Burmese Ghouls Vs Cyanide Ultra ( MPC Tournament Grand Final Result )
Congratulations Burmese Ghouls Reinas အားလုံးပဲကြည့်ရှုအားပေးခဲ့ကြတဲ့ Mahar Professional Championship ( Women’s Tournament ) ကြီးရဲ့ Grand Final ပွဲစဉ်ကြီးကတော့ ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ် ။ Cyanide Ultra အသင်းနဲ့ Burmese Ghouls Reinas အသင်းတို့အနေနဲ့ Bo7 အထိ အကြိတ်အနယ်ဆော့ကစားခဲ့ကြပြီး Burmese Ghouls Reinas အသင်းအနေနဲ့ 4 – 3 ဆိုတဲ့ ရလဒ်နဲ့ Cyanide Ultra အသင်းကို အနိုင်ရရှိခဲ့ကာ ချန်ပီယံဆုကိုဆွတ်ခူးပြီး အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာကျင်းပမယ့် MLBB Women’s Invitational ( 2023 ) ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအနေနဲ့ တက်ရောက်ခွင့်ရခဲ့ပြီပဲဖြစ်ပါတယ် ။ M4 ပွဲစဉ်များကိုတော့ လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ Mahar Esport TV ရုပ်သံလိုင်း ၊ Mahar Esports Page နှင့် Mahar Esports Youtube Channel တို့မှလည်း တိုက်ရိုက် ( Live ) ထုတ်လွှင့်ပြသသွားမှာဖြစ်မည့်အပြင် ဂျကာတာမြို့မှာကျင်းပမယ့် MLBB Women’s Invitational ( 2023 ) ပြိုင်ပွဲကြီးကိုလည်း ပြသသွားမှာဖြစ်လို့ မလွတ်တမ်းစောင့်မျှော်အားပေးကြပါဦး ။

Leave a Reply