ဝင်ငွေအများဆုံးနာမည်ကြီး Dota Players များ

Dota 2 game ဟာ နာမည်ကြီး PC game တစ်ခု ဖြစ်သလို Player fan base လည်းတောင့်တင်းတဲ့ Esports ဂိမ်းတစ်ခုပါ။ဒီလို Esports ဂိမ်းမျိုးကို Professional ကျကျ ဆော့နိုင်တဲ့ Player တွေ ဝင်ငွေ ဘယ်လောက် ရနေကြလဲဆိုတာ သိချင်ကြလိမ့်မယ်လို့ ထင်ပါတယ်။အခုပြောပြပေးသွားမှာကတော့ ဝင်ငွေ အများဆုံး နာမည်ကြီး Dota Player ၅ ယောက် အကြောင်းပဲ ဖြစ်ပါတယ်။


No.1 Notail

Big Daddy လို့ခေါ်ကြပြီး OG အသင်းနဲ့အတူအောင်မြင်မှုတွေ ရရှိခဲ့တဲ့ Dota 2 pro player Notail ဟာ လက်ရှိမှာ Us Dollar ၇ သန်းကျော်နဲ့ ဝင်ငွေအများဆုံး Esports player အနေနဲ့ ရပ်တည်နေပါတယ်။သူ့ရဲ့ နာမည်အရင်းကတော့ Johan Sund လို့ ခေါ်ပါတယ်။Denmark နိုင်ငံသားဖြစ်ပြီး 1993 October 8 ရက်နေ့မှာ မွေးဖွားခဲ့တာမလို့ အသက်ကတော့ ၂၉ နှစ်ရှိပါပြီ။လက်ရှိ OG မှာ Support Captain အဖြစ်ဆော့နေပါတယ်။သူ့ရဲ့ Player ဘဝကို 2012 ခုနှစ်မှာ Fnatic အသင်းနဲ့အတူ စတင်ခဲ့ပြီး နောက်မှာတော့ Team Secret, Cloud9, monkey business, OG စတဲ့အသင်းတွေမှာ ကစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။OG အသင်းနဲ့အတူ 2018 နဲ့ 2019 တို့မှာ Ti ရခဲ့ပြီးတော့ Major Championships 4 ခုမှာ လည်း အနိုင်ရခဲ့ဖူးပါတယ်။


No.2 JerAx

Notail လို Dota 2 player ဖြစ်တဲ့ JerAx ဟာလည်း Us Dollar ၆သန်းကျော်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။သူ့ရဲ့နာမည် အရင်းကတော့ Jessee Vainika လို့ခေါ်ပါတယ်။Finland နိုင်ငံသားဖြစ်ပြီးတော့ မေလ၇ရက် ၁၉၉၂ က မွေးတာမလို့ အသက် ၃၀ ပြည့်ပါပြီ။နောက်ဆုံးအနေနဲ့ Team liquid မှာ support player နဲ့ coach အဖြစ် ဆော့ကစားခဲ့ပါတယ်။Rat in the dark,QPAD Red Pandas,4 Anchor,Team Tinker,MVP Hot6ix,5Jungz နဲ့ Team liquid တို့မှာ ဆော့ခဲ့ဖူးပါတယ်။Ti 2019 Ti 2018 Kiev major 2017,Epicenter 2016နဲ့ Boston major 2016 တို့မှာ 1st place ရခဲ့ဖူးပါတယ်။


No.3 ana

Anna ဟာလည်း Us dollar ၆သန်းကျော်နဲ့ ဝင်ငွေအများဆုံးစာရင်းရဲ့ တတိယနေရာမှာ ရပ်တည်နေတဲ့ Dota 2 player ပဲ ဖြစ်ပါတယ်။နာမည်အရင်းကတော့ Anatham Pham ပါ။Austrila နိုင်ငံသားဖြစ်ပြီး Oct 27 1999 မှာ မွေးခဲ့တာမလို့ ၂၃နှစ်ပဲ ရှိပါသေးတယ်။Carry နဲ့ Solo Mid Player တစ်ယောက်ဖြစ်ပါတယ်။Mobility Gaming,Invictus Gaming,Team World,Echo International,OG နဲ့ T1 တို့မှာ ဆော့ခဲ့ဖူးပါတယ်။Ti 2018 Ti 2019 နဲ့ Major Tournament 2 ခု မှာ အနိုင်ရခဲ့ဖူးပါတယ်။


No.4 Ceb

Dota 2 player ceb ဟာ Us dollar ၅သန်းကျော်နဲ့ No.4 နေရာမှာ ရပ်တည်နေပါတယ်။နာမည်အရင်းကတော့ Cebastien Felix Albert Ceb ဖြစ်ပါတယ်။France,Lebanon နိုင်ငံသားဖြစ်ပြီး ၁၉၉၂ မေ ၁၁ မှာ မွေးတာမလို့ အသက်ကတော့ ၃၀ ရှိပါပြီ။OG မှာ Offlaner နဲ့ နည်းပြအဖြစ် နောက်ဆုံးဆော့ခဲ့တာပါ။Team Shakira,Western wolves,mTwDD dota,Quantic,Sigma.int,Terra firma esport,Denial Esports,Basically Unknown,Fire,Champion of summer’s rift,Alliance,Monkey freedom fighter,Kai pi တို့မှာလည်းဆော့ခဲ့ဖူးပါတယ်။2019 August 25 ကစပြီးတော့ နှစ်ကြိမ်ဆက်တိုက် အနိုင်ရတဲ့ Ti winner တစ်ယောက်လဲ ဖြစ်လာခဲ့ပါတယ်။


No.5 Topson

အပေါ်ကပြောခဲ့တဲ့ ၄ယောက်လိုပဲ Dota 2 player ပဲဖြစ်တဲ့ Topson ကတော့ Us dollar ၅ သန်းကျော်နဲ့ နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။နာမည်အရင်းကတော့ Topias Miikka Tavitsainen လို့ခေါ်ပါတယ်။Finland နိုင်ငံသား ဖြစ်ပြီး ၁၉၉၄ april 14 မှာ မွေးခဲ့တာမလို့ အသက်ကတော့ ၂၈ နှစ်ရှိပါပြီ။ Solo mid player အနေနဲ့ ဆော့ကစားနေပါတယ်။Sfte Esports,No rats,5 Anchors no captain,T1 တို့မှာ ဆော့ခဲ့ဖူးပါတယ်။Topson Ceb နဲ့ တူတူ Ti ၂ကြိမ်ရခဲ့ဖူးတဲ့ Player လည်းဖြစ်ပါတယ်။ ဒါကတော့ ဝင်ငွေအများဆုံး Esports player ၅ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ နောက်ထပ်လည်း ဗဟုသုတရစရာ Esports အကြောင်းအရာတွေကို တင်ဆက်ဖော်ပြပေးသွားမှာဖြစ်လို့ Mahar Esports ကို See First လုပ်ထားဖို့ မမေ့နဲ့နော်…

#mahar_esports #mahar_esport #dota2 #mostearnedplayers #dota2players

Leave a Reply