Resident Evil 4 Remake Review

ကျွန်တော်တို့ငယ်စဉ်အခါက “သရဲသေနတ်ပစ်”ဆိုပြီး ဆိုင်မှာပြေးပြေးဆော့ခဲ့ရတဲ့ Resident Evil 4 ဟာဆိုရင်တော့ဖြင့် ယခုအခါမှာတော့ Remake Version ထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။

Resident Evil 4 ကိုတော့ January 11, 2005 မှာ Nintendo Game Cube ကနေတစ်ဆင့် မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ PlayStation 2, Xbox 360, Xbox One, PlayStation 3, PlayStation 4, Nintendo Switch, Microsoft Windows တို့အပြင် တခြားသော Platforms တွေအထိလည်းကစားလို့ရပါသေးတယ်။ ကျွန်တော်တို့ ဆော့ဖူးခဲ့တဲ့ RE 4 ကတော့ PlayStation 2 မှာ ဆော့ခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ Windows (PC Platform) အတွက် Ultimate HD Edition ဆိုပြီး February 28, 2014 မှာ Frame Rate ကောင်းကောင်းနဲ့ Remastered Version အနေနဲ့ Steam ကနေတစ်ဆင့်ရောင်းချခဲ့ပါသေးတယ်။ RE4 က အရမ်းကိုမှ အောင်မြင်ခဲ့ပြီးတော့ Third-person Shooter Game တွေရဲ့ ဘိုးအေကြီးလို့တောင် တင်စားခဲ့ကြပါတယ်။

ယခု RE4 Remake ကိုစတင်ကြေငြာတုန်းကတော့ RE Fan တွေတော်တော်များများ ဝိုင်းဆဲခဲ့ကြပါတယ်။ “အောင်မြင်ပြီးသား ဂိမ်းတစ်ခုကို ဘာလို့များ Remake လုပ်မှာလဲ”၊ “အခု Remake ကျမှ Fail သွားဦးမယ်”၊ “Capcom အတွက် ပိုက်ဆံရှာဖို့သက်သက်ပဲ RE4 ကို Remake လုပ်ချလိုက်တာလား” ဆိုပြီး Fan တွေက ထင်ကြေးပေးခဲ့ကြပါတယ်။ ဒါ့အပြင် Code: Veronica X ကိုကျ မထုတ်ပေးပဲ ကျော်သွားတာလဲပါတာပေါ့ဗျာ။

တကယ်တမ်း Game Trailer နဲ့ Demo Gameplay တွေ ချပြလိုက်ချိန်မှာတော့ အဲ့အသံတွေလုံးဝပျောက်တဲ့အထိ အံ့အားသင့်စေခဲ့ရပါတယ်။ Original RE 4 ရဲ့ Storyline ကိုမှ အနည်းငယ်ပြင်ဆင်ထားပြီးတော့ ပြင်ဆင်ထား‌တဲ့ Plot တွေကလည်း အရင်ကထက် ပိုကောင်းသွားပါသေးတယ်။ ပြောရရင်တော့ Reality ပိုဆန်ပြီး Horror Vibe တွေပိုရလာမယ်ပေါ့ဗျာ။ Las Plagas ကတော့ အရင်ဂိမ်းကထက် ပိုကြမ်းပြီး ပိုမိုက်သွားပါတယ်။ အရင်တုန်းက Ramon Salazar နဲ့ Jack Krauser တို့ရဲ့ Boss Fightတွေကို သေချာလေးပြန်ပြင်ပေးထားတယ်လို့ဆိုရမယ်ဗျ။ Game Mechanic အနေနဲ့ကတော့ RE7, RE8 တုန်းကလို Crafting System အသစ်ပါဝင်လာပြီးတော့၊ နောက်ထပ်အသစ်အနေနဲ့ Knife System နဲ့ Stealth Kill System လဲ ပါဝင်ပါသေးတယ်။ အရင် RE Series တွေမှာတော့ ဓားက Melee Attack အတွက်နဲ့ ပုံးတွေခွဲဖို့အတွက်သာ အသုံးဝင်ပေမယ့် အခု RE4 Remake မှာတော့ ဓားကအရမ်းကို အရေးပါတဲ့နေရာကနေ ပါဝင်သွားပါတယ်။ Parry လုပ်ပြီး Incoming attack တွေကိုလဲ ကာလိုက်လို့ရပါတယ်။ ဓားက ခဏခဏကာပြီးရင်တော့ ကျိုးသွားမှာပါ။ Stealth Kill System ကလည်း အရမ်းကိုရိုးရှင်းပြီးတော့ တစ်ချက်ထဲ One-hit Kill လိုက်တာကိုလည်း မြင်တွေ့ရမှာပါ။ ဒါ့အပြင် အရင် RE တွေမှာ မပါခဲ့တဲ့ Recoverable Ammo System အသစ်လည်း ပါလာခဲ့တာပါ။ ကိုယ်ပစ်လိုက်တဲ့ မြှားတွေ၊ Bolt တွေကို အလောင်းကောင်ဆီကပြန်ယူလို့ ရတာမျိုးပေါ့။ Ada ရဲ့ Gameplay “Separate Ways” ကတော့ မပါဝင်လာခဲ့ပေမယ့် DLC အနေနဲ့ ထွက်ရှိလာမ‌လားတော့ စောင့်ကြည့်ရပါဦးမယ်။နောက်ပြီး ‌ဇာတ်လမ်းအဆုံးမှာ ထည့်သွင်းသွားတဲ့ Character ကိုလဲ RE Fan တွေ အရမ်းစိတ်ကျေနပ်စေရမယ်လို့ အာမခံပါတယ်။

ဒါဆို RE 4 ရဲ့ ဇာတ်လမ်း Plot တွေ ဘယ်လိုပြောင်းသွားလဲ အမြန်သိချင်ရင်တော့ ဝယ်ဆော့ကြည့်ကြပါ။ Original version ဆော့ဖူးတဲ့သူတွေလဲ ပြန်ဆော့ကြည့်သင့်ပါတယ်။ နောက်အပတ်လောက်ဆို Crack တွေလဲ ထွက်လောက်ပါပြီ။ RE4 Remake Review ကတော့ ဒီလောက်ပါပဲ။ Rating ကိုတော့ ကျွန်တော်က 10 out of 9 ထိပေးပါတယ်။

#mahar_esports #mahar_esport #MaharEsports #GameReview #ResidentEvil4 #ResidentEvil4Remake #SurvivalHorror #re4 #pcgames #review

Leave a Reply