamer များဟာ တင်းကြပ်တဲ့စည်းမျဉ်းများ သို့မဟုတ် လမ်းညွှန်ချက်များကို စိုးရိမ်စရာမလိုပဲ သူတို့စိတ်တိုင်းကျ Stream နိုင်တာပဲ ဖြစ်ပါတယ်။ ဖန်တီးမှု၊ ထင်မြင်ချက်နှင့် Content တွေ အပေါ် ပိုမိုသက်ညှာတဲ့အမြင်ရှိပြီးတော့ Creator တွေနှင့် Platform ကြားကကွာဟချက်ကိုလည်း အဆင်ပြေပြေရှိစေရန် ရည်ရွယ်ထားကြောင်း Kick က ပြောကြားခဲ့သည်။

Kick ဟာ လက်ရှိမှာတော့ beta version ပဲရှိနေသေးပြီးတော့ Official မဟုတ်သေးပါဘူး။ ဒါပေမယ့်လည်း စိတ်ပါဝင်စားသော Streamer တွေနှင့် Viewer တွေဟာ Update များနှင့် အကြံပြုချက်များကို သုံးသပ်ပေးရန် Discord သို့မဟုတ် Twitter ရှိ Kick ရဲ့ Community မှာပါဝင်နိုင်ပါတယ်။

Kick ဟာဆန်းသစ်ပြီး လိုက်လျောညီထွေရှိတဲ့ ချဉ်းကပ်မှုနှင့်အတူ Streamer တွေနှင့် Viewer များကို ပိုမိုဆွဲဆောင်နိုင်ရန် မျှော်လင့်နေပါတယ်။ Streamer တွေနှင့် Viewer ကို ပထမဦးစားပေးတဲ့ Platform တစ်ခုဖြစ်တဲ့အပြင် ပျော်ရွှင်စရာကောင်းပြီး လူတန်းစားပေါင်းစုံ live-stream ကိုကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။

ကဲဒါဆို… ဒီနေ့ကစပြီး Kick မှာ ဘော်ဒါတို့ရဲ့ Streaming တွေကိုစတင်လိုက်ရအောင်။

#mahar_esports #mahar_esport #streaming #newplatform #streamingplatform #newsite #esportsnews #esportsupdate

Leave a Reply