Chill with Mahar Esports TV Giveaway
M4 World Championship ပြိုင်ပွဲကြီးကို ကျွန်တော်တို့ Mahar Esports TV Channel ကနေထုတ်လွှင့်ပြသခဲ့တာ ယခုဆိုရင် Group Stage အဆင့်ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးတို့အနေနဲ့ရော Mahar Esports TV ရုပ်သံလိုင်းကအစီအစဉ်တွေ ကြည့်ရတာအားကောရကြရဲ့လား??? ဘယ်လိုမျိုးလိုအပ်ချက်တွေရှိနေလည်း??? ဘယ်လိုအစီအစဉ်မျိုးတွေကြည့်ရှုချင်လည်း???? Esports ကိုအားပေးနေတဲ့ ပရိသတ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ရုပ်သံလိုင်းတစ်ခုဖြစ်လာဖို့အတွက်ကြိုးစားနေတာမို့ ပရိသတ်ကြီးတို့လည်း အကြံပြုစကားလေးတွေပြောကြားပေးခဲ့ကြပါဦး။ ဪ…ပြောဖို့ကျန်သွားလို့ အကြံပြုစကားလေးတွေပြောကြားရင်းနဲ့ Falcon Esports ကစားသမားတွေရဲ့လက်မှတ်ပါဝင်တဲ့ Falcon Jersey ၃ ထည်ကိုကံထူးနိုင်တဲ့အစီစဥ်လည်းရှိသေးတယ်။ Giveaway လေးမှာပါဝင်ချင်တယ်ဆိုရင်တော့ – ၁။ ယခုပို့စ်လေးကို Public ဖြင့် react ပေးပြီး share လုပ်ထားပေးရပါမယ်နော်။ ၂။ ပြီးရင် Mahar Esports TV Channel ကိုကြည့်ရှုနေတဲ့အချိန်ရိုက်ထားတဲ့ Selfie ပုံနှင့်အတူ မိမိတို့ရဲ့အကြံပြုချက်လေးနဲ့ ပူးတွဲပြီးမန့်ပေးပါနော်။ အားလုံးပြီးပြီဆိုရင်တော့ ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လည်မှာ ကံထူးရှင် ၃ ယောက်ကိုမဲဖောက်ပေးသွားမှာပဲဖြစ်ပါတယ်။ MLBB ပရိသတ်တွေစောင့်မျှော်နေတဲ့ M4 ပြိုင်ပွဲကြီးရဲ့ အကြိတ်အနယ်ဖြစ်လာမယ့်ပွဲစဉ်တွေကို တိုက်ရိုက် ( Live ) ကြည့်ရှုနိုင်ဖို့အတွက် Mahar Esports TV ရုပ်သံလိုင်းမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ။  

Leave a Reply