Counter Strike 2 ဟာ မျှော်လင့်ထားသလိုတကယ်ဖြစ်လာမှာလား????
                    အားလုံးပဲရှေ့ရက်က surprise တိုက်သွားခဲ့တဲ့ valve ရဲ့ desktop ပေါ်က app icon လေးနှစ်ခု အကြောင်း ကိုသိပြီးကြပြီလား? Riot ရဲ့ထူးခြားကောင်းမွန်တဲ့ characters တွေနဲ့ လှပတဲ့ skill effects တွေပါ၀င်တဲ့ Valorant ပေါ်လာတည်းက FPS gamer တော်တော်များများဟာ ကျွန်တော်တို့ငယ်ဘ၀ အမှတ်တရဖြစ်တဲ့ Counter Strike ကိုကျောခိုင်းသွားခဲ့ကြတာဖြစ်ပါတယ်။ Valve ရဲ့စီးပွားရေးဆန်ဆန် အကြောင်းတွေကြား ဦးစားမပေးခံရတဲ့ CS:GO ဟာ FPS shooting game ကစားသမားတွေကျဆင်းလာခဲ့ပါတယ်။ မနေ့က Valve ဟာသူတို့ social platform တော်တော်များများမှာ CS:GO နဲ့ CS2 ဘေးချင်းယှဉ်ထားတဲ့ icon နှစ်ခုကို screenshot နှင့်တင်ခဲ့ပြီး နိုင်ငံတကာ FPS gamer တွေကြားစိတ်၀င်စားစရာ ဖြစ်ခဲ့ပါတယ်။‌ 2017 နဲ့နောက်ပိုင်းနှစ်တွေအတွင်းမှာတောင် CS:GO ဟာလူဆော့အများဆုံး online game တွေထဲကတစ်ခုအဖြစ်ရပ်တည်နေခဲ့တာပဲဖြစ်ပါတယ်။
                ဒီကနေ့မှာတော့ valve ဟာ Counter Strike ကိုပိုကောင်းတဲ့အသွင်အပြင်တွေနဲ့ စတင်ချပြသွားပြီပဲ ဖြစ်ပါတယ်။ ကြေညာပြီးပြီးချင်းသိပ်မကြာခင်မှာပဲ shooting FPS game တွေရဲ့ဆရာတဆူ Twitch streamer Shroud နှင့်အခြား CS:GO Pro players အများစုက Twitch မှာ stream ရင်းဆော့ပြခဲ့ပါတယ်။ ဒီ pro players တွေကိုပြန်ဆော့ခိုင်းပြီးလူစိတ်၀င်စားစရာဖြစ်အောင်ကြိုးပမ်းခဲ့လားမသိပေမယ့် သူရဲ့သိသိသာသာ ပြောင်းလဲထားတဲ့ Map တွေရဲ့ graphic အပြောင်းအလဲကတော့ပိုကောင်းမွန်လာတဲ့အပြင် reality ဆန်လာဝာာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါအပြင်သူရဲ့ထပ်ပြီး upgrade လုပ်ထားတဲ့ Environment Effects တွေ Game play visuals တွေကလည်းအရင်ထပ်ပိုပြီးမိုက်လာတာကိုတွေ့ရဦးမှာပါ။ Environment Effects တွေထဲမှာမှ လက်ပစ်ဗုံးပေါက်ကွဲထွက်လာတာကအစအသေအချာလေးအနုစိတ်ပြုလုပ်ထားပါသေးတယ်။ visual ကိုအသားပေးလာတာဖြစ်တဲ့အတွက် smoke ပစ်လိုက်တဲ့အခါအရင်လိုမီးခိုးစုကြီးဖြစ်မလာတော့ပဲ တကယ့်အပြင်ကအတိုင်းပြင်ဆင်ရေးဆွဲထားတာကိုတွေ့ရပါတယ်။ explosion တွေအပြင်ကိုမှ Counter Strike players တွေအသုံးများတဲ့ Molotov လိုဗုံးမျိုးကိုတောင်ပေါက်ကွဲမှုကအစအသေအချာလေးပြောင်းလဲထားပါတယ်။
                ဒါတွေအပြင် ဒီ Counter Strike 2 မှာ လမ်းလျှောက်တဲ့အခါအရင်လိုပုံသေငြိမ်နေတာမျိုးမဟုတ်တော့ပဲ သူရဲ့ movement speed အတိုင်းအနည်းငယ်လှုပ်ရှားနေတာတွေ Gun recoil တွေကပိုလက်တွေ့ဆန်လာတာတွေကိုပါရှင်းရှင်းလင်းလင်းပြသသွားပါတယ်။ထပ်ပြီးတော့သူတို့ sound system ကို လည်းပုံမှန်ထပ် ပိုကောင်းတဲ့အခြေအနေတစ်ခုကိုပြောင်းလဲထားပြီး ဂိမ်းအတွင်းခြေသံများနှင့်အသံထွက် တော်တော်များကို အရင် ထပ်ပိုရှင်းလင်းပြတ်သားစွာကြားရတော့မှာပါ။ လက်ရှိတော့စမ်းသပ်ဖို့အတွက်သူတို့လက်ခံထားတဲ့ players အနည်းစုကလွဲရင်ကျန်တဲ့ players တွေအတွက်ပေးဆော့ထားချင်းမရှိသေးပါဘူး။ စမ်းသပ်နေဆဲ ပုံစံမျိုး ဖြစ်လို့လက်ရှိသူတို့ရဲ့လက်တွေ့ဆန်ဆန် Graphic နဲ့ reality effects တွေပြချပြထားပါသေးတယ်။ နောက်ရော gamer တွေလက်ထဲမထည့်ခင်အထိဘာတွေဆက်ပြီး ပြောင်းလဲထားဦးမလဲဆိုတာ စောင့်ကြည့် ရဦးမဲ့ အနေအထားပါပဲ။ ကျွန်တော်တို့လို့ Fps shooting game တွေကြိုက်တဲ့သူတွေအတွက် ငယ်ဘ၀ အမှတ်တရ တွေဖြစ်ခဲ့ရတဲ့ဒီ counter strike ဂိမ်းလေးဟာအခုဆို 2023 မှာထပ်ပြီးလူဆော့များတဲ့ဂိမ်း ပြန်ဖြစ် လာမလား? လက်ရှိအချိန်မှာဒီ CS2 ကို beta test ကိုလူတွေစမ်းသပ် ဆော့ကစားရန်ဖွင့်ပေးနေတယ်လို့ သိရပါတယ်။ ဒါကြောင့်မျှော်လင့်ထားသလိုပြန်ပေးနိုင်တဲ့ဂိမ်းဖြစ်လာမလားဆိုတာဆက်လက်စောင့်ကြည့်ရမဲ့ထဲကတစ်ခုဖြစ်လာပါတယ်။

Leave a Reply