RRQ Roster အပေါ်ထင်မြင်သုံးသပ်ချက်
M4 အပြီး အသင်းအားလုံးလည်း သူတို့သက်ဆိုင်ရာ MPL တွေအတွက် Roster တွေကိုပြင်ဆင်နေကြပြီဖြစ်ပါတယ်။MPL Indo ကတော့ သူတို့ရဲ့ player အပြောင်းရွှေ့ကာလကို January 18 ထဲက ပိတ်သိမ်းလိုက်ပြီးဖြစ်ပါတယ်။အသင်းတိုင်းလည်း MPL တွေအတွက် Ready ဖြစ်နေလောက်ပါပြီ။အသင်းတွေထဲမှာမှစောစောစီးစီးပဲ announcement လုပ်ခဲ့တာတော့ Indonesia super star အသင်းဖြစ်တဲ့ RRQ Hoshi အသင်းပဲဖြစ်ပါတယ်။ R7 က Season တစ်ခုစာအနားယူပြီးနောက် ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာတော့စိတ်ဝင်စားစရာပါပဲ။R7 အစား Exp lane မှာဆော့ကစားမယ့် Banana က R7 လိုမျိုး ရုန်းအားကောင်းနိုင်ပါ့မလား။အရင်ကလိုပဲ Team Form ပုံမကျပဲအခက်အခဲတွေကြုံတွေ့ရမလား ဆိုတာတော့စိတ်ဝင်စားစရာပါပဲ။ ကျန်တဲ့ player တွေက Season 10 အတိုင်း ပါရှိနေဆဲဆိုပေမယ့် R7 ကတော့အနားယူသွားတဲ့အတွက် Exp lane နေရာမှာ Banana ဝင်ဆော့မှာဖြစ်ပြီး Multi role ဖြစ်တဲ့ Lemon ဟာ Exp lane မှာလည်းဆော့ကစားတဲ့အတွက် main line up မှာတော့ ဘယ်သူတွေဝင်ဆော့နိုင်မလဲသေချာခန့်မှန်းလို့မရသေးပါဘူး။နောက်ထပ်ကြီးမားတဲ့ Changes အနေနဲ့ကတော့ Bigetron Alpha မှာ Mid Laner အဖြစ်ဆော့ကစားခဲ့တဲ့ Renbo ဟာ RRQ သို့ပြောင်းရွေ့လာပြီး Flex,Multi role position အနေနှင့်ဝင်ရောက်ဆော့ကစားသွားမှာပဲဖြစ်ပါတယ်။Multi role ၂ယောက်ပါဝင်နေတာကြောင့် ဘယ်သူကဘယ် role ဆော့မလဲဆိုတာခန့်မှန်းလို့မရတဲ့အတွက် Drafting pick ban အချိန်မှာတော့ Enemy Coach ကိုခေါင်းစားစေမှာတော့အမှန်ပါပဲ။Main Line up မှာဘယ်သူတွေကိုဘယ်လိုထုတ်သုံးသွားမလဲသေချာမသိရသေးပေမယ့် မနှစ်က Result ထက်ပိုကောင်းတဲ့ MPL Title ဆုကိုပဲသိမ်းပိုက်မလား R7 မပါတဲ့ RRQ ကအခြေအနေရောကောင်းပါ့မလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။  

Leave a Reply