Zino Lilies Team Disqualified at MPC Tournament
ပြီးခဲ့တဲ့ Cyanide Ultra Vs Zino Lilies အသင်းနှင့်ပွဲစဉ်တွင် Zino Lilies ဘက်မှ အသင်းသားများအနေဖြင့် ကစားနေစဉ်အတွင်း ကျန်းမာရေးအခြေအနေကြောင့် ၎င်းတို့အနေအဖြင့်ဆက်မပြိုင်နိုင်တော့သောကြောင့် အသင်းသားများအားလုံးသဘောတူညီချက်ဖြင့် Disqualify ပြုလုပ်ခဲ့တယ် ။ ထို့ကြောင့် Cyanide Ultra အသင်းအနေဖြင့် အနိုင်ရရှိခဲ့ပြီး Grand Final Bo7 ပွဲစဉ်တွင် Burmese Ghouls Reinas အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည် ။ Grand Final ပွဲစဉ်ကိုတော့ ယနေ့ညနေ ၄ နာရီတွင် Mahar Esports TV ရုပ်သံလိုင်း ၊ Mahar Esports Page နှင့် Youtube Channel တို့မှ တိုက်ရိုက် ( Live ) ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ် ။ ဒါကြောင့် ဘယ်အသင်းကများ ချန်ပီယံဆုကိုရယူပြီး ဂျကာတာမှာကျင်းပမယ့် MLBB Women’s Invitational (2023) ပြိုင်ပွဲကြီးကိုတက်ရောက်ခွင့်ရသွားမလည်းဆိုတာ Mahar Professional Championship (Women’s Tournament) ပြိုင်ပွဲကြီးမှာ စောင့်မျှော်အားပေးကြပါဦး……

Leave a Reply