ယခုနှစ်ထဲမှာ Valorant Mobile တကယ်ပဲ ထွက်လာတော့မှာလား??????
![](https://maharesports.com/wp-content/uploads/2023/02/valorant-mobile-ဟာ-တကယ်ထွက်မှာလား-For-website-773x380.png)
ဒီနှစ်ထဲမှာ အထူးသဖြင့် Valorant Player တွေ အနေနဲ့ မျှော်လင့်တကြီး စောင့်မျှော်နေခဲ့တဲ့ Valorant Mobile ရဲ့ Leak တော်တော်များများတွေ့နေရပြီး China မှာလည်း Beta Test အနေနဲ့ မြင်တွေ့လာခဲ့ရပြီဖြစ်ပါတယ်။ Valorant Mobile ဟာဆိုရင် ယခင်က ထွက်ထားခဲ့ဖူးတဲ့ Call Of Duty : Warzone နဲ့ Mobile လိုမျိုး ကွာခြားမှု သိပ်မရှိပဲ ထွက်လာဖို့ရှိပြီးတော့ နောက်ထပ်စိတ်ဝင်စားစရာ ကိစ္စတစ်ခု ရှိနေပါသေးတယ်။
အဲ့ဒါကတော့ PC နဲ့ Mobile ဟာ Lobby တစ်ခုထဲမှာ တွဲဆော့လို့ရနိုင်မလား??ဆိုတာပါပဲ ။ Mobile Game တော်တော်များများ ကို Leak လုပ်နေတဲ့ SARGE အမည်ရှိတဲ့ Twitter အကောင့်ကနေ ဒီကိစ္စနဲ့ ပတ်သက်ပြီး Riot Games ဘက်က ကြိုးစားလုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ် ။ နောက်ပြီး Valorant Mobile ကို Gyroscope နဲ့ ကစားနိုင်တယ်လို့ ဖော်ပြထားပြီး Global Launch ကိုတော့ ဒီနှစ်အတွင်း ထွက်လာလိမ့်မယ်လို့ ဆိုထားပါတယ် ။ ဒီရက်ပိုင်းမှာလည်း Valorant Mobile နဲ့ ပတ်သက်တဲ့ China Version Beta Test Gameplay တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့လာရတာဆိုတော့ Valorant Mobile ဟာ ဒီနှစ်အတွင်းမှာ တကယ်ပဲ ထွက်လာတော့မှာလား ၊ ထွက်လာရင်ရော PC နဲ့အတူ Lobby တစ်ခုထဲမှာ တွဲဆော့လို့ရမှာလားဆိုတာကို စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ် ။
Valorant Mobile ကိုစောင့်မျှော်နေတဲ့ ပရိသတ်တွေရော ဂိမ်းရဲ့အခြေအနေက ဘယ်လိုထင်လဲဆိုတာ??? ကိုယ့်ရဲ့ အမြင်လေးတွေကို Comment Box မှာ ပြောပေးသွားကြပါဦးနော်……