All About Mobile Legends Assassins Junglers

Assassin junglers တွေဟာ အရမ်းမြန်ပြီးတော့ တစ်ယောက်တည်း ဒါမှမဟုတ် backup မရှိတဲ့ enemy တွေကို သတ်ဖို့အတွက် အချိန်တိုလေးအတွင်းမှာ damage အများကြီးပေးနိုင်ကြပါတယ်။mobility မြင့်တာကြောင့် တစ်မြေပုံလုံးကို အမြန်သွားနိုင်ကြပြီး team fight တွေတိုင်းမှာ ပါ၀င်လို့ရမှာ ဖြစ်ပါတယ်။Jungle တွေကိုလည်း တစ်ခုပြီးတစ်ခု အမြန်စားနိုင်ပါတယ်။

Assassins junglers တွေက Damage output နဲ့ mobility များတာကို အသုံးချပြီး aggressive ဆန်ဆန်ကစားကာ game ကို control လုပ်နိုင်ပါတယ်။enemy တွေကို surprise တိုက်ပြီး အလျင်အမြန် သတ်လို့ရတာကြောင့် ganking လုပ်လို့ အရမ်းကောင်းပါတယ်။Early game မှာပိုသိသာပါတယ်။Assassin jungler ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် မြေပုံကို အမြဲသတိပြုသင့်ပြီး အ‌ခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချတတ်ရမှာ ဖြစ်ပြီး Timingကိုက်ဖို့လဲလိုပါသေးတယ်။Battle အ၀င်အထွက်တွေမှာမသေအောင် positionကောင်းကောင်းယူတတ်ဖို့လည်းလိုပါသေးတယ်။

Assassin junglers ဆော့မယ်ဆိုရင် risk အရမ်းများပြီးတော့ ဘယ်အချိန်မှာ ဘာလုပ်မယ် အလျင်အမြန် စဉ်းစားတတ်ဖို့လည်းလိုပါတယ်။Jungle လည်း၀င်ရအုန်းမယ့်အပြင် enemy carry ကို အခွင့်အရေးရရင် ရသလို သတ်လို့ရအောင် lane ganking ပိုင်းကိုလည်းအာရုံစိုက်ရပါသေးတယ်။Jungle မှာ ထိထိရောက်ရောက် farm နိုင်မှ level မြန်မြန်တက်မှာဖြစ်ပြီး core item တွေလည်းအမြန်ရမှာ ဖြစ်ပါတယ်။Enemy ဘက်က ganking တွေကို ရှောင်နိုင်ဖို့ ကိုယ့်ရဲ့ position enemy ရဲ့ movement တွေနဲ့ ဖြစ်နိုင်ချေရှိလာနိုင်တဲ့ counter attack တွေကို အမြဲသတိထားဖို့လိုပါတယ်။

Early Game မှာ Assassins junglers တွေက အရမ်း Strong ပါတယ်။ Burst Damage နဲ့ Mobility မြင့်လို့ပါ။Early ပိုင်းမှာ Lane တွေကို လိုက် Gank နိုင်တာကြောင့် Hero kill တွေသာ ပွဲစထဲက ရမယ်ဆိုရင်တော့ အသင်းကို အများကြီး အထောက်အကူပြုနိုင်မှာပါ။Late Game ရောက်လာပြီဆိုရင်တော့ enemy တွေက သွေးပိုများလာပြီး Defense Item တွေလည်း ပါလာပြီမလို့ Assassins junglers တွေက သိပ်ပြီး ထိရောက်အောင် Damage ပေးနိုင်တော့မှာ မဟုတ်ပါဘူး။Position ကျွံပြီဆိုတာနဲ့ အသတ်ခံရနိုင်တာမလို့ Strategy ကောင်းကောင်းနဲ့ သေသေချာချာ ပိုပြီး ဂရုတစိုက်ဆော့ရမှာ ဖြစ်ပါတယ်။Damage များသေးတယ်ဆိုပေမယ့်လည်း စိတ်ရှည်ရှည်နဲ့ အခြေအနေကောင်းကို စောင့်ပြီးတော့ battle ဆိုင်သင့်ပါတယ်။

Assassins Jungler တွေကတော့ damage output နဲ့ Mobility အရမ်းများတာမလို့ Early ပိုင်း Ganking လုပ်တဲ့နေရာမှာ အရမ်းအသုံးဝင်မှာ ဖြစ်ပြီး late game ရောက်မှသာ Ganking လုပ်ရတာ အနည်းငယ် ခက်သွားနိုင်မှာပါ။Emblem နဲ့ ပက်သက်ပြီးပြောရမယ်ဆိုရင် Assassins Jungler တွေအနေနဲ့ ရွေးချယ်စရာ Emblem နှစ်ခုရှိပါတယ်။Assassins Emblem ဒါမှမဟုတ် Jungle Emblem တို့ပဲ ဖြစ်ပါတယ်။Jungler ဖြစ်တဲ့အတွက် Turtle တွေ Lord တွေ ရဖို့ လိုတာကြောင့် Jungle Emblem နဲ့ဆော့တာက ပိုကောင်းပါတယ်။ ယူသင့်တဲ့ Emblem နဲ့ Talent တွေကတော့ Heroတွေ ပေါ်မှာ မူတည်ပါတယ်။ ဒါကတော့ Mobile Legends Bang Bang Assassins Jungler တွေအကြောင်း ပြောပြပေးသွားတာပဲဖြစ်ပါတယ်။ နောက်ထပ်လည်း ဗဟုသုတရစေမယ့် Esports အကြောင်းအရာတွေ၊ Guide တွေကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ Mahar Esports Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်

#mahar_esports #mahar_esport #mlbb #assassinjunglers #junglers #mlbbknowledge #mlbbguide

Leave a Reply