Gacha Game ဆိုတာဘာလဲ? ဘယ်လိုဂိမ်းမျိုးကို ခေါ်တာလဲ?

Gacha Game ဆိုတာမစခင် Gacha System ကို အရင်ဆုံးရှင်းပြပါမယ်။ Gacha System ဆိုတာကတော့ အလွယ်လေးပြောရရင် မဲနှိုက်တာနှင့်အတူတူပါပဲ။ ဘယ်လိုမဲနှိုက်ရလဲဆိုတာကတော့ ဆော့တဲ့ဂိမ်းထဲမှာ ပါဝင်တဲ့ Character တွေ၊ Pet တွေ၊ Gear တွေနှင့် တခြားသော Item တွေကို in-game currency အသုံးပြုပြီး မဲနှိုက်ရတာပဲဖြစ်ပါတယ်။

အဲ့သလိုမဲနှိုက်လို့ရရှိလာတဲ့ အရာတွေမှာလဲ တန်ဖိုးအနိမ့်အမြင့်တွေရှိပြီး ရှားတာတွေ အချိန်ကန့်သတ်ထားတာတွေလဲရှိပါတယ်။တစ်ချို့ Item မျိုးကျတော့လဲ ဝယ်မှရတာမျိုးဖြစ်ပြီးတော့ Free ပေးတာတွေထက်ကိုကြမ်းပါတယ်။အဲ့လိုဝယ်ပြီးကြမ်းလို့ရတာကိုမှ အသားပေးထားတဲ့ဂိမ်းတွေကိုတော့ P2W (Pay to Win) ဂိမ်းလို့ သတ်မှတ်ကြပါတယ်။

ကိုယ်ကအဲ့ Item ‌တွေကို မဝယ်ပဲ F2P (Free to Play) ဆော့လို့ရတဲ့ဂိမ်းတွေလဲရှိပါတယ်။ အဲ့ဒီတော့ Gacha Game ဆိုတာဟာ Gacha System ပါဝင်ပြီး In-game currency တစ်ခုခုနှင့် မဲနှိုက်ရတဲ့ Game တစ်ခုပဲဖြစ်ပါတယ်။

ဒါဆို Gacha System ဘယ်လိုအလုပ်လုပ်သလဲ?

Gacha System မှာ ကိုယ်လိုချင်တာ‌ရဖို့ ကံရယ်၊ Pity ရယ်နှင့် သက်ဆိုင်ပါတယ်။ Gacha ဂိမ်းတွေတိုင်းမှာ Pity လို့ခေါ်တဲ့ သနားညှာတာတဲ့ အရာလေးတစ်ခုရှိပါတယ်။ Pity ဆိုတာကတော့ ကိုယ်လိုချင်တဲ့ Item, Character တစ်ခုခုကို ဘယ်နှကြိမ်မှာ ရမလဲဆိုပြီး သတ်မှတ်ထားတာကိုပြောတာပါ။အဲ့လိုရသွားပြီးရင်လည်း Pity က Reset ဖြစ်သွားပါတယ်။

ဥပမာ – Genshin Impact ရဲ့ Pity ကတော့ 90 ဖြစ်ပြီးတော့ အကြိမ် 90 မှာ 5-star Character သို့မဟုတ် 5-star Weapon တစ်ခုခုကြိမ်းသေရမှာပါ။ 90 မတိုင်မှီကြားထဲမှာလဲ ကံကောင်းရင် ရုတ်တရက်ရနိုင်ပါသေးတယ်။ တကယ်လို့ 5-star ရသွားပြီးရင်တော့ Pity ကို အစကနေပြန်တွက်သွားမှာပဲဖြစ်ပါတယ်။

ယခု‌ခေတ်မှာဆိုရင်တော့ Gacha Game တွေဟာ အရမ်းကိုမှ ရေပန်းစားလာကြပါတယ်။

ဘာ‌ကြောင့်လဲဆိုတော့ သူတို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ Gameplay တွေ၊ ရင်ခုန်စရာ‌ကောင်းတဲ့ Gacha ဆွဲတာတွေ၊ လှပတဲ့ Character တွေနဲ့ ရှားပါးတဲ့ Item တွေကြားက ပြိုင်ဆိုင်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ နာမည်ကြီး Gacha ဂိမ်းတစ်ချို့ဖြစ်တဲ့ Genshin Impact, Arknights, Fate/Grand Order တို့လို ဂိမ်းမျိုးတွေကိုလဲ Try ကြည့်သင့်ပါတယ်။

ပရိသတ်တို့ရော Gacha Game တွေကိုဆော့ကစားရတာကြိုက်နှစ်သက်တဲ့သူ‌တွေလား။ ဘယ်ဂိမ်းတွေကိုဆော့ဖြစ်နေကြလဲ ဆိုတာကို comment မှာ ရေးပြီး တစ်ယောက်နှင့်တစ်ယောက် ဝေမျှသွားကြပါဦး။

#MaharEsports #GameKnowledge #GachaGames #Gacha #mahar_esports #mahar_esport #knowledgesharing

Leave a Reply