Natan Hero Guide
Natan ဟာ ၂၀၂၁ ဇူလိုင် ၂၃ မှာ ထွက်ရှိခဲ့တဲ့ Marksman Hero တစ်ကောင်ဖြစ်ပါတယ်။Burst နဲ့ Magic Damage ကိုပေးပါတယ်။ Passive  Natan ရဲ့  passive ကိုတော့ theory of everything လို့ခေါ်ပါတယ်။သူရဲ့ passive က သွေးတန်းအောက်က အတန်းလေးပါ။Skill 1 ပဲ သုံးသုံး Skill 2 ပဲ သုံးသုံး Enemy ဒါမှမဟုတ် Minion,Creep ကိုထိတဲ့အခါမှာ အောက်က အတန်းလေးက ပြည့်လာမှာပါ။အတန်းလေးပြည့်သွားရင်တော့ Attack speed 15% တိုးလာမှာဖြစ်ပြီး Movement speed 7.5 ထပ်တိုးသွားမှာပါ။Enemy များများကိုထိလေ Passive မြန်မြန်ပိုပြည့်လေ ဖြစ်ပါတယ်။ဒါကတော့ Passive ဖြစ်ပါတယ်။ Skill1  Natan ရဲ့ Skill 1 ကို တော့ Super position လို့ခေါ်ပါတယ်။Burst damgae type ဖြစ်ပြီး Magic skill အမျိုးအစားပါ။Skill 1 သုံးတဲ့အခါ Enemy hero များလေလေ အပေါ်မှာ ပြောခဲ့သလို Passive မြန်မြန်ပိုပြည့်လေ ဖြစ်ပါတယ်။Cooldown အနေနဲ့ကတော့ 8.0, 7.6, 7.2, 6.8, 6.4, 6.0 ဆိုပြီး တဖြည်းဖြည်းလျော့နည်းသွားမှာပါ။Mana cost အနေနဲ့ကတော့ 65, 71, 77, 83, 89, 95ဆိုပြီး တဖြည်းဖြည်း တိုးလာမှာပါ။Base Damage အနေနဲ့ကတော့ 150, 210, 270, 330, 390, 450ဆိုပြီး တိုးလာမှာဖြစ်ပါတယ်။ဒါကတော့ Skill 1 ပါ။ Skill 2  Natan ရဲ့ Skill 2 ကို Interference လို့ခေါ်ပါတယ်။Damage ပါတဲ့ အလုံးလေးတစ်လုံးနဲ့ ပစ်လိုက်တာ ဖြစ်ပါတယ်။ထိသွားတဲ့ Enemy က Position ပျက်ပြီး နောက်ဆုတ်သွားမှာပါ။Battle မှာ တော်တော်လေး အသုံးဝင်တဲ့ Skill တစ်ခုဖြစ်ပါတယ်။Skill 2 နဲ့ Ultimate တစ်ချို့ကိုလည်း ဖျက်လို့ရပါသေးတယ်။Skill 2 ကလည်း Enemy များများထိလေလေ Passive ပိုပြည့်လေ ဖြစ်ပါတယ်။ Ultimate Natan ရဲ့ Ultimate ကိုတော့ Entropy လို့ခေါ်ပါတယ်။Blink skill အမျိုးအစားပါ။အချိန်ကို ကစားပြီး သူ့ရဲ့ ပုံတူတစ်ကောင်ကို ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။Natan အတု က Natan အစစ်နဲ့ ဆန့်ကျင်ဘက်လှုပ်ရှားပါတယ်။ဥပမာ အစစ်ကရှေ့ကိုသွားရင် အတုက နောက်ကို သွားပါတယ်။အစစ်လုပ်သမျှအရာတိုင်းကို အတုက လိုက်လုပ်နေမှာပါ။အစစ်က ပစ်ရင် အတုလည်း လိုက်ပစ်နေမှာပါ။Spell သုံးရင်လည်း လိုက်သုံးနေမှာပါ။အကွာအဝေးတစ်ခုထိ ရောက်ရင်တော့ Ulti ပျက်သွားမှာပါ။Ulti ကို နောက်တစ်ခါထပ်နှိပ်လိုက်မယ်ဆိုရင်တော့ အစစ်နဲ့ ကိုယ်ပွားအတုက နေရာချင်း လဲသွားမှာ ဖြစ်ပါတယ်။Battle ဆိုင်ရင် တော်တော်လေး အသုံးဝင်ပါတယ်။Natan ulti သုံးလိုက်ရင် Skill 1 နဲ့ Skill 2 ရဲ့ Cooldown ကို 50% လျော့သွားစေမှာပါ။ Skill combo  Skill Combo ကတော့ Enemy ကို လိုက်သတ်မယ်ဆိုရင် Ulti,Ulti,Skill 1,Skill 2 ဆိုပြီး သုံးလို့ရပါတယ်။ဒီ Combo က Natan ရဲ့ Passive ကိုပါ တစ်ခါထဲ ပွင့်စေမှာပါ။နောက်ထပ် Combo တစ်ခုကတော့ Natan ရယ် Clone ရယ် Enemy ရယ် တစ်တန်းတည်း ဖြစ်နေမယ်ဆိုရင် Damage ရှယ်ထိစေမှာပါ။နောက် Combo တစ်ခု ကတော့ ပြေးလို့ရတဲ့ Combo ပါ ကိုယ်က သွေးကလည်း နည်းနေပြီး Enemy ကိုလည်း ပြန်ချချင်သေးတယ်ဆိုရင်တော့ Ultimate ကို နောက်ကို ကြိုပစ်ထားပြီး Skill 1 Skill 2 သုံးကာ ရသလောက်လေး ပြန်ပစ်ပြီး ပြေးရတဲ့ Combo ပါ။Cooldown အနေနဲ့ ကတော့ 48,42,36 ဆိုပြီးလျော့သွားမှာပါ။Mana Cost ကတော့ 100,50 ဆိုပြီး လျော့သွားမှာပါ။  

Leave a Reply