Onic Esports Roster အပေါ်ထင်မြင်သုံးသပ်ချက်
M4 အပြီးမှာတော့ Onic Esports ဟာ MPLI မှာလိုမျိုး ထင်သလောက် Achievements ကောင်းကောင်းမရခဲ့ပဲ 4th Place နှင့်သာကျေနပ်ခဲ့ရပါတယ်။အခု February လမှာကျင်းပမယ့် MPL Season 11 မှာတော့ Onic Esports ဟာ Roster အပြောင်းအရွေ့သိပ်မရှိခဲ့ပါဘူး။M4တုန်းက အမှားတွေကိုပြင်ဆင်ပြီး Season 11 ကိုပြန်လာမယ်လို့လည်းမျော်လင့်ပါတယ်။ Roster မကြေညာခင်ကာလမှာတော့ Roamer အဖြစ်ဆော့ကစားတဲ့ Kiboy ဟာ season တစ်ခုစာအနားယူမယ်လို့ rumor တွေထွက်ခဲ့သော်လည်း Official ကြေညာတဲ့အချိန်မှာတော့ Roster မှာပါဝင်လာခဲ့ပါတယ်။တစ်ဦးတည်းအမြင်အရဆိုရင် Roamer နေရာမှာ SamoHt ဝင်ဆော့ပြီး Mage နေရာတော့ Sanz ပဲဝင်ဆော့မယ်ထင်ပါတယ်။SamoHt Sanz အတွဲဟာ Kairi ဝင်လာပြီးနောက်ပိုင်းမှာ Mid lane မှာတွဲလုံးမိနေခဲ့ပါတယ်။ Jungler ကတော့ပြောစရာမလိုလောက်အောင် Assassin god လို့တင်စားထားတဲ့ Kairi ပဲဝင်ဆော့မှာ 100% သေချာပါတယ်။Gold Lane နှင့် Exp Lane ကတော့ပုံမှန်အတိုင်း CW နှင့် Butss ကသာနေရာ ယူထားဆဲဖြစ်ပါတယ်။Individual Skill တွေကောင်းမွန်လျက်နှင့် အမှားလေးတွေကြောင့်သာအရှုံးနှင့်ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါပေမယ့် အမှားတွေကိုဖြေရှင်းဖို့အတွက် Coach တစ်ယောက်တော့ခေါ်ခဲ့ပါတယ်။နာမည်ကြည့်ရင်တော့ Adi ပေါ့ ရုပ်ကြည့်ရင်တော့လူတိုင်းသိတဲ့ Rrq က Acli ပဲဖြစ်ပါတယ်။Onic ရောက်ပြီး နာမည်ချိန်းခဲ့တဲ့ Adi ဟာ Rrq မှာတော့ပုံမှန်ထက်ပိုတဲ့လက်စွမ်းတွေမပြခဲ့ပေမယ့် တည်ငြိမ်တဲ့ Draft pick ban တွေနှင့်ဝါရင့် Coach တစ်ယောက်ပဲဖြစ်ပါတယ်။အခု Onic မှာရောဘာတွေလုပ်ပြသွားမလဲ Season 10 က Champion ဆုကို Back to Back ပြန်ယူနိုင်မလားဆိုတာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။  

Leave a Reply