ပုံစံကောင်းတွေပြသနေတဲ့ Team Myanmar Falcon က Onic ကို ချိုးပစ်မလား?
![](https://maharesports.com/wp-content/uploads/2023/01/falcon-က-onicကိုချိူးပစ်မလား-773x380.png)
ဘယ်သူမှမထင်ထားတဲ့ရလဒ်တွေနဲ့ Blacklist International အပြင် တွေဆုံမှုတစ်ကြိမ်မှာ ရှုံးနိမ့်ခဲ့တဲ့ Turkey Esports အသင်းတစ်သင်းဖြစ်တဲ့ Incendio Supremacy ကို Tie Break ပွဲစဉ်တွေမှာ အနိုင်ယူနိုင်ခဲ့ပြီး အုပ်စု(A)ရဲ့ Tie Break System အရ အမှတ်အများဆုံး Blacklist International ကိုပါ ထပ်မံအနိုင်ယူပြလိုက်တဲ့ အုပ်စုဗိုလ် Falcon Esports က Todak တစ်သင်းကိုသာ ရှုံးနိမ့်ခဲ့တဲ့ အုပ်စု(B)ရဲ့ ဒုတိယဖြစ်တဲ့ Onic Esports နဲ့ Upper Bracket ပွဲစဉ်အဖြစ် မနက်ဖြန်မှာ ယှဉ်ပြိုင်ကြရတော့မှာပဲ ဖြစ်ပါတယ် ။
(၂)သင်းစလုံးက Local Qualifier ပွဲတွေမှာ သောင်းကျန်းခဲ့ပြီး Champion အသီးသီး ဆွတ်ခူးထားတဲ့ အသင်းတွေ ဖြစ်တာနဲ့အညီ ပြိုင်ပွဲကလည်း မြိုင်ဆိုင်နေဦးမှာ သေချာပါတယ် ။ Falcon ဘက်ကလဲ Coach Dale နဲ့ SayarGyi ရဲ့ Draft တွေနဲ့ UBE Style ကို ဖြတ်ပြခဲ့ပြီးပါပြီ ။ တစ်ဖက်မှာလည်း Onic အသင်းက အုပ်စုတွင်း ခက်ခဲတဲ့ ပြိုင်ဘက် Todak တစ်သင်းထဲ ရှိတာတောင် ရှုံးနိမ့်ခဲ့ရပြီး Malaysia MPL Champion ဖြစ်တဲ့ Team HAQ နဲ့ Singapore MPL Champion RSG Singapore တို့က Lower Bracket မှာ စောင့်နေနိုင်တာကြောင့် ရုန်းကန်လာနိုင်တဲ့ အနေအထားပါ ။ တစ်ချိန်ထဲမှာပဲ M3 Champion Blacklist ကို အနိုင်ရရှိထားတဲ့ Falcon ကပဲ Upper Bracket နောက်တစ်ဆင့်တက်သွားမလား?? ၊ Onic Esportကပဲ Localမှာ ချပြခဲ့တဲ့ အကောင်းဆုံး လက်စွမ်းတွေကိုပြသပြီး နောက်တစ်ဆင့်တက်နိုင်မလား??? ဆိုတာ စောင့်ကြည့်ရတော့မှာပါ ။
ဒါကြောင့် January 7ရက်နေ့ နေ့လည် ၁:၃၀မှာ ယှဉ်ပြိုင်ရမဲ့ Falcon Esports Vs Onic Esportsတို့ရဲ့ ပွဲစဉ်ဟာ စောင့်ကြည့်ချင်စရာကောင်းတဲ့ ပွဲကောင်းတစ်ပွဲဖြစ်မှာ အမှန်ပါပဲ ။ ပရိသတ်တို့ရော ဘယ်လိုထင်လဲ ?
ယခုလိုပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ M4 World Championship ပွဲစဉ်တွေကို တိုက်ရိုက် ( Live ) ကြည့်ရှုနိုင်ဖို့ အတွက် Mahar Esports TV ရုပ်သံလိုင်းမှာ ဆက်လက်စောင့်ကြည့်ပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။