Genshin Impact ဟာ ဘယ်လိုဂိမ်းမျိုးလဲ?

Genshin Impact ဟာ Action RPG (role-playing game) တစ်ခုဖြစ်ပြီးတော့ 2020 ခုနှစ်မှာ miHoYo က ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။ စစထွက်ချင်း Android, iOS, PlayStation 4 နှင့် Microsoft Windows တို့အတွက် ထုတ်ဝေခဲ့ပေမယ့် PlayStation 5 အတွက်ကိုတော့ 2021 မှာထုတ်ဝေခဲ့ပါတယ်။ Nintendo Switch အတွက်လဲ လာမယ်လို့သိရပါတယ်။ ခုထိတော့ မလာသေးပါဘူး :3

ဒီဂိမ်းကို “Teyvat” လို့ခေါ်တဲ့ ကမ္ဘာကြီးမှာ ဦးတည်ထားပြီးတော့ အဲ့ကမ္ဘာကြီးမှာ မတူညီတဲ့ Element တွေပိုင်ဆိုင်ထားတဲ့ God 7 ပါးက အသီးသီးအုပ်ချုပ်ကြပါတယ်။ ကစားသူအနေနဲ့ Main Character ဖြစ်တဲ့ Traveler နေရာကနေ ပျောက်ဆုံးသွားတဲ့ မွေးချင်းကိုလိုက်ရှာရမှာပါ။ Traveler ကိုတော့ ကိုယ်ကြိုက်ရာ နာမည်ပေးနိုင်ပြီးတော့ ကိုယ်ပေးလိုက်တဲ့နာမည်အတိုင်း ဇာတ်လမ်းထဲမှာပါဝင်လာမှာပဲဖြစ်ပါတယ်။ ကစားသူအနေနဲ့ Open-world ကြီးထဲမှာ Story Quest တွေလုပ်ရင်း Teyvat ရဲ့ အလှအပတွေကို ခံစားနိုင်ပြီးတော့ ပင်ကိုစရိုက်မတူတဲ့ Character အမျိုးမျိုးနဲ့လဲ တွေ့ဆုံနိုင်ပါသေးတယ်။ နောက်ပြီးတော့ ရန်သူတွေကိုလည်း Element တွေ Weapon တွေသုံးပြီး တိုက်ခိုက်ရဦးမှာပါ။

ဒီဂိမ်းမှာ Single-player mode နှင့် Co-op mode ဆိုပြီးနှစ်မျိုးရှိပါတယ်။ Co-op mode မှာတော့ ဘော်ဒါ‌တို့အနေနဲ့ Quest တွေအတူတူလုပ်လို့ရမယ်၊ Dungeons တွေအတူတူဝင်လို့ရမယ့်အပြင် Events တွေပါ အတူတူဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဂိမ်းမှာ Gacha System လဲပါဝင်ပြီးတော့ Character တွေ၊ Weapon တွေကို in-game currency ဒါမှမဟုတ် တကယ့်ပိုက်ဆံသုံးပြီး မဲဖောက်ရမှာပဲဖြစ်ပါတယ်။ ဒီဂိမ်းဟာ F2P (Free to Play) အမျိုးအစားဖြစ်ပေမယ့် ကစားသူတွေက Top-up လုပ်ကာ ကိုယ်ကြိုက်နှစ်သက်တဲ့အရာတွေကို ဝယ်ယူလို့ရပါတယ်။

Genshin Impact ဟာ သူ့ရဲ့‌လှပလွန်းတဲ့ Graphic တွေ၊ နှစ်မြော‌စရာ‌ကောင်းတဲ့ Soundtrack တွေ၊ ဆွဲဆောင်မှုရှိတဲ့ Story နှင့် ကွဲပြားခြားနားတဲ့ Gameplay တွေကြောင့် အရမ်းကိုနာမည်ကြီးခဲ့ပြီး ဆုပေါင်းများစွာကို သိမ်းယူနိုင်ခဲ့ပါတယ်။ Google Play က ပေးအပ်တဲ့ Best RPG Game 2020 ဆုကိုလဲ ရရှိခဲ့ပါတယ်။ ယခုအခါမှာတော့ Genshin Impact ဟာ သန်းပေါင်းများစွာရှိတဲ့ ကစားသူတွေအပေါ်ဆွဲဆောင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

#MaharEsports #RolePlayingGame #RPG #GenshinImpact #GachaGames #Gacha

Leave a Reply