Mathilda Hero Guide
Mathida(Swift Plume)ဟာ ၂၀၂၀ ဒီဇင်ဘာ ၁၂ ရက်နေ့က ထွက်ရှိခဲ့တဲ့ Assasin Support Hero ပါ။Roamer အနေနဲ့ ဆော့ရင်ပိုကောင်းပါတယ်။ Passive Mathida ရဲ့ Passive ကိုတော့ Ancestral Guidance လို့ခေါ်ပါတယ်။သူဟာရွေ့လျားမှုတွေ ပြုလုပ်တိုင်းမှာ သူ့ Passiveရဲ့ Stack ကတဖြည်းဖြည်းတိုးလာမှာပါ။  ရပ်နေရင်တော့ Stackကတက်လာမှာ မဟုတ်ပါဘူး။ Stack ပြည့်သွားတဲ့ အချိန်မှာ တိုက်ခိုက်လိုက်တဲ့ သူ့ရဲ့ Basic attack ဟာ 100% total physical attack နဲ့ 100% total magic power ပေါင်းထားတဲ့ Magic damage 200 အထိ ရှိပါတယ်။ဒါ့အပြင် Passive ပြည့်သွားတဲ့ 2.5 s အတွင်းမှာ Movement speed 80 လည်းထပ်တိုးသွားအုန်းမှာပါ။ Skill 1 Mathida ရဲ့ Skill 1 ကိုတော့ Soul Bloom လို့ခေါ်ပါတယ်။Magic skill အမျိုးအစားပါ။Skill 1 သုံးလိုက်ပြီး 3.5s ကြာတဲ့အချိန်မှာ ဘေးနားမှာ ရှိတဲ့ Enemy တွေကို ရှယ် damage ပေးမှာပါ။ လမ်းများများလျှောက်လေ Stack များများစုမိလေ Damage ပိုထိလေပါ။Stack 6 ခုထိ စုလို့ရပြီး Ultimate နဲ့ တွဲသုံးရတာပါ။Skill 2 နဲ့ လဲတွဲသုံးလို့ ရပါတယ်။Stack ကတော့ 4 ခုထိပဲရမှာပါ။ရပ်နေတုန်းမှာ သုံးမယ်ဆိုရင်တော့ Damage သိပ်ထိမှာ မဟုတ်ပါဘူး။Enemy Hero များရင် များသလို Damage က ခွဲထိသွားမှာဖြစ်ပြီးတစ်ကောင်ထဲဆိုရင်တော့ Damage အကိတ်ကြီးထိမှာပါ။ Skill 2 Mathida ရဲ့ Skill 2 ကိုတော့ Guiding Wind လို့ခေါ်ပါတယ်။Blink type skill အမျိုးအစား ဖြစ်ပါတယ်။ Movement speed နဲ့ sheild တက်လာတာပါ။ကိုယ့်ရဲ့ Teammate ကိုလည်း အနားကိုပြန်ခေါ်လို့ရသလို Shield ပါတက်စေအုန်းမှာပါ။Mathida က Skill 2 သုံးလိုက်ရင် Teammate တွေဆီမှာ Skill တစ်ခုပေါ်လာမှာ ဖြစ်ပြီး နှိပ်လိုက်ရင် Mathida အနားကို ရောက်သွားမှာပါ။ Ultimate Mathida ရဲ့ Ultimate ကိုတော့ Circling Eagle လို့ခေါ်ပြီး Blink,Shield Magic skill ပါ။Single Target ဖြစ်ပြီး Enemy ကိုတစ်ပတ်ပတ်ပြီး Stun လိုက်တာပါ။ပတ်နေတဲ့ အချိန်မှာ Stun တွေအားလုံး Immune ဖြစ်စေမှာ ဖြစ်ပြီး Shield လဲဖြစ်စေမှာပါ။Skill 1 လိုပဲ ရပ်ချင်တဲ့ အချိန် ကောက်ရပ်လိုက်လို့ရပါတယ်။ Skill cooldown ကတော့ 30 s ဖြစ်ပါတယ်။ Skill Combo  Skill Combo ကတော့ Ulti မရသေးခင်မှာ 1နဲ့ 2 ပဲ တွဲသုံးရတာပါ။Skill 1 သုံးပြီးလို့ အဝိုင်းပြည့်ခါနီးကျရင် Skill 2 သုံးလိုက်ရတာပါ။Ulti ရသွားရင်တော့ Skill 1 နဲ့ Ulti တွဲသုံးရတာပါ။ Battle spell ကို တော့ Flicker,flame shot နဲ့ Aegis တို့နဲ့ ပိုလိုက်ပါတယ်။ Tips and tricks အနေနဲ့ကတော့ Support ဆော့မယ်ဆိုရင် Skill 2 ရဲ့ Shield ကို အားကိုးပြီးဆော့ရတာပါ။Support ဆော့မယ်ဆိုရင်တော့ လိုက် Roam ပေးနေမှ အဆင်ပြေပါလိမ့်မယ်။ Mage အနေနဲ့ ဆော့ရင်တော့ Skill 1 damage ကိုပဲ အားကိုးပြီးဆော့ရမှာပါ။  

Leave a Reply