ပုံစံကောင်းတွေပြသနေတဲ့ Team Myanmar Falcon က Onic ကို ချိုးပစ်မလား?
ဘယ်သူမှမထင်ထားတဲ့ရလဒ်တွေနဲ့ Blacklist International အပြင် တွေဆုံမှုတစ်ကြိမ်မှာ ရှုံးနိမ့်ခဲ့တဲ့ Turkey Esports အသင်းတစ်သင်းဖြစ်တဲ့ Incendio Supremacy ကို Tie Break ပွဲစဉ်တွေမှာ အနိုင်ယူနိုင်ခဲ့ပြီး အုပ်စု(A)ရဲ့ Tie Break System အရ အမှတ်အများဆုံး Blacklist International ကိုပါ ထပ်မံအနိုင်ယူပြလိုက်တဲ့ အုပ်စုဗိုလ် Falcon Esports က Todak တစ်သင်းကိုသာ ရှုံးနိမ့်ခဲ့တဲ့ အုပ်စု(B)ရဲ့ ဒုတိယဖြစ်တဲ့ Onic Esports နဲ့ Upper Bracket ပွဲစဉ်အဖြစ် မနက်ဖြန်မှာ ယှဉ်ပြိုင်ကြရတော့မှာပဲ ဖြစ်ပါတယ် ။ (၂)သင်းစလုံးက Local Qualifier ပွဲတွေမှာ သောင်းကျန်းခဲ့ပြီး Champion အသီးသီး ဆွတ်ခူးထားတဲ့ အသင်းတွေ ဖြစ်တာနဲ့အညီ ပြိုင်ပွဲကလည်း မြိုင်ဆိုင်နေဦးမှာ သေချာပါတယ် ။ Falcon ဘက်ကလဲ Coach Dale နဲ့ SayarGyi ရဲ့ Draft တွေနဲ့ UBE Style ကို ဖြတ်ပြခဲ့ပြီးပါပြီ ။ တစ်ဖက်မှာလည်း Onic အသင်းက အုပ်စုတွင်း ခက်ခဲတဲ့ ပြိုင်ဘက် Todak တစ်သင်းထဲ ရှိတာတောင် ရှုံးနိမ့်ခဲ့ရပြီး Malaysia MPL Champion ဖြစ်တဲ့ Team HAQ နဲ့ Singapore MPL Champion RSG Singapore တို့က Lower Bracket မှာ စောင့်နေနိုင်တာကြောင့် ရုန်းကန်လာနိုင်တဲ့ အနေအထားပါ ။ တစ်ချိန်ထဲမှာပဲ M3 Champion Blacklist ကို အနိုင်ရရှိထားတဲ့ Falcon ကပဲ Upper Bracket နောက်တစ်ဆင့်တက်သွားမလား?? ၊ Onic Esportကပဲ Localမှာ ချပြခဲ့တဲ့ အကောင်းဆုံး လက်စွမ်းတွေကိုပြသပြီး နောက်တစ်ဆင့်တက်နိုင်မလား??? ဆိုတာ စောင့်ကြည့်ရတော့မှာပါ ။ ဒါကြောင့် January 7ရက်နေ့ နေ့လည် ၁:၃၀မှာ ယှဉ်ပြိုင်ရမဲ့ Falcon Esports Vs Onic Esportsတို့ရဲ့ ပွဲစဉ်ဟာ စောင့်ကြည့်ချင်စရာကောင်းတဲ့ ပွဲကောင်းတစ်ပွဲဖြစ်မှာ အမှန်ပါပဲ ။ ပရိသတ်တို့ရော ဘယ်လိုထင်လဲ ? ယခုလိုပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ M4 World Championship ပွဲစဉ်တွေကို တိုက်ရိုက် ( Live ) ကြည့်ရှုနိုင်ဖို့ အတွက် Mahar Esports TV ရုပ်သံလိုင်းမှာ ဆက်လက်စောင့်ကြည့်ပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

Leave a Reply