ကံမကုန်လို့ ပြန်ဆုံကြတဲ့ Falcon Esports နဲ့ Incendio Supremacy
Group A မှာ တစ်အုပ်စုထဲ ကျရောက်ခဲ့ကြတဲ့ Falcon Esports နဲ့ Incendio တို့ဟာ အမှတ်တူလို့ Tie Breakerမှာ Falcon က Incendio ကို Lower Bracket ဆင်းရအောင် အနိုင်ယူခဲ့ပြီးတော့ အခုတစ်ခါမှာလည်း ကျွန်တော်နဲ့ သူမလို ရေစက်ဆုံခဲ့ရပြန်ပါတယ် ။ Falcon Esports ကလည်း နိုင်ငံကိုယ်စားပြု S 11 Gaming, Argentina အသင်းကို 2-0 နဲ့ ဒိုင်ပွဲရပ် ကစားနိုင်ခဲ့ပြီးတော့ Incendio အနေနဲ့ကလဲ မလေးရှား Champion ကို လေယာဉ်လက်မှတ်ဖြတ်ပြီး ပြန်ပို့ပေးနိုင်ခဲ့ပါတယ် ။ ၂သင်းလုံးရဲ့ တွေ့ဆုံမှုကို ကြည့်ရရင်လည်း တစ်ကြိမ်စီ အနိုင်ယူထားနိုင်ခဲ့ပြီး လက်ရည်အရလည်း ပြတ်သားနေတဲ့ ရလဒ်မျိုး မထွက်ခဲ့ပါဘူး ။ သူမနဲ့ ရေစက်ဆုံသလို ဖြစ်ခဲ့ပေမယ့် ကိုယ့်ရည်းစား သူများနဲ့ညား ဆိုသလို Falcon က Incendio ကို အနိုင်ယူပြီး M4 အိမ်မက်ကို ဆက်မက်နိုင်မလားဆိုတာကို မနက်ဖြန် နေ့လည် ၁နာရီခွဲ အချိန်တွင် Mahar Esports ရဲ့ Facebook Page, YouTube Channel နဲ့ TV Channel တို့မှာ တိုက်ရိုက် (Live)ထုတ်လွှင့် ပြသသွားမှာပဲဖြစ်ပါတယ်။

Leave a Reply