How to be a good carry in MLBB

MLBB မှာ carry ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် Technical skills တွေ Game Knowledge တွေ Strategic thinking တွေကို သေချာပေါင်းစပ် ဆော့ကစားတတ်ဖို့ လိုအပ်ပါတယ်။ပထမဆုံးအနေနဲ့ ပိုကောင်းတဲ့ Carry player တစ်ယောက်ဖြစ်လာဖို့ အဓိက လိုအပ်တဲ့ အခြေခံကျတဲ့ အချက်တွေကို အရင်ပြောပြပေးချင်ပါတယ်။

No.1 မှန်ကန်တဲ့ Hero ကိုသေချာရွေးချယ်ပါ

ဟုတ်ပါတယ် လက်ရှိ Meta နဲ့ လိုက်ဖက်ပြီး ကြမ်းနေတဲ့ hero တွေကို ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ ပွဲတစ်ပွဲမှာ Damage အများဆုံး ပေးနိုင်တဲ့ Hero တွေက Battle မှာ အရမ်း အရေးကြီးပြီး အသင်းကို Carry ပေးနေတာ မလို့ သူတို့ ကို အကာအကွယ်ပေးဖို့ လိုအပ်ပါတယ်။Marksman, Mage နဲ့ Assassins တွေကို များသောအားဖြင့် Carry ကစားကြပါတယ်။ ကိုယ့်ရဲ့ Playstyle နဲ့ လိုက်တဲ့ Hero ကို သေချာရွေးချယ်ဖို့ လိုအပ်သလို ကိုယ်ရွေးချယ်လိုက်တဲ့ Hero ရဲ့ အားသာချက် အားနည်းချက်တွေကိုလည်း သေချာနားလည်ဖို့ လိုအပ်ပါတယ်။Hyper carry ဆော့ကြတဲ့ ဘော်ဒါတွေအတွက် enemy ဘက်က OP ဖြစ်နေတဲ့ Marksman တွေ Mage တွေ ပါလာရင် တော့ သူတို့ကို အလွယ်တကူ Counter ဖို့ assassin hyper မျိုးသုံးသင့်ပါတယ်။ဒါမှမဟုတ် Battle တွေကို သိပ်မဆိုင်ချင်ဘူး Safe play နဲ့ Objective ကစားမယ့်တချို့ ပွဲတွေမှာ Tank Fighter တွေက Durable ဆော့ရတာ မလို့ Damage output များတဲ့ Gold laner Marksman တွေကို ရွေးချယ်သင့်ပါတယ်။Mid laner mage တွေကိုတော့ Carry ဆော့ကြတာ ရှားတယ်ဆိုပေမယ့် တခါတလေ mage တွေက Carry သွားတာမျိုးလည်း ရှိတတ်ပါတယ်။ဒါကြောင့် ကိုယ်က Carry pro တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် Hyper role,Gold laner နဲ့ Mid lane တို့ကို ကျွမ်းကျွမ်းကျင်ကျင်ဆော့တတ်ဖို့ လိုပါတယ်။

No.2 ထိရောက်စွာ Farm ပါ

Carry တစ်ယောက်ရဲ့ အဓိက တာဝန်က Farm ဖို့ပါပဲ။တတ်နိုင်ရင် တတ်နိုင်သလောက် Gold နဲ့ Experience ကို များများရအောင် Farm သင့်ပါတယ်။minion တွေကို last hit ရအောင်စားပါ။Jungle camp တွေကို အရယူပြီးတော့ Gold တွေရဖို့ အတွက် Team Fight တွေတိုင်းမှာလည်း အမြဲ ပါနေသင့်ပါတယ်။Gold lane Carry ဆော့မယ်ဆိုရင်တော့ Hyper carry နဲ့ Mid carry တို့ထက်ပိုပြီးတော့ Farming က ပိုလို့တောင် အရေးကြီးပါသေးတယ်။

No.3 နေရာယူမှု

Carry တစ်ယောက်အနေနဲ့ Team Fight တွေတိုင်းမှာ အမြဲတမ်း အသင်းရဲ့ Back line ထဲမှာပဲ နေသင့်ပြီးတော့ safe distance ကနေပဲ Damage ပေးသင့်ပါတယ်။Battle ထဲမှာ ကြာကြာနေနိုင်ပြီး position caught out မဖြစ်အောင် Hero ရဲ့ Mobility skill တွေကို အချိန်ကိုက် ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့လည်း လိုအပ်ပါတယ်။Hyper carry ဆိုရင်တော့ အရမ်းကြီး Position မကျွံသွားရင် ရပေမယ့် Gold laner နဲ့ mage တွေအတွက်ကတော့ Position ယူတတ်မှ battle တွေမှာ Damage ပေးဖို့ အကြာကြီး Survive လုပ်နိုင်မှာပါ။

No.4 Map ကြည့်ဖို့မမေ့ပါနဲ့

MLBB ထဲမှာ Map ဆိုတဲ့ လေးထောင့် အကွက်ကြီးက နေရာလွတ်နေလို့ ထည့်ပေးထားတာ မဟုတ်ပါဘူး ဘော်ဒါတို့ရေ။မရှိမဖြစ် လိုအပ်ပြီး အရမ်း အရေးကြီးလို့ Game Developer တွေက ထည့်ပေးထားတာပါ။ Carry ကောင်းတစ်ယောက်ဖြစ်ဖို့ ဆိုရင်တော့ အမြဲတမ်း Map ကြည့်နေဖို့ လိုပါတယ်။မြေပုံမှာပေါ်လာတဲ့ Enemy တွေရဲ့ Movement တွေကို မျက်စိဒေါက်ထောက် ကြည့်နေမှသာ လိုအပ်တဲ့ အချိန်တိုင်းTeammate တွေကို ကူညီနိုင်မှာ ဖြစ်ပြီး Objective လည်း ကောင်ကောင်းလုပ်နိုင်မှာပါ။

No.4 Communication

Carry တစ်ယောက် က အသင်းနဲ့ အမြဲတမ်းCommunicate လုပ်နေဖို့ လိုအပ်ပါတယ်။အထူးသဖြင့်Teammate တွေနဲ့ ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်တတ်ဖို့လည်း လိုပါတယ်။Enemy တွေရဲ့ Movement တွေကို အမြဲ Remind လုပ်နေသင့်ပြီးObjective timing တွေနဲ့ Ganking ဖြစ်နိုင်ချေတွေကိုလည်း Teammate တွေသိအောင်လို့ အမြဲ သူတို့နဲ့ ပြောနေရမှာပါ။

No.5 Itemization

ပွဲအခြေအနေနဲ့ Hero ပေါ်မူတည်ပြီးတော့ မှန်ကန်ပြီး လိုက်ဖက်တဲ့ Item တွေကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ဥပမာ Enemy ဘက်က Crowd Control အရမ်းများနေတယ်ဆိုရင် Extra mobility နဲ့ CC immunity ပါတဲ့ item တွေကို အသားပေးထည့်သင့်ပါတယ်။

ကဲ ဒါကတော့ MLBB မှာ Carry Player ကောင်းတစ်ယောက်ဖြစ်လာဖို့ သိထားသင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။ နောက်လာမယ့် Post တွေမှာလည်း MLBB နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ရေးသားဖော်ပြပေးသွားဦးမှာဖြစ်လို့ Mahar Esports မှာ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…

#mahar_esports #mahar_esport #mlbb #mlbbknowledge #mlbbguide #howtobeagoodcarry #mlbbcarry

Leave a Reply