ယခုနှစ်ထဲမှာ Valorant Mobile တကယ်ပဲ ထွက်လာတော့မှာလား??????
ဒီနှစ်ထဲမှာ အထူးသဖြင့် Valorant Player တွေ အနေနဲ့ မျှော်လင့်တကြီး စောင့်မျှော်နေခဲ့တဲ့ Valorant Mobile ရဲ့ Leak တော်တော်များများတွေ့နေရပြီး China မှာလည်း Beta Test အနေနဲ့ မြင်တွေ့လာခဲ့ရပြီဖြစ်ပါတယ်။ Valorant Mobile ဟာဆိုရင် ယခင်က ထွက်ထားခဲ့ဖူးတဲ့ Call Of Duty : Warzone နဲ့ Mobile လိုမျိုး ကွာခြားမှု သိပ်မရှိပဲ ထွက်လာဖို့ရှိပြီးတော့ နောက်ထပ်စိတ်ဝင်စားစရာ ကိစ္စတစ်ခု ရှိနေပါသေးတယ်။   အဲ့ဒါကတော့ PC နဲ့ Mobile ဟာ Lobby တစ်ခုထဲမှာ တွဲဆော့လို့ရနိုင်မလား??ဆိုတာပါပဲ ။ Mobile Game တော်တော်များများ ကို Leak လုပ်နေတဲ့ SARGE အမည်ရှိတဲ့ Twitter အကောင့်ကနေ ဒီကိစ္စနဲ့ ပတ်သက်ပြီး Riot Games ဘက်က ကြိုးစားလုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ် ။ နောက်ပြီး Valorant Mobile ကို Gyroscope နဲ့ ကစားနိုင်တယ်လို့ ဖော်ပြထားပြီး Global Launch ကိုတော့ ဒီနှစ်အတွင်း ထွက်လာလိမ့်မယ်လို့ ဆိုထားပါတယ် ။ ဒီရက်ပိုင်းမှာလည်း Valorant Mobile နဲ့ ပတ်သက်တဲ့ China Version Beta Test Gameplay တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့လာရတာဆိုတော့ Valorant Mobile ဟာ ဒီနှစ်အတွင်းမှာ တကယ်ပဲ ထွက်လာတော့မှာလား ၊ ထွက်လာရင်ရော PC နဲ့အတူ Lobby တစ်ခုထဲမှာ တွဲဆော့လို့ရမှာလားဆိုတာကို စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ် ။  Valorant Mobile ကိုစောင့်မျှော်နေတဲ့ ပရိသတ်တွေရော ဂိမ်းရဲ့အခြေအနေက ဘယ်လိုထင်လဲဆိုတာ??? ကိုယ့်ရဲ့ အမြင်လေးတွေကို Comment Box မှာ ပြောပေးသွားကြပါဦးနော်……    

Leave a Reply