Genshin Impact ရဲ့ Artifact များအကြောင်းတစေ့တကြောင်း

“Artifacts” ဆိုတာက Genshin Impact မှာပါဝင်တဲ့ Equipment လိုအရာတစ်ခုဖြစ်ပြီးတော့ ကိုယ်ပိုင် Character တွေရဲ့ Stats တွေတိုးလာဖို့နှင့် တိုက်ခိုက်တဲ့အခါ ပိုမိုလွယ်‌ကူအောင်အသုံးပြုပါတယ်။ Flower of Life, Plume of Death, Sands of Eon, Goblet of Eonothem နှင့် Circlet of Logos ဆိုပြီး Artifact 5 မျိုးရှိပါတယ်။ Artifact တစ်ခုချင်းစီတိုင်းမှာလဲ မတူညီတဲ့ Main Stats ‌နှင့် Sub Stats တွေပါဝင်ပြီး Character တွေရဲ့ Attributes တွေကို တိုးပေးပါတယ်။ Sub stats တွေကတော့ Main Stats လောက်မများပေမယ့် အရေးမကြီးတာတော့မဟုတ်ပါဘူး ။ 5-star Artifact တစ်ခုမှာ Main Stats တစ်ခုနှင့် Sub stats 3 ခုကနေ 4 ခုထိ ရရှိနိုင်ပါတယ်။

Artifact တွေကို Chest သေတ္တာတွေ၊ ရန်သူတွေ၊ Domains တွေနှင့် NPC (Non-player character) တွေဆီက နည်းလမ်းအမျိုးမျိုးနဲ့ ရယူနိုင်ပါတယ်။ Artifact တွေကို Enhance လုပ်ဖို့အတွက် တခြား Artifact၊ ဒါမှမဟုတ် တခြား Enhancement Materials တွေကို အသုံးပြုပြီး Enhance လုပ်လို့ရပါတယ်။ Artifact တွေကို Enhance လုပ်တဲ့အခါမှာတော့ Mora နှင့် Artifact EXP လိုအပ်ပါတယ်။

Character တစ်ကောင်ထဲမှာ တူညီတဲ့ Artifact 2 ခု သို့မဟုတ် 4 ခုထည့်ထားတဲ့အခါမှာ သက်ဆိုင်ရာ Artifact ရဲ့ Set Bonus Effect နှင့် အပို Stats တွေကိုလည်း ထပ်ပေါင်းထည့်ပေးဦးမှာပါ။ Set bonus တွေဟာ Character ကို Damage, Elemental Mastery, Energy Recharge, Resistance တွေနှင့် တခြား Effect တွေလည်းပေးပါသေးတယ်။ Artifact Full Set (4 piece) ကတော့ တချို့ Character တွေအတွက် အရမ်းကိုအသုံးဝင်ပြီး တချို့ Character တွေမှာတော့ 2 set စီ ခွဲသုံးကြပါတယ်။

ဘော်ဒါတို့အနေနဲ့ Genshin Impact မှာ Team တစ်ခုအကောင်းဆုံးဖြစ်အောင်ပြုလုပ်တဲ့အခါ Character တစ်ကောင်ချင်းစီအတွက်လိုက်ဖက်မှန်ကန်တဲ့ Artifact ကိုရွေးချယ်အသုံးပြုသင့်ပါတယ်။ Character တွေရဲ့ Role တွေ၊ Element တွေ၊ Weapon အမျိုးအစားတွေ၊ Skill တွေနှင့် Team Combo တွေကိုလည်း စဥ်းစားတတ်ရပါမယ်။ Artifact တွေကိုလည်း Character တစ်ကောင်မှ တစ်ကောင်ကို အလွယ်တကူ ပြောင်းရွှေ့လို့ရပါတယ်။

#MaharEsports #RolePlayingGame #RPG #GenshinImpact #GachaGames #Gacha #GameKnowledge #Artifacts #mahar_esports #mahar_esport #whatareartifacts

Leave a Reply