ကံမကုန်လို့ ပြန်ဆုံကြတဲ့ Falcon Esports နဲ့ Incendio Supremacy
![](https://maharesports.com/wp-content/uploads/2023/01/0-02-06-d7d9d2fe95e02e09f2c16b3a2a5be305fdd79c4dd58b3c9e13a4d7d045826ef0_35537ab4443d683-773x380.jpg)
Group A မှာ တစ်အုပ်စုထဲ ကျရောက်ခဲ့ကြတဲ့ Falcon Esports နဲ့ Incendio တို့ဟာ အမှတ်တူလို့ Tie Breakerမှာ Falcon က Incendio ကို Lower Bracket ဆင်းရအောင် အနိုင်ယူခဲ့ပြီးတော့ အခုတစ်ခါမှာလည်း ကျွန်တော်နဲ့ သူမလို ရေစက်ဆုံခဲ့ရပြန်ပါတယ် ။
Falcon Esports ကလည်း နိုင်ငံကိုယ်စားပြု S 11 Gaming, Argentina အသင်းကို 2-0 နဲ့ ဒိုင်ပွဲရပ် ကစားနိုင်ခဲ့ပြီးတော့ Incendio အနေနဲ့ကလဲ မလေးရှား Champion ကို လေယာဉ်လက်မှတ်ဖြတ်ပြီး ပြန်ပို့ပေးနိုင်ခဲ့ပါတယ် ။
၂သင်းလုံးရဲ့ တွေ့ဆုံမှုကို ကြည့်ရရင်လည်း တစ်ကြိမ်စီ အနိုင်ယူထားနိုင်ခဲ့ပြီး လက်ရည်အရလည်း ပြတ်သားနေတဲ့ ရလဒ်မျိုး မထွက်ခဲ့ပါဘူး ။ သူမနဲ့ ရေစက်ဆုံသလို ဖြစ်ခဲ့ပေမယ့် ကိုယ့်ရည်းစား သူများနဲ့ညား ဆိုသလို Falcon က Incendio ကို အနိုင်ယူပြီး M4 အိမ်မက်ကို ဆက်မက်နိုင်မလားဆိုတာကို မနက်ဖြန် နေ့လည် ၁နာရီခွဲ အချိန်တွင် Mahar Esports ရဲ့ Facebook Page, YouTube Channel နဲ့ TV Channel တို့မှာ တိုက်ရိုက် (Live)ထုတ်လွှင့် ပြသသွားမှာပဲဖြစ်ပါတယ်။